လမ်းအိုလေး

Løøps of Resistance …

ရန်ကုန်မှတ်စုများ (မိုးဝေး)

ပျော်ရွှင်စရာနေ့များ ၆ (မိုးဝေး)

Leave a comment

နေကောင်းရဲ့လား
မမက်တာကြခဲ့ အိပ်မက်လို
မတွေ့တာ ကြာခဲ့ မိတ်ဆွေရဲ့ အမေး
အတော်ပျော်စရာ ကောင်းတာပဲ
နေ အလွန်သာတာပဲ ကား တအား ပိတ်တာပဲ
ငါ ဝမ်းနည်းနေပုံဟာ သူတို့အတွက် ပျော်စရာပါပဲလေ
ပလက်ဖောင်းတွေ အတော်ကျဉ်းလာပုံ ပြောပါတယ်
သတင်းစာတွေ အတော်ထွက်တာနဲ့ တော်တော်ဆင်တာပဲ
ည နှစ်နာရီထိုးတဲ့အထိ ရယ်နေရတယ်

လေယာဉ်ပျံတွေကို လွမ်းတာကလည်း
လေထဲ တိုက်အိမ်ဆောက်တာပဲ မဟုတ်လား
လူသေဟာ မအိပ်ဘူး
အရာရာဟာ မပြောင်းလဲဘူး
ငါ ပျော်ရွှင်စွာနဲ့ လမ်းများအတိုင်း
ငါ ပြောင်းလဲရမယ် ရယ်စရာပဲ
ပြည်သူလို့ ခေါ်ရပြောရအောင် မင်းကလူပြက်လား
ဝတ်စုံဟာ အဆင်အသွေးလို့ မင်းထင်နေတုန်းလား
ဆေးလိပ်က အဲဒီအနားမှာ သောက်ပါ
ဘဝဟာ ကာရန်ကြောင့် ရောင်စုံတောက်ပလာပါလိမ့်မယ်
ဟုတ်ကဲ့ပါ ဥက္ကဌကြီး
ဘဝဟာ လူ့အခွင့်အရေးရဲ့ ပြုကျင့်ခံ ဖြစ်ရပါစေမယ်
အဲသလို စာသားမျိုးတွေနဲ့လည်း ညနေဟာ လှမြဲလေ

ငါ ကဗျာရေးမြဲ
ငါ့မိတ်ဆွေ မဆလာဖျော်မြဲ
ငါ့မိတ်ဆွေနဲ့ မတည့်သူ ရေသန့်ဘူးပို့မြဲ။
၁၊ ၈၊ ၂၀၁၂။


( ရန်ကုန်မှတ်စုများ – မိုးဝေး။ မတ်၊ ၂၀၁၅ – နှစ်ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s