လမ်းအိုလေး

Løøps of Resistance …

နိုင်ငံတော်သီချင်း (အောင်ခင်မြင့်)

နိုင်ငံတော်သီချင်း ၁ (အောင်ခင်မြင့်)

Leave a comment

ဂိုယာရဲ့ black paintings တွေထဲက အမှောင်မိုက်ဆုံးကတော့ သူ့သားသူ ပြန်စားနေတဲ့​စေတန် (Satan devouring his son) ဆိုတဲ့ လက်ရာပဲ။ အဲဒီမှာ တွေ့ရတဲ့ အနိဌာရုံရဲ့ ကဗျာဗေဒ (the poetics of horror) နဲ့ အခု ဒီကဗျာစီးရီးကို ငါရေးတယ်။ တကယ်က နတ်မိစ္ဆာတစ်ပါးဟာ ညစဉ် ငါ့ခေါင်းထဲကနေ နှုတ်တိုက်ချပေးခဲ့တာ။ ငါက အလွယ်တကူ လိုက်ကူးရုံမျှ။

ငါ့ကဗျာဟာ မှောင်မိုက်တယ်။ ကဗျာတစ်ပုဒ်ချင်းဟာ ထောင်အခန်း တစ်ခုစီပမာ။ မတ္တာဖာတွေ​ကိုလည်း ညှဉ်းပမ်း​နှိပ်စက်တဲ့ ကိရိယာများလို ငါသုံးခဲ့တယ်။

သမိုင်းနဲ့ မှတ်ဥာဏ်ဟာ လိင်ဆက်ဆံနေကြ။ အမှောင်ထဲမှာ ညည်းညူသံများ။ ရယ်သံများ။ ငိုသံများ။

နိုင်ငံတော်သီချင်းဟာ ဟိုအဝေးမှာ မသဲမကွဲ။

– အောင်ခင်မြင့်

ပိတ်ထားတဲ့ ပါးစပ်ကနေ
မီးခိုးစကားလုံးများ ထွက်ပေါ်လာ
ပွင့်အာနေသော ရင်အုံများပေါ်
ရွှေရောင်ကျည်ဆံများ ကျရောက်ခဲ့ပုံက
ပဂါနီရဲ့ နတ်သရဲဂီတပမာ
အနီရောင် ပဝါစကလေးဟာ
ကိုင်းခြောက်မှာ ငြိကျန်နေဆဲ
နောက်ခြေဖြင့် ယက်ထုတ်သော သဲတို့ဖြင့်
ရာဇဝင်ကို ဖုံးလွှမ်းပစ်သောအခါ
သူရဲကောင်းများဟာလည်း
ကောက်ရိုးစာခြောက်ရုပ်များသာ
သေခြင်းကဲ့သို့ လွမ်းဆွတ်ဖွယ်
ထို့နောက် လေတဟူးဟူး
ထို့နောက် သွေးတွေ
ထို့နောက် မိန့်ခွန်း
သင်၏ သစ္စာမရှိသော နိုင်ငံတော်။


(နိုင်ငံတော်သီချင်း – အောင်ခင်မြင့်။ မေ၊ ၂၀၁၅ – ပထမ စာအုပ်တိုက်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s