လမ်းအိုလေး

Løøps of Resistance …

FB_IMG_1443932318936_1443945925290


Leave a comment

မူရာကာမိများအတွက် သောကြာနေ့ (ခင်အောင်အေး)

အဲဒီကိစ္စဟာ မရှင်းဘူး ရှင်းပြနေတာကိုက မရှင်းတာ
ဥပမာ နေရောင်ခြည်ထဲ ရောဂါပိုးတွေ တွေ့တယ်ဆိုတာမျိုး
ဖိနပ်ထဲ ပူးလေးတစ်ကောင်ဝင်ပြီးတော့ ၀ပ်နေတယ်ဆိုတာမျိုး
အများအားဖြင့် သောကြာနေ့တွေမှာ လပ်လျားလပ်လျား ပါပဲ
စုံမ ၀ှက်တမ်းကစားသလို ပြုံးဖြီးဖြီးကြီးနဲ့ လမ်းရဲ့ထောင့်ချိုးမှာ
ကွေးကောက်နေခဲ့တယ် ဒါမှမဟုတ်ရင် ကွေ့ကောက်နေတာလဲ
ဖြစ်နိုင်တာပါပဲ ဘာကမှ ရေရာတယ် တိကျတယ်ရယ်လို့မှ မရှိတာ
တစ်နေရာရာမှာ အမြီးအမောက်မတည့်မှုဟာ ဟိုဖက်စာမျက်နှာကျ
သံလွင်ဆီ အစိမ်းရောင် မီနီစကတ် နောက်တစ်နေရာမှာ ကပေါက်တိ
ကပေါက်ချာနိုင်မှုဟာ ဟိုဖက်ရပ်ကွက်ထဲကျ ‘အက်စ်ချလာ့စ်ရဲ့အလွမ်း
ပြဇာတ်များ’ မိုးတွေ ရုတ်တရက် ရွာကျ မလာဘူးလို့ ဘယ်သူက အာမခံ
နိုင်မှာ မို့လို့လဲ ကျုပ်လည်းတွေးတာပဲ သွားကြားထိုးတံ ၁၇ ချောင်းတိတိ
ကုန်သွားတယ် မရေရာဘူး မရေရာဘူး ဘာမှ မရေရာဘူးလို့ အဓိပတိ
အထူးဘတ်စ်ကားပေါ်မှာ ရေရွတ်ရင်း ဒရောသောပါး အူတိအူကြောင်ဖြစ်ခြင်း
ဟာ သိမှုရဲ့ဘယ်ဖက်အံဆွဲထဲကနေ အန်ကျလာတယ် ဆီးအိမ်တင်းလာပြီး
အနံ့ပြင်းတဲ့ ကော်ဖီတစ်ခွက်လို ဒါမှမဟုတ် ‘ရွှေဖရုံသီးညောကီ’ တစ်ပွဲလို
သူ့ပေါင်ပေါ်မှာထိုင်နေတဲ့ကောင်မလေးရဲ့ ဘရာစီယာချိတ်ကိုစမ်းနေခဲ့တယ်
နားတစ်စုံက ဆကုရ တာဝါ အပေါ်ထပ်က ကဖေး ဘရစ်စတိုမှာ ချိတ်လို့
တကယ်တမ်းပြောကြကြေးဆိုရင်တော့လည်း ကျွန်တော့်အနေနဲ့သောက
ကင်းဝေးသလို နေနိုင်တယ် အပူအပင်မရှိဘူး လျှာမှာအရိုးမရှိသလိုပဲပေါ့
နောက်ပြီးတော့ သွားလေရာဆောင်သွားဖို့ တွယ်ချိတ်တစ်ချောင်းရယ်
တရုတ်ပဲမုန့်သေးသေးလေးတွေရယ် ဟိုး အိမ်ထောင်ကျကာစကတည်း
က မပျောက်မပျက်သုံးစွဲလာတဲ့ နားဖာကလော်ရယ် ဒီကနေ့အိပ်ယာက
စောစောမထဖြစ်ဘူး အိပ်ယာဘေးမှာ စာအုပ်တွေ မဂ္ဂဇင်းတွေ ဓါတ်ပြား
တွေ ခဲတံနဲ့ ဆွယ်တာ ပြီးတော့ သစ္စာရှိတဲ့ ပြီးပြည့်စုံခြင်းမရှိမှု အားလုံး
ဟာ တစ်ခုနဲ့တစ်ခု သိပ်ပြီးတော့ မကွာခြားလှချေဘူး တကယ်လို့များ
ကြံစည်တဲ့အတိုင်းဖြစ်ရင်တော့ ဒီသောကြာနေ့မှာ အလုပ်မဆင်းဘူး။ ။

