လမ်းအိုလေး

Løøps of Resistance …

ဒီးန်ယန်းဂ် (ဇေယျာလင်း)

သေပြီးရင် ဘာအသွင်သဏ္ဍာန် (ဇေယျာလင်း)

Leave a comment

သေပြီးရင် ဘာအသွင်သဏ္ဍာန် ကိုယ်တို့ယူကြမလဲ
ဝီလျမ်ဘတ္တလာ ယေးတ်စ်လို စက်ငှက်ရုပ်လား။
ကိုယ်တော့မထင်။ ယုန်ရုပ် တံတခါခုတုံးကော၊ ချားလ်စတန်မြို့မှာ
ကိုယ်တို့တွေ့ခဲ့တဲ့ဟာလေ၊ လိုချင်ပေမဲ့ ပိုက်ဆံမရှိခဲ့ကြတာ။
ခဲနဲ့လုပ်တာလို့ ထင်ရလောက်အောင် အလေးကြီး၊ လူတွေ ပွတ်လွန်းလို့
ခေါင်းထိပ်က ဆေးတွေတောင်ကွာနေပြီ၊ ဖွင့်ထားတဲ့ တံခါးကြားမှာ
ခုထားလိုက်ရင် ဘယ်လောက်ပြင်းတဲ့လေဖြစ်ဖြစ် တံခါးကို စောင့်ပိတ်လို့
ရမှာ မဟုတ်ဘူး။ ဟင့်အင်း မိုးဟာ အပိုင်းပိုင်း အစစ စုတ်ဖြဲထားတဲ့
တံလျှပ်တွေလို ထွက်လာတယ်။ ကိုယ်တို့ သေပြီးရင် ဘယ်ရောက်သွား
ကြမှာလဲ၊ ကိုယ်လည်း သိတာမဟုတ်ဘူး၊ စုန်းပူးနတ်ဝင် ဓာတ်စီးချိန်မှာ
ကူးစက်တဲ့ ဓာတ်တစ်မျိုးဆိုင်ရာ သတ္တုဗေဒရဲ့ မီးပြင်းဖိုထဲလား၊
ဒါမှမဟုတ် ဒွိစုံဖိုမအင်္ဂါ လိင်ပျော်ကျူးပွဲကြီးတစ်ခုနဲ့ တစ်ခုကြား
အလုပ်လုပ်ကြတဲ့ လောက်တွေရဲ့ မြေဆွေးတွင်းထဲလား၊ ရာဘာမြွေရုပ်တွေ
မှုတ်ဖို့နဲ့ ပင်းန်ဘောလ် ကစားဖို့ သားကို ဒေါ်လာ ၂၀ ပေးခဲု့ဖူးတဲ့
နှုတ်ခမ်းမွေးပိုင်ရှင် ကြီးတော် အန်တီ ဂလော်ရီယာရေ၊ အန်တီကော
အခု ဘာဖြစ်နေပြီလဲ။ လှိုင်းရဲ့ တစ်ဟုန်ထိုးတက်လာခြင်းမှာ ပွတ်တိုက်
ခံရလို့ လုံးပါးပါးသွားတဲ့ ကျောက်စရစ်လေးလား။ မွေးနေ့သီချင်းဟာ
မသာတေး ဖြစ်သွားတယ်၊ စစ်သားတွေဟာ ကြေနေတဲ့စက္ကူပေါ်
တစ်မူထူးခြားတဲ့ စကားလုံးတွေနဲ့ ကဗျာလုပ်ကြတယ်။ အဲဒါလား
ဘယ်သူလဲလို့ မသိလို့ မင်း ကိုယ့်ကိုပြောနေခဲ့တာ။ ကိုယ် မငြင်းပါဘူး၊
အဖေဆုံးပြီးနောက် အမေဟာ တီဗီကြည့်ရင်း အဖေနဲ့ စကားတွေ
ပြောနေခဲ့တယ်ဆိုတာ။ တစ်ခါတစ်လေ ကိုယ်လည်း ပြန်လာခွင့်ရဖို့
မျှော်လင့်မိပါတယ်၊ ကိုယ်တို့ကြိုက်တဲ့ စားသောက်ဆိုင်သွားပြီး
ပျော်စေပျက်စေ ဗလွတ်ရွှတ်တ သွားလုပ်၊ ထွန်းထားတဲ့ ဖယောင်းတိုင်အချို့ကို
မီးငြှိမ်းသတ်၊ မင်းကို ကိုယ် ဘယ်လောက်ချစ်ရတယ်ဆိုတာ မင်းရဲ့နားထဲ
တီးတိုးပြောချင်တယ်၊ အကယ်၍ မင်းရှိနေသေးတယ်ဆိုရင်ပေါ့
ပြီးတော့ ဟိုစာရေးဆရာ စတဲန်ရိုက်စ်၊ စာအုပ် ၇ အုပ် ၈ အုပ်ပြီး
သူ့အကြောင်း ဘယ်သူမှ ဘာမှ မပြောကြတော့ဘူး၊ ဒါပေမဲ့ ကိုယ်
ပြန်ဖတ်တိုင်း ကြိုက်နှစ်သက်နေသေးတာကို လန့်မိတယ်။
ကိုယ်တို့ အလွန်ဆုံး ဖြစ်နိုင်ခြေဟာ ကိုယ်တို့ အသက်ရှိစဉ်
ကန့်သတ်ကာလတာရဲ့ ကာရန်၊ ဘာနှင်းမှ ကွာကျအောင်
မပြုလုပ်နိုင်တဲ့ ပဲ့တင်သံ၊ ဘယ်နှင်းတောင်မှ မပြိုဘူး၊
လေယာဉ်မှူးက သူ့လေယာဉ်ပျံနှင့်၊ ဘာမှမဟုတ်သလို
ဝင်တိုက်မိတော့မှပဲ မြင်ရတဲ့
တိမ်တွေလို မီးခိုးဖြူဖြူ အချို့။

What Form after Death by Dean Young

What Form after Death by Dean Young (Dean Young)

What form after death will we take,
a gizmo birdie like William Butler Yeats?
I doubt it. How about a doorstop bunny
like the one we saw in Charleston, wanted
but didn’t have the money? Heavy enough
to be made of lead, paint rubbed off its head
by petting, no gust strong enough to slam
what it kept open. Nope, the rain comes out
in mirages shredded. I don’t know where
any of us are headed, a furnace
of ectoplasmic metallurgy or compost pit
of worms working between hermaphroditic
orgies? Dear mustachioed Aunt Gloria who
gave me 20 bucks to blow on rubber snakes
and pinball, what became of you? Small stone
rubbed smaller by the wave’s surge? Birthday song
becomes a dirge, the soldiers poem quaint words
on crumbing paper. Is that what you were
telling me when you didn’t know who?
I’d be the last to insist my mother
didn’t have conversations with my father
on the TV set after he was dead. Sometimes
I too hope to return, make some mischief
at our favorite restaurant, snuff some candles
and whisper how much I love you
if you’re still around. And Stan Rice, now just
7 or 8 books no one talks about but
when I reread still frighten me
into delight. Maybe all that we become
is rhyme of our limited time alive,
an echo loosening almost no snow,
no avalanche, just some puffs of white
like clouds that seem like nothing
until the pilot hits one.

– Source: Ilxor.com


(ဒီးန်ယန်းဂ် – ဘာသာပြန် ဇေယျာလင်း။ သြဂုတ်၊ ၂၀၁၄ – နှစ်ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s