လမ်းအိုလေး

Løøps of Resistance …

နိုင်ငံတော်သီချင်း (အောင်ခင်မြင့်)

နိုင်ငံတော်သီချင်း ၂၆ (အောင်ခင်မြင့်)

Leave a comment

မိုးလင်းရင် ပထမဆုံးမြင်ရတာက
တယ်လီဖုန်းတိုင်တွေပေါ်မှာ
ကြိုးဆွဲချ သတ်သေထားတဲ့လူတွေ
ဗုံးကြဲမယ့်လေယာဉ်တွေမလာခင်
စွပ်ပြုတ်ရည်ကို ငါတို့အမြန်မော့
ကျလာတဲ့ ဗုံးဆန်ကြီးများက
လူကြီးလူကောင်းဆန်ရှာပါတယ်
ကြာနီကန်တရားသံနဲ့များဆုံရင်
ဗုံးဆန်ကြီးများဟာ လေထဲမှာ ခဏရပ်တန့်ပြီး
တရားဓမ္မများတောင် နာယူလိုက်သေးရဲ့
သေမင်းကလည်း ညီရင်းအစ်ကိုပမာ
ဗုံးခိုကျင်းထဲမှာ ငါတို့နဲ့အတူ
ဂစ်တာတီးလိုက် ဖန်စီဒိုင်းချလိုက်
တစ်နေ့တခြား ဂက်တိုထဲမှာ
သေလျက်ရှင်သူများ နည်းပါးခဲ့
ရှင်လျက် သေသူများ တိုးပွားခဲ့
သင်၏ ကြီးမြတ်သော မဟာဂျာမန်းနီးယားနိုင်ငံတော်။


(
နိုင်ငံတော်သီချင်း – အောင်ခင်မြင့်
။ မေ၊ ၂၀၁၅ – ပထမ စာအုပ်တိုက်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s