၂၅ ဇူလိုင် ၂၀၁၄ ကျောက်မြောင်း၊ ရန်ကုန် ၁၀း၂၇ နာရီ


( အက်ပီဖနီ – ခင်အောင်အေး။ ၂၀၁၅ – လှေကားစာပေ။)

FB_IMG_1443932318936_1443945925290


Leave a comment

ခွာနာလျှာနာ (ခင်အောင်အေး)

အလစ်ချောင်းမှုဟာ ကြီးထွားလာတဲ့အခါ
အီဖယ်လ် မျှော်စင်ကြီး ဖြစ်လာတော့တာပေါ့

ပေါင်မုန့်အစအနလေးများနဲ့ လမ်းရှာခဲ့သလို
ဘာလင်၊ ပါရီ၊ ဘယ်လ်ဂျီယန်နဲ့ ဥရောပနိုင်ငံတချို့

တကယ်တမ်းပြောရတော့မယ်ဆိုရင် ဘယ်ကစပြောရမှန်း
မသိဖြစ်ရမြဲ ထူလဗျစ်ဝက်ခြံလို ချည်ခင်အစအနများ

အယုဒ္ဓယမြို့ဟောင်းရဲ့ အချို့နေရာမှာ ခမ်းနားခြင်းတွေ
ရှေ့ဆောင်လေဆိပ်ဝန်ဆောင်မှု ကဗျာကို စာလုံးပေါင်းရန်

နေ့အပူချိန်များ အထူးမြင့်မားလာခိုက် မှာ ကွန်မြူနစ်ပြောက်
ကျားများက ဖိလစ်ပိုင်မြို့တော်ဝန်တစ်ဦးကို ပစ်သတ်ခဲ့တယ်

ဘယ်မှာမဆို အချစ်ဟာ သေးသိမ်လွန်းတယ် တိုင်း ဒေသကြီးမှာ
ပဲဖြစ်ဖြစ် ဘာလီကမ်းခြေ တစ်နေရာရာမှာပဲဖြစ်ဖြစ် ဒါမှမဟုတ်

ထုတ်လုပ်ရာမှ လွင့်လာသည့် အမှုန်အမွှားများ သတ္တုရိုင်းများအား
သူ့ဝက်အူချောင်းက နည်းနည်းနောနောကြီး မဟုတ်ပါဘူး

နာကြည်းချက်မြို့တော်နဲ့ ကီလီယိုပက်ထရာတေးဆီးရီး
အီနာဂါကီသည် မိခင်ကို ရေနွေးအိုးဖြင့် ထုသတ်ပြီးနောက် —

၎ မေလ ၂၀၁၄ ဗဟိုရ်လမ်း၊ ကျောက်မြောင်း ၂၀း၄၄ နာရီ


( အက်ပီဖနီ – ခင်အောင်အေး။ ၂၀၁၅ – လှေကားစာပေ။)

FB_IMG_1443932318936_1443945925290


Leave a comment

အက်ပီဖနီ (ခင်အောင်အေး)

