လမ်းအိုလေး

Løøps of Resistance …

ကမ္ဘာကြီး တစ်ပတ်လည်တယ် နှစ်ပတ်လည်တယ် သုံးပတ်လည်တယ် (​မောင်​​ဒေး)

Leave a comment

ကမ္ဘာကြီး တစ်ပတ်လည်တယ် နှစ်ပတ်လည်တယ် သုံးပတ်လည်တယ် တစ်နေ့ကို ထမင်းသုံးကြိမ်စားရလို့ ဝမ်းသာရတယ် တစ်ပတ်ကို ရုပ်ရှင် တစ်ကားကြည့်ရလို့ ပျော်ရတယ် ဆင်းရဲသားတွေပဲ စစ်တပ်ထဲကိုရောက် တိုက်ပွဲမှာသေရလို့ တော်ပါသေးရဲ့ဆိုပြီး ရင်ထဲက အလုံးကြီး ကျရတယ် သုံးရက်တစ်ခါလောက် လိင်ဆက်ဆံခွင့်ရ… တစ်နှစ်တစ်ခါလောက် ကဗျာ

စာအုပ်ထုတ်ခွင့်ရလို့ကြည်နူးရတယ်သွားမရှိတော့တဲ့လူအိုတွေက သွား အတုတွေရှိနေလို့ဆက်ပြီး ဝါးခွင့်ရနေကြတယ်တစ်ချို့မိန်းမတွေကေ ယာက်ျားတွေမရှိတဲ့ကမ္ဘာကြီးမှာ နေခွင့်မရလို့စိတ်မချမ်းမသာဖြစ်ကြရတယ်စိတ်ပြေလက်ပျောက်လုပ်စရာတွေရှိနေလို့ဘာအဓိပ္ပာယ်မှမရှိတဲ့ ဘဝကြီးအကြောင်းကို မစဉ်းစားဖြစ်တော့လို့ ဖြေသာရတယ်

ညဘက်မှာ နေမထွက်လို့ဝမ်းသာရတယ်လိပ်တွေမှာအခွံတွေ ရှိနေသေး လို့ပျော်ရတယ်စူပါဝင်းရှေ့မှာ တောင်းစားနေတဲ့လူဟာ ကိုယ်မဟုတ်လို့ြေ ဖသာရတယ်ကားလမ်းပေါ်မှာ ပြားနေတဲ့ငှက်ဟာ ငါ မဟုတ်ပါလားဆိုပြီးေ ကျနပ်ရတယ်ဆီးရီးယား ဒုက္ခသည်တွေဟာ ကိုယ်မဟုတ်လို့ပထဝီနိုင်ငံရေး ဘာညာသာရကာ ရွှီးရွှမ်းခွင့်ရတယ်ဝယ်ထားတဲ့ဖူးကိုးစာအုပ်တွေကို [ဖဘ]ပေါ် ဓာတ်ပုံရိုက်တင်ပြီး ကြွားခွင့်ရတယ်ငါလေးဟာ ငါလေး ဖြစ်နေသေးလို့ တော်ပါသေးရဲ့ဆိုပြီး ကြည်နူး ဝမ်းသာအားရ ပီတိသောမနဿ ဖြစ်ရတယ်

– အစိမ်းရောင်ပြယ်လာတဲ့စာအုပ်- ၂.၆


(အစိမ်းရောင်စာအုပ် – မောင်ဒေး။ နှစ်ကာလများ – အောက်တိုဘာ၊ ၂၀၁၆။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s