လမ်းအိုလေး

Løøps of Resistance …

ရာသီဥတု ငါနဲ့အတူရှိပါစေ (​မောင်​​ဒေး)

Leave a comment

ရာသီဥတု ငါနဲ့အတူရှိပါစေ ငါ့ရဲ့အခန်းထဲမှာ တစ်စုံတစ်ယောက်က
မှန်တစ်ချပ်လာထားသွားတယ် မနက်တိုင်းမှာ အဲဒီမှန်ကိုမကြည့်မိဖို့ ငါ ကြိုးစားရတယ် သစ္စာတရားဆိုတာ ရုပ်ကြွင်းလောင်စာလိုပဲ
၂၀၀၈ ခုနှစ်မှာ Peak ဖြစ်သွားပြီး အကျဘက်ကိုပဲ ရောက်လာခဲ့ပြီ
ငါတို့အထိတ်တလန့် ဖြစ်ရတဲ့အရာဟာ အခုအိမ်ရှေ့မှာ မဟုတ်ဘူး

အိမ်ထဲကို ရောက်လာခဲ့ပြီ မန်ကျည်းပင်ပေါ်က ပုရွက်ဆိတ်ကလေးတွေ တစ်ကောင်ပြီးတစ်ကောင်ထပ်ပြီး စုလိုက်တော့ ငါ့ရဲ့ဦးခေါင်း ဖြစ်လပါလေရော — နေဟာ တစ်ယောက်ချင်းစီအတွက် လင်းတယ် — လေဟာ တစ်ယောက်ချင်းစီအတွက် တိုက်တယ်– ဒါပေမယ့် နောင်အနှစ်၅၀ မှာ ညအချိန်ဆိုတာ ရှိနိုင်ပါဦးမလား ဟိုက္ကူကဗျာတွေထဲမှာ ချယ်ရီပင်တွေ

ရှိနိုင်ပါဦးမလား — ကမ္ဘာမှာ လက်ရှိ ရှိနေတဲ့နွားကောင်ရေဟာ သမိုင်းမှာ အများဆုံးပေါ့ အရှင်မင်းကြီး အိပ်ရာက နိုးလာတဲ့အခါ နို့တိုက်ဖို့ပေါ့ သစ်ပင်က နတ်ပူးတယ်– နတ်တွေက Deadpool ကို ကြည့်တယ် ရာသီဥတု ငါနဲ့အတူရှိပါစေ၊ ရာသီဥတု မင်းနဲ့အတူရှိပါစေ

– အစိမ်းရောင်မဟုတ်တဲ့စာအုပ်- ၃.၇


(အစိမ်းရောင်စာအုပ် – မောင်ဒေး။ နှစ်ကာလများ – အောက်တိုဘာ၊ ၂၀၁၆။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s