တခါခါကျတော့လည်း ၀မ်းနည်းမိသလိုလို ရင်နာမိသလိုလိုခံစားရ။
ဘ၀မှာ ကဗျာနဲ့ ငြိတွယ်ခဲ့မိရတဲ့ အပေါ်မှာပေါ့။ ဘယ်သူမှ ရိုက်နှက်ပြီးတော့ ခိုင်းခဲ့တာ မဟုတ်ပါဘူး။ သွေးဆောင်ဖျားယောင်းခံရတာလည်း မဟုတ်ခဲ့ပါဘူး။ ကိုယ်တိုင်က အလိုတူအလိုပါ၊ လူတွင်ပါလို့
နွားကျားကိုက် ဆိုသလိုပေါ့လေ။

– ခင်အောင်အေး

ချွေးတွေသံတွေနဲ့ပါ …. အက်ပီဖနီ
အယ်လင် နွံတောကြီးဆီမှာ ကျဆင်းနေ (ဖြည်းဖြည်းချင်းပဲ)
ဟိုအနောက်တစ်ကြောက ရှန်နန်တောင်ကြောမှာလည်း (ဖြည်းဖြည်းချင်း ကျနေတယ်)
ဗျာဒိတ်သဘောဖြင့် မယူတော့ပဲ ဖော်ထုတ်ခြင်း ‘မင်းကို ကိုယ်ချစ်တယ် အက်ပီဖနီ’
ဗျာဒိတ်သဘော မဟုတ်လည်းပဲ မင်းကိုကိုယ် ချစ်နိုင်ပါတယ်
ကောင်းကောင်းကြီး ချစ်နိုင်ခဲ့တယ် အလွန်အကျွံကို ချစ်နိုင်ခဲ့တယ်
မော်တော်ကား မောင်းသွားတဲ့ လမ်းတစ်လျှောက်လုံးမှာ ကိုယ်ချစ်နေခဲ့တယ်
ဒါတင် ဘယ်ကဦးမလဲ ရှန်နန်တောင်ကြောကို ဖြတ်ဆင်းသွားပြီးတဲ့နောက်မှာလည်း မင်းကိုချစ်နေဆဲပဲ
မင်းကိုချစ်တဲ့ အချစ်ဟာ တောင်ပေါ်ရှေးဟောင်း Church တစ်ခုက
အဆက်မပြတ် ထိုးလိုက်တဲ့ ကြေကွဲခေါင်းလောင်းသံလိုပဲ
ရုတ်တရက် နားလည်လိုက်ရခြင်းကို ပုတီးလို မင်းလည်မှာ ဆွဲထားတယ်
တုံ့နှေးနှေး ထုံ့ပိုင်းပိုင်း ဘယ်ကိုမှမရောက်မယ့် ခရီးဆီ ကိုယ်တို့ ပျံသန်းဖို့ အရှိန်ယူခဲ့ကြ
အခြေခံသိမှတ်ခံစားနိုင်မှုမှာ အခြေပြုထားပြီးတော့ ကိုယ်တို့ ဖုန်းထဲမှာ ပြောကြတယ်
ဇန်နဝါရီ ၆ ရက်နေ့ မင်းသုံးပါးပွဲမှာ ပြန်ဆုံကြရအောင် အက်ပီဖနီ (ချိန်း ဆိုခဲ့ဖူးတယ်)
Continue reading

ရန်ကုန်မှတ်စုများ (မိုးဝေး)


Leave a comment

ရန်ကုန် (မိုးဝေး)

