လမ်းအိုလေး

Løøps of Resistance …

ဒီးန်ယန်းဂ် (ဇေယျာလင်း)

မြူမှိုင်းရဲ့ သားတော် (ဇေယျာလင်း)

Leave a comment

မြူမှိုင်းဟာ လောင်ကျွမ်းသွားပြီး လေထုဟာ
အမှုန့်ကြိတ်ထားတဲ့ စိန်တွေဖြစ်သွားတဲ့အခါ
ထာဝရရဲ့ ကျွန်းတွေကို ဟောဟိုအဝေးမှာ တွေ့လို့ရတယ်
— အဲဒါဟာ ကိုယ့်အတွက် သိပ်ပြဇာတ်ဆန်လွန်းတယ်။ ကြည့်ရင်လည်း
ကိုယ့်မျက်လုံးတွေနောက်မှာရှိတဲ့ စဖီနွိုဒ်နားက တစ်ခုခုမှာ
နာသလို သွားဖြစ်တယ်၊ မကြိုက်ဘူး။ မြူမှိုင်းနောက်မှာ မြူမှိုင်း
ရှိတာ၊ မီးစွဲမလောင်တဲ့ မြူမှိုင်းရှိတာကိုပဲ ကြိုက်တယ်။
အဲသလိုဆို အလင်းရောင်အတွက် ဘာမှ ပြိုင်ဆိုင်နေစရာ မလိုဘူး၊
သင့်ရဲ့ ရှယ်လီကိုပြိုင်မယ့် ဘိုင်ရွန် ရှိစရာလည်း မလိုဘူး၊ သင့်ရဲ့
အသီနာကို ကြတ်စေမယ့် ဂျူနို ရှိစရာလည်း မလိုဘူး၊
ကုန်းမြေထုကြီးတွေကို စုစည်းညီညွတ်စေဖို့
ဘယ်မဟာတံတား ပြောဆိုရေးသားချက်မျိုးလည်း မလိုတော့ဘူး။

ကာတွန်းတွေထဲကလို အတွေးကိုပြတဲ့ ပူဖောင်းတွေထဲမှာ
ဘာစာသားမှ မရှိဘူး။ စစ်ရေးပြ ဘင်ခရာအဖွဲ့ကလည်း
လေ့ကျင့်လို့ မရဘူး၊ ငှက်တောင်မှ တခြားငှက်တစ်ကောင်နဲ့
စကားအခြေအတင်ပြောဖို့ ငါးပေအကွာအဝေးအတွင်း ရှိရတယ်။
သေနေတဲ့ ယင်ကောင်တွေလို၊ ကိုယ်ဟာလည်းပဲ သေခြင်း
တရားရဲ့ ကလေးကစားစရာ ဂျောက်ဂျက်ထဲက အစေ့တွေပဲ ဖြစ်တယ်။
မြူမှိုင်းနဲ့တူတဲ့ နတ်ဘုရားကလေးပေါက်စဟာ
အဲဒီဂျောက်ဂျက်ကို ကောက်ကိုင်၊ ဂျောက်ဂျက်မြည်အောင် လှည့်၊
သွက်သွက်ခါရူးသွပ်နေတဲ့ အသံမျိုးနဲ့ ရယ်မောပြီး
သူ့ခြေထောက်တွေနဲ့ပဲ သူ ပြန်ဆက်ဆော့နေတော့တယ်။

ကိုယ်ဟာ အလွန်အမင်း ချမ်း၊ အလွန်အမင်း အထီးကျန်ဖူးတယ်
မြူမှိုင်းဟာ ကိုယ့်မျက်ရည်တွေ စုပ်ယူတဲ့ မင်နှိပ်စက္ကူပေါ့။
ကိုယ့်ခွေးဟာ မြူမှိုင်းဖြစ်ပြီး သူ့အီးတုံးတွေကို ပလတ်စတစ်
အိတ်ထဲ ကိုယ့်လက်နဲ့ ကောက်ထည့်စရာမလိုဘူး။
လောကကြီးထဲက စတင်လာတဲ့ အာရုံတွေ ရှိတယ်
စိတ်ဟာ အတွေးတွေနဲ့ တုံ့ပြန်လိုက်တယ်
အဲဒီအတွေးတွေဟာ အခြားအာရုံတွေကို လှုပ်နှိုးလိုက်ကြတယ်။

ရှုပ်ပွနေတာပဲ။ ကိုယ်ေ တွပြုတ်ကျခဲ့ကြရင် ဘာမှပြန်ထူးမှာ
မဟုတ်တဲ့ နေရာရဲ့ အစွန်းစပ်မှာ ကိုယ်တို့ရပ်နေကြတာဖြစ်တယ်။
ကိုယ်တို့ရဲ့ တစ်ဦးတည်းသောမိတ်ဆွေဟာ မြူမှိုင်းပဲ၊
ပုဇွန်ဖမ်းတဲ့ သင်္ဘောတွေကိုတော့ ဒုက္ခတော်တော်အပေးသား။
ဟောဟိုမှာ၊ ဟောဟိုမှာလို့ မြူမှိုင်းက ပြောတယ်။
ဘယ်မှာလဲ၊ ဘယ်မှာလဲ။ ဘာမှလည်း မြင်လို့မရဘူး။

Son of Fog by Dean Young

Son of Fog (Dean Young)

When the fog burns off and the air’s pulverized
diamonds and you can see beyond the islands
of forever!—far too dramatic for me. It hurts
something behind my eyes near the sphenoid,
not good. I prefer fog with fog behind it,
uninflammable fog. Then there’s no competition
for brightness, no Byron for your Shelley,
no Juno eclisping your Athena, no big bridge
statement about bringing unity to landmasses.
All the thought balloons are blank. The marching
band can’t practice, even a bird’s got to get
within five feet before it can start an argument.
Like dead flies on the sill of an abandoned
nursery, we too are seeds in the rattle
of mortality. A foglike baby god
picks it up, shakes it, laughs insanely
then goes back to playing with her feet.
I have felt awful cold and lonely and fog
has been blotting paper to my tears.
My dog is fog and I don’t have to scoop
its poop with my hand in a plastic bag.
There are sensations that begin in the world,
the mind responding with ideas but then
those ideas cause other sensations.
What a mess. We stand at the edge
of a drop that doesn’t answer back,
fog our only friend although it’s hell
on shrimpboats. There, there, says the fog.
Where, where? You can’t see a thing.

Source: Poetry (April 2005).


(ဒီးန်ယန်းဂ် – ဘာသာပြန် ဇေယျာလင်း။ သြဂုတ်၊ ၂၀၁၄ – နှစ်ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s