လမ်းအိုလေး

beyond chaOs

ကျွန်တော့်ရဲ့ ယခုအချိန်နှင့် အခြားမငြိမ်မသက်မှုများ (လှသန်း) - ဃသလနမ


Leave a comment

ကျွန်တော့်ရဲ့ ယခုအချိန်နှင့် အခြားမငြိမ်မသက်မှုများ (လှသန်း)

၁။
အတောင်ညောင်းနေတဲ့ လင်းတတစ်ကောင်
အရက်ဆိုင်မှာ ထိုင်ဟောင်နေတယ်
ရှောင်ပြေးလို့ လွတ်မတဲ့လား
ရှောင်ပြေးလို့ လွတ်မတဲ့လား
ရှောင်ပြေးလို့ လွတ်မတဲ့လား
ရှောင်ပြေးလို့ လွတ်မတဲ့လား
ကိုယ့်ကိုယ်ကို လွှတ်မချချင်စမ်းပါနဲ့။ Continue reading

လှသန်း (သို့မဟုတ်) ကြည်မောင်သန်း


Leave a comment

ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ (လှသန်း)

ချောက်ကမ်းပါးစွန်းကလူကို
တွန်းအားတွေမပေးကြပါနဲ့
ပြေးစရာ မြေမရှိတော့တဲ့အခါ
ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ Continue reading

ရေတံခွန်တစ်ခုရဲ့လမ်း (သစ္စာနီ)


2 Comments

ကွယ်လွန်သွားသော ကဗျာဆရာနှင့် ကဗျာဆရာကွယ်လွန်ခြင်း (သစ္စာနီ)

လက်ကသာမက နှုတ်ကလဲ ပြောင်ကျကျ ပွင့်ပွင့်လင်းလင်းနဲ့ မခံသာအောင် ပြောတတ်လို့ နှုတ်မရွံ့လှသန်းလို့လည်း နာမည်ကြီးပါတယ်။ ကဗျာဆရာ ကြီးကြီးငယ်ငယ် (ကျွန်တော်တို့ အပါအဝင်) လှသန်းရဲ့ ပါးစပ်ဒဏ် မခံရဖူးသူက မရှိသလောက်ပဲ။ ဒါပေမဲ့ သူ့အသုဘကျတော့လည်း စည်လိုက်တာ။ မြန်မာတစ်ပြည်လုံးက ကဗျာဆရာတွေ ရောက်လာကြတယ်။ ဘာဖြစ်လို့ လှသန်းကို ဒီလောက်ချစ်ကြတာလဲ။ Continue reading


Leave a comment

လှသန်း (စ – ဆုံး) (မောင်ယုပိုင်)

နာရီလက်တံဟာ
ကျွန်တော့်ကို ရန်စနေတယ်
အချိန်သိပ်မကျန်တော့ဘူးတဲ့။
(မိမိကိုယ်ကို အဓွန့်ရှည်ရေးမှ)

ပြန်ဖို့ရာ အိမ်အဆင်သင့်
သွားဖို့ရာ သံသရာ အဆင်သင့်
နားဖို့ရာ ခန္ဓာကိုယ် အဆင်သင့်။
နာခြင်းပင်လယ်ကို ရွက်လွှင့်ပြီးမှ
ပြန်လည်ရှင်သန်ခြင်းကမ်းခြေမှာ အပန်းဖြေရမှာလား
ဒါမှမဟုတ်
သေခြင်းကျွန်းစုမှာ ဆိုက်ကပ်မှာလား
(နာမကျန်းသောနေ့ရက်များ မှ) Continue reading


Leave a comment

ဘုရားခေတ်က ကလေးတစ်ယောက်၏ မျက်လုံး (ဝေမှူးသွင်)

ခရစ်နှစ် ၂၀၀၁ ခုနှစ်ကနေ၂၀၀၄ အထိ သုံးနှစ်ကျော် အချိန်ယူပြီး ရေးခဲ့ရတဲ့ ကဗျာ ။ ၁ ။ နာမကျန်းသော ခန္ဓာကိုယ်မှာ လွတ်လပ်ရေး ကျောက်တိုင်တစ်တိုင် စိုက်ထူဖို့၊ သွေးကြောအပိုတွေကို ဖျက်ဆီးပစ်ဖို့၊ မိန်းမတစ်ယောက်နဲ့ လိင်ဆက်ဆံမှု အနုပညာအကြောင်းပြောဖို့၊ ဒီတိုင်းပြည်က သတ္တိနည်းသူနဲ့ ဥာဏ်နည်းသူများဖတ်ဖို့…. ဒီကဗျာကို ရည်ရွယ်လိုက်ပါရဲ့။ ။ ၂ ။ ရိုင်းပြတဲ့ခေါ်သံနဲ့ ခေတ်ရဲ့ပညာရှိကြီးများခင်ဗျား… ဂျင်းရှပ်ကို သိပါသလား။ ဆိုဖီရဲ့ ကမ္ဘာကို ဖတ်ဖူးပါလား၊ ဒါလီရဲ့ အရည်ပျော်နေတဲ့ နာရီတွေကို … Continue reading