ကျွန်တော်တို့ ကျင်လည်ခဲ့တဲ့ အလုံလမ်းတစ်ဝိုက်ဟာ ခုလို အဆောက်အအုံတွေ၊ ကားတွေနဲ့ ပြည့်ကျပ်မနေသေးဘူး။ ခုလို ကဗျာစာအုပ်တွေ များစွာ များစွာ ထွက်နေတဲ့ ကာလကနေ ပြန်ကြည့်ရင် အတော့်ကို အသက်ရှူ​ချောင်တဲ့ နှစ်ကာလများ​ပါပဲ။ ပျော်ရွှင်စရာ နေ့ရက်များပါပဲ။ သို့သော် ကဗျာထဲမှာ မပျော်ရွှင်တဲ့ ကျွန်တော့်ကို တွေ့ရပါလိမ့်မယ်။ ကျွန်တော့်လိုပဲ၊ လက်ဖက်ရည်ဆိုင်တွေ​ထဲမှာ ဆေးပေါ့လိပ်​တစ်လိပ်နဲ့ နှစ်ပေါင်းများစွာ ထိုင်နေခဲ့​ဖူးကြပါလိမ့်မယ်။ ကျွန်တော့်​ကဗျာတွေဟာ အဲသလို မိတ်ဆွေများအတွက် ရည်ရွယ်ပါတယ်။ ကျွန်တော့်​ကဗျာတွေဟာ ကဗျာဖတ်သူ မျိုးစုံအတွက် မဟုတ်နိုင်ပါဘူး။ ဒီလောက်​မြန်နေတဲ့ ခေတ်ကာလကြီးထဲမှာမှ တွေးနေငေးနေရတာကို ကျွန်တော်​ အလွန်​နှစ်သက်ပါတယ်။ ဟုတ်ပါလိမ့်မယ်။ ကျွန်တော်ဟာ ဒီခေတ်​ကာလကြီးနဲ့ မအပ်စပ်တဲ့သူပါ။ ကျွန်တော့်မှာ ခေတ်ပြိုင်​အတွေးအခေါ်တွေ မရှိပါဘူး။ ကျွန်တော်ဟာ အချိန်ရရင် ရသလို ဘူတာရုံဟောင်းတွေ၊ အဆောက်အအုံဟောင်းတွေ၊ ရေနံချေးရောင် မည်းနေတဲ့ သွပ်မိုးသစ်ကာ အိမ်ရှေ့မှာ စက္ကူပန်းရုံတွေနဲ့ ကမ္ဘာကြီးကို ပိုမက်မောသူပါ။ ဒီအတွက် ‘မှတ်စုများ’ကို ရေးပါတယ်။ ‘ရန်ကုန်’ကို ရေးပါတယ်။

– မိုးဝေး

နာရီသံချောင်းခေါက်သံတွေ ကြားနေရတယ်
မနက် ၂နာရီ ၃နာရီ ငါဟာ အိပ်လို့မပျော်ချင်ဘူး
ရန်ကုန်မြို့ကြီးရဲ့ ဘယ်အရပ်က
အဆောက်အအုံဟောင်းတွေကို ဖြိုဖျက်ဇျက်
ငါဟာ တစ်လမ်းဝင် နောက်တစ်လမ်းကို ဆက်ဝင်
ကွေ့ကွေ့ကောက်ကောက်
နာရီသံချောင်းခေါက်သံတွေ ရှိတုန်းပဲ ကြားနေရတုန်းပဲ
တစ်နေ့မှာ အဟောင်းတွေအားလုံးပဲ ပြန်သစ်ရင်
သစ်သွားလောက်အောင်ပဲ ဖြစ်ဖြစ်
ရင်ထဲမှာ မှုန်ပျပျလင်းနေတဲ့ လမ်းဓာတ်မီးတိုင်များ Continue reading

ရန်ကုန်မှတ်စုများ (မိုးဝေး)


Leave a comment

ပျော်ရွှင်စရာနေ့များ ၁ (မိုးဝေး)

အသစ်တွေ
ဒဏ်ရာဗလပွနဲ့ အသစ်တွေ
ပိတောက်ပွင့်ချိန် ကွန်ကရစ်လမ်း
မိုးတွေ တအားရွာတဲ့နေ့များ စိန်ပန်းနီနီ
ရေစပ်စပ် အတွေးစိတ်စိတ် နေကျဲကျဲ

