လမ်းအိုလေး

Løøps of Resistance …

‘. . . . . . . . . . (​နေမျိုး)

Leave a comment

၁။
ကောင်းကင်​ကြီးကို
လူသတ်​မှုနဲ့ တရားစွဲလိုက်​မယ်
မိုးကြိုးပစ်​ချခံလိုက်​ရတဲ့
နွား​ကျောင်းသား​လေးအတွက်

၂။
ကမ္ဘာ​မြေကြီးကို
သားဖျက်​မှုနဲ့ တရားစွဲလိုက်​မယ်
သေ​ကြေပျက်​စီးသွားတဲ့
မျိုး​စေ့​တွေအတွက်

၃။
ပါ​မ္ခောကြီး အိုင်းစတိုင်းကို
ကမ္ဘာဖျက်​မှုနဲ့ တရားစွဲလိုက်​မယ်
ရေဒီယိုသတ္တိကြွ​နေတဲ့
အနာဂတ်​​တောင်​ကုန်း​တွေအတွက်

၎။
ပြတိုက်​အိုကြီးကို
အ​ယောင်​​ဆောင်​မှုနဲ့ တရားစွဲလိုက်​မယ်
ပျောက်​ဆုံးသွားတဲ့
သက္ကရာဇ်​​တွေအတွက်

၅။
သိပ္ပံပညာအ​ပေါ်
မိမိကိုယ်​မိမိ ​သေ​ကြောင်းကြံစည်​မှုနဲ့ တရားစွဲလိုက်​မယ်
လမ်း​လျှောက်​လာ​နေတဲ့
ကျောက်​ဖြစ်​ရုပ်​ကြွင်း​တွေအတွက်

၆။
စကားလုံး​တွေကို
လိမ်​ညာလှည့်​ဖျားမှုနဲ့ တရားစွဲလိုက်​မယ်
မျက်​​စေ့လည်​​နေတဲ့
ခပ်​ညံ့ညံ့ကဗျာဆရာ​တွေအတွက်

၇။
အေးစက်​စက်​​ဆောင်းည​တွေကို
ဖြား​ယောင်း​သွေး​ဆောင်​မှုနဲ့ တရားစွဲလိုက်​မယ်
ပြန်​လမ်းမရှိ​တော့တဲ့
ငါတို့ရဲ့ အိပ်​မက်​​တွေအတွက်

၈။
ကြယ်​တာရာ​တွေကို
အသ​ရေဖျက်​မှုနဲ့ တရားစွဲလိုက်​မယ်
မျိုသိပ်​ခဲ့ရတဲ့
ငါတို့ရဲ့ အချစ်​​တွေအတွက်

၉။
ပြီး​တော့ … မှ
မိမိကိုယ်​မိမိ
ထိန်​ချန်​မှုနဲ့ တရားစွဲလိုက်​မယ်
ကြေ ကွဲ ဖွယ်​ ခံ စား မှု ​တွေ အ တွက်


(ပိ​တောက်​ပွင့်​သစ်​ – ဧပြီ၊ ၁၉၉၁။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s