လမ်းအိုလေး

Løøps of Resistance …

သူတို့က ငါတို့ကိုမုန်းတယ် ငါတို့ကကော သူတို့ကို ပြန်ချစ်နိုင်ပါ့မလား (​မောင်​​ဒေး)

Leave a comment

သူတို့က ငါတို့ကိုမုန်းတယ်ငါတို့ကကော သူတို့ကို ပြန်ချစ်နိုင်ပါ့မလားေ မာင်းသူမဲ့အာကာသယာဉ်တွေထဲကို ခွေးတွေထည့်ပြီး မျောက်တွေထည့်ပြီး သူတို့စေလွှတ်တယ်ငါတို့ဟာ ကိုယ့်ချစ်သူရဲ့လက်ကိုဆွဲပြီး ကမ်းခြေဘက် ပြေးထွက်ခဲ့ကြတယ် ရုပ်ရှင်ရုံတွေထဲဝင်ခဲ့ကြတယ်သူတို့ကအမုန်းတရားအားဖြင့် ဖောက်လုပ်ခဲ့တဲ့လမ်းတွေကို ငါတို့ကခြေဗလာနဲ့ လျှောက်ခဲ့ကြတယ်
သူတို့က ဒေါသနဲ့ဆောက်လုပ်ခဲ့တဲ့တံတားတွေရဲ့အောက်မှာ ငါတို့က

ကိုယ့်ချစ်သူကိုထီးကလေးမိုးပေးပြီး — အကျယ်ကြီးပြောရင်ကြားရမှာမဟုတ်တဲ့ စကားတွေကိုတီးတိုးပြောခဲ့ကြတယ်သူတို့ရဲ့နှုတ်ခမ်းတွေဟာ အနမ်းခံရမှာ စိုးလို့အဆိပ်သုတ်လိမ်းထားတယ်သူတို့ရဲ့မွေးရာပါ ပါးချိုင့်တွေဟာလည်း ပါးပြင်ထဲကို မြုပ်ဝင်ပျောက်ကွယ်ခဲ့ပါပြီမီးကိုပန်းထုတ်ချင်တဲ့အခါ သူတို့ရဲ့ ပါးစပ်တွေကို ပြိုင်တူဟ ပဲခူးရိုးမမှာတောမီးတွေလောင်ခဲ့တယ် တောကောင်တွေ
အိုးပစ်အိမ်ပစ်– မြို့တက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်ကြမ်း

ဝင်လုပ်ရတယ်ဒါပေမယ့်လည်း သူတို့က အမုန်းပြဇာတ်ကြီးကိုဆက်ပြီး ကနေတယ်ငါတို့ရဲ့ပါးတွေမှာ အိတ်တွေချုပ်ဖို့ကြိုးစားတယ် ဖားတွေကိုရင်ခွဲဖို့အားထုတ်တယ်ဝတ်မှုံဝတ်ဆံတွေကိုကျည်ဆံလုပ်ပြီး ကားအိတ်ဇောကနေ ပစ်ဖောက်တယ် ပြီးတော့လမ်းအလယ်မှာေ ဆးလိပ်တွေကို ဒေါင်လိုက်ကြီးဖွာနေတယ်ငါတို့ကတော့ကိုယ့်ချစ်သူရဲ့ လက်ကိုဆွဲပြီး ပန်းခြံထဲဝင်ခဲ့တယ်သူတို့ကငါတို့ကို မုန်းကြတယ် ငါတို့က ပန်းသီးနဲ့စကားပြောတယ်– သူတို့ကိုလည်း ပြန်ချစ်နိုင်ခဲ့တယ်

– အစိမ်းရောင်စာအုပ်ထဲမှာ နောက်ထပ်စာအုပ်တစ်အုပ်- ၁.၎


(အစိမ်းရောင်စာအုပ် – မောင်ဒေး။ နှစ်ကာလများ – အောက်တိုဘာ၊ ၂၀၁၆။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s