ငါဟာ ခေတ်နဲ့ကင်းသွားတဲ့ သူ
ငါဟာ တော်တော်ပျော်တတ်တာပဲ
ပြောင်းဖူးခင်းထဲမှာ ထိုင်နေခဲ့တာ အကြာကြီး
တံတားတစ်စင်းကို ကြိမ်ဖန်များစွာဖြတ်
ငါဟာ နောက်နားမှာ ထိုင်နေမိ
Continue reading

ရန်ကုန်မှတ်စုများ (မိုးဝေး)


Leave a comment

ပျော်ရွှင်စရာနေ့များ ၆ (မိုးဝေး)

နေကောင်းရဲ့လား
မမက်တာကြခဲ့ အိပ်မက်လို
မတွေ့တာ ကြာခဲ့ မိတ်ဆွေရဲ့ အမေး
အတော်ပျော်စရာ ကောင်းတာပဲ
နေ အလွန်သာတာပဲ ကား တအား ပိတ်တာပဲ
ငါ ဝမ်းနည်းနေပုံဟာ သူတို့အတွက် ပျော်စရာပါပဲလေ
ပလက်ဖောင်းတွေ အတော်ကျဉ်းလာပုံ ပြောပါတယ်
သတင်းစာတွေ အတော်ထွက်တာနဲ့ တော်တော်ဆင်တာပဲ
ည နှစ်နာရီထိုးတဲ့အထိ ရယ်နေရတယ်

လေယာဉ်ပျံတွေကို လွမ်းတာကလည်း
လေထဲ တိုက်အိမ်ဆောက်တာပဲ မဟုတ်လား
လူသေဟာ မအိပ်ဘူး
အရာရာဟာ မပြောင်းလဲဘူး
ငါ ပျော်ရွှင်စွာနဲ့ လမ်းများအတိုင်း
ငါ ပြောင်းလဲရမယ် ရယ်စရာပဲ
ပြည်သူလို့ ခေါ်ရပြောရအောင် မင်းကလူပြက်လား Continue reading

ရန်ကုန်မှတ်စုများ (မိုးဝေး)


Leave a comment

မှတ်စုများ ၁ (မိုးဝေး)

အိမ်ဆီ ပြန်လာကြတယ်
ပြန်လာကြသူတွေအထဲ
ပြန်စရာ အိမ်မရှိသူတွေလည်း ပါတယ်
တချို့ ပြန်စရာအိမ် ရှိပေမဲ့
ပြန်မလာနိုင်ကြသူတွေလည်း ပါတယ်
အိမ်ဆီတော့ ပြန်လာနေကြတာပဲ
ဟေ့လူ … ခင်ဗျား အိမ်ပြန်ရောက်ပြီလား။

၂၄၊ ၇၊ ၂၀၁၄။


( ရန်ကုန်မှတ်စုများ – မိုးဝေး။ မတ်၊ ၂၀၁၅ – နှစ်ကာလများ။)

ရန်ကုန်မှတ်စုများ (မိုးဝေး)


Leave a comment

မှတ်စုများ ၇ (မိုးဝေး)

မနက် အိပ်ရာကနိုးနိုးချင်း
ရေထဲမှာ တစ်ခုခု ရှိနေတယ်
ဂျပ်ဇ်ဂီတသံ လွင့်နေတယ်
မနက်ဖြန် သူ ပြန်လာမယ်
နှင်းတွေလည်း ကျစပြုနေတယ်
တစ်ဖန် ပြန်အိပ်ပျော်သွားပြန်တယ်
အသက်ရှူသံထဲ ခဏနားပါရစေ
အသက်ရှူသံထဲ ပြေးလွှားနေရတာ ကြာခဲ့ပြီ။

၎၊ ၁၂၊ ၂၀၁၄။


( ရန်ကုန်မှတ်စုများ – မိုးဝေး။ မတ်၊ ၂၀၁၅ – နှစ်ကာလများ။)

ကဗျာ၁၀၀နှင့် ကဗျာဆရာကွယ်လွန်ခြင်း (ကြည်မောင်သန်း)


