လမ်းအိုလေး

Løøps of Resistance …

Fall Higher by Dean Young

မီးစွဲနေတဲ့ စာခြောက်ရုပ် (ဇေယျာလင်း)

Leave a comment

မှန်နေတဲ့ ကိစ္စတစ်ခုဟာလည်း ရှိနေပြန်တယ်။ အဲဒါဘာလဲဆိုတော့ တစ်နေရာကနေ တစ်နေရာ မရွေ့တဲ့ ကဗျာဟာ အသက်မရှိဘူးဗျ။ အဲသလို ရွေ့မှလည်းပဲ ကဗျာရဲ့ သက်ရောက်မှုက ဖြစ်တာ။ ကျောက်ခဲနဲ့ ပုတ်သင်ညိုကို ဘယ်လိုခွဲခြားသလဲ။ ပုတ်သင်ညိုကို ပြေးအောင်လုပ်တဲ့ တစ်နည်းပဲရှိတယ်။ ကျောက်ခဲက ဘယ်လိုမှ လှုပ်မှာမဟုတ်ဘူး။

(Pedestal Magazine တွင် ဖော်ပြပါရှိသည့် Lee Rossi အင်တာဗျူးမှ)

ကိုယ့်ကိုယ်ကိုယ် ရုတ်တရက်ပျောက်ကွယ်သွားဖို့ တွေးမိဖူးလိမ့်မယ်။
ရထားသံလမ်းဟာ အဲဒီကို ဦးတည်တယ်၊ တောအုပ်လေးထဲ
စီးပွားရေးရက်ကွက်ထဲမှာတောင်မှ နောက်ဖေးလမ်းကြားတွေထဲမှာ
သစ်သားတံခါးတွေ။ အရင်ဆုံး ကိုယ်လုပ်ချင်တာက မင်းရဲ့လက်ထဲ
ပစ္စည်းသေးသေးလေးတစ်ခု ထည့်ဖို့၊ ကြယ်သီးတစ်လုံးဖြစ်ဖြစ်၊
မြစ်ထဲက ကျောက်စလစ်လေးဖြစ်ဖြစ်၊ ဒါမှမဟုတ် ဘာကိုဖွင့်ရမှန်း
မသိတဲ့ သော့တစ်ချောင်း။ သုဿ      န်နဲ့ အဲဒီမှာရှိတဲ့ အိန်ဂျယ်အမည်းရဲ့
ဆန့်ကျင်ဘက်ကအိမ်ဟာ ကိုယ့်အိမ်မဟုတ်တော့ဘူး။ ကောင်းမွန်
မှန်ကန်စွာ ခွဲခွာနှုတ်ခွန်းဆက်စကားပြောခြင်းဆိုတာ ဘယ်လိုမျိုးလဲ။
အိုင်အိုးဝါးမှာ နောက်ဆုံးနေခဲ့တုန်းက အအေးဓာတ်ဟာ ၁၀ဒီဂရီ
အောက် ရောက်နေတာတောင်မှ မီးဖိုချောင်ထဲမှာ စိတ်ရွှင်လန်းစရာ
အနက်ရောင် အစက်အပြောက်ရှိတဲ့ အနီရောင် ချေးပိုးထိုးတစ်ကောင်
နှစ်ကောင်တော့ တွေ့ရတတ်သေးတာပဲ။ နထ္ထိကြီးထဲ ပြုတ်ကျသွားဖို့
မိမိတို့အားလုံးဟာ ဇောက်ထိုးတွဲလောင်း ဖြစ်နေကြတာပါပဲလား။
အနီးကပ်ကြည့်တော့မှ မြင်ရတာဟာ တစ်ယောက်ယောက် အပေါက်
အပြဲဖာနေတာ လူ့နှလုံးအင်္ဂါ တစ်ခုပါလား။ နောက်တစ်ယောက်က
တောင်ပံတွေကို အန်ချနေတယ်။ သောက်ကျိုးနည်းကွာ၊ ဒီလိုအခြေ
အနေမျိုးမှာတောင်မှ အသက်ရှင်နေရတာကို ကိုယ်အရမ်းကြိုက်တာပဲ။
မနက်ခင်းမှာ၊ ကြမ်းပြင်ပေါ် ခြေချလိုက်တဲ့အခါ၊ ညက ဘာအိပ်မက်
ဆိုးပဲ မက်ခဲ့မက်ခဲ့၊ ခံစားရတာဟာ အံ့ဖွယ်သရဲ မဟုတ်ရင်
ယုံနိုင်ဖွယ်ရာ မရှိတဲ့ ထင်ယောင်ထင်မှားခြင်းပဲ — ကြမ်းခင်းတွေရဲ့
မာကျောမှု၊ ခြေထောက်တွေထဲ စီးဝင်လာတဲ့ ဟန်ချက်ညီတည်ငြိမ်မှု။
ကလေးတုန်းက ဆော့ကစားရင်း ဒဏ်ရာရကြရင် သဲနဲ့ပွတ်လိုက်ဖို့
ဘယ်က စတင်သိခဲ့ကြတာလဲ၊ ဒါမှမဟုတ် အဲသလိုမျိုးကို
ပင်ဆစ်လ်ဗေးနီးယားမှာပဲ လုပ်တတ်ကြသလား။ ကဗျာတွေကို
ရှူရှိုက်နဲ့လုပ်တာ ဖြစ်ကောင်းဖြစ်မယ်၊ ဆူပွက်လာဖို့
ချော့တစ်လှည့် ခြောက်တစ်လှည့်နဲ့၊ တပွက်ပွက်လည်းဆူရော
ရေဟာ ပြောလိုက်သလိုပါပဲ၊
ဒါဟာ ကိုယ့်နှလုံးသား ဝိညာဉ်ပေါ့၊ အခုတော့ လွတ်လပ်သွားခဲ့ပြီ။

Scarecrow on Fire by Dean Young

Scarecrow on Fire (Dean Young)

Everything is brushed away, off the sleeve,
off the overcoat, huge ensembles of assertions
just jars of buttons spilled, recurring
nightmare of straw on fire, you the scarecrow,
the scare, the crow, totems gone, rubies
flawed, flamingo in hyena’s jaws, noble
and lascivious mouth of the gods hovering
then gone, gone the glances, gone moths,
cities of crystal become cities of mud,
centurion and emperor dust, the flower girl,
some of it rises, proof? some of it explodes,
vein in the brain, seed pod poof, maybe
something will grow, another predicament
of bittersweet, dreamfluff milkweed,
declarations of aerosols, vows just sprays
of spit fast evaporate, all of it pulverized
as it hits the seawall, all of it falling snow
on water, flash of flying fish, breach and blow
and sinking, far below creatures of luminous jelly
constellated and darting and baiting each other
like last thoughts before sleep, last neural
sparks coalescing as a face in the dark,
who was she? never enough time to know.

– From Fall Higher by Dean Young


(ဒီးန်ယန်းဂ် – ဘာသာပြန် ဇေယျာလင်း။ သြဂုတ်၊ ၂၀၁၄ – နှစ်ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s