Leave a comment

သုညမျိုးဆက် (ဂစ်တာတစ်လက်ရဲ့ နာရေး) (လှသန်း)

လပြည့်ညတစ်ည ကွယ်လွန်သွားသည်။ ကြယ်တစ်ပွင့် ကွယ်လွန်သွားသည်။ သစ်ပင်တစ်ပင် ကွယ်လွန်သွားသည်။ ဖန်ခွက်တစ်ခွက် ကွယ်လွန်သွားသည်။ အိမ်တစ်အိမ် ကွယ်လွန်သွားသည်။ လက်ဖက်ရည်ဆိုင်တစ်ဆိုင် ကွယ်လွန်သွားသည်။ လမ်းမတစ်ခု ကွယ်လွန်သွားသည်။ ရေတွင်းတစ်တွင်း ကွယ်လွန်သွားသည်။ ရုပ်ရှင်ရုံတစ်ရုံ ကွယ်လွန်သွားသည်။ ရပ်ကွက်တစ်ခု ကွယ်လွန်သွားသည်။ ဈေးတစ်ဈေး ကွယ်လွန်သွားသည်။ ဘဏ်တိုက်တစ်တိုက် ကွယ်လွန်သွားသည်။ လူတစ်ယောက် ကွယ်လွန်သွားသည်။ လူတစ်စု ကွယ်လွန်သွားသည်။ သင်္ချိုင်းကုန်းတစ်ခု ကွယ်လွန်သွားသည်။ ကဗျာဆရာတစ်ယောက် ကွယ်လွန်သွားသည်။

ကျန်ရစ်သူမှာ ကမ္ဘာမြေကြီးဖြစ်သည်။

ကျန်ရစ်သည်မှာ ကဗျာဖြစ်သည်။

(သရဖူ – ဇွန်၊ ၁၉၉၇။)

ဒီနှစ်နွေဦးပေါက်မှာ
သူငယ်ချင်းဂစ်တာတစ်လက်
ကြိုးတွေ အကုန်ပြတ်ထွက်သွားခဲ့ပြီ

ဂျင်းဘောင်းဘီအဟောင်းတွေလို အရောင်လွင့်
စုတ်ပြဲဖွာလန်
နောက်ဆုံးတော့ ပြာဖြစ်သွားပြီပေါ့

အလေအလွင့် အဖိတ်အစဉ်များတဲ့နေ့တွေမှာ
ငါတို့သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက်
ငါတို့မျိုးဆက်တွေ တစ်ယောက်ပြီးတစ်ယောက်
ပျောက်ဆုံးခဲ့ရတယ်

Continue reading

ကဗျာ၁၀၀နှင့် ကဗျာဆရာကွယ်လွန်ခြင်း (ကြည်မောင်သန်း)


Leave a comment

သူတို့ (လှသန်း)

သူတို့
တစ်ပြိုင်နက် ဆံပင်ရှည်ထားကြ
ဘီးတယ်လ်သီချင်းတွေ နားထောင်ကြ
ခေါင်းလောင်းဘောင်းဘီတွေ ဝတ်ကြ
ဗီယက်နမ်စစ်ကို ဆန့်ကျင်ကြ
သူတို့
အသံသစ်တွေနဲ့ ဧည့်ဝတ်ကျေပြွန်ခဲ့ကြတယ်

သူတို့
တစ်ပြိုင်နက် လက်ဖက်ရည်ဆိုင်ထိုင်ရီဝေကြ
ပင့်ကူအိမ်ထဲက ပိုးကောင်တွေလိုဘဝ
ရုတ်တရက် ဂေါ်ဘာချော့ဗ်၊ ဘာလင်တံတိုင်းနဲ့
အရှေ့ဥရောပကို အာရုံစိုက်မိကြ
သံကန့်လန့်ကာကို ဆွဲဖွင့်ကြ
သူတို့
ကမ္ဘာကြီးကို လက်နဲ့ဆွခဲ့ကြတယ်

Continue reading