လမ်းအိုလေး

Løøps of Resistance …

Dean Young

စစ်ပြန်စစ်မှုထမ်းဟောင်းတို့ရဲ့ ဘဝ (ဇေယျာလင်း)

Leave a comment

ဘီဇမ်တီယမ်ဆိုတာ တစ်ခါတုန်းက ဘော့စ်ပိုရပ်စ် ရေလက်ကြားက
မြို့ပြကြီးတစ်ခုပေါ့၊ စကားပြောတဲ့ ရေတံခွန်တွေကြောင့် နာမည်ကြီးခဲ့တယ်။
ပထမကမ္ဘာစစ်ဟာ အားလုံးကို အငွေ့ပျံသွားစေတယ်။
အဲဒီတုန်းက တကယ့်ကို ကြေကွဲဝမ်းနည်းစရာ အကောင်းဆုံးပဲ
လန်ဒန်နဲ့ဘာလင်မှာ ယောက်ျားတွေဟာ ထော့နဲ့ထော့နဲ့ လျှောက်ကြတယ်
သူတို့ရဲ့ လှုပ်ရှားသွားလာမှုတွေထဲမှာ ပထမကမ္ဘာစစ်ကြီးရဲ့ ဗုံးဆန်တွေ
ငေါထွက်လို့။ အချို့ ပြန်ရောက်လာကြတယ်၊ သူတို့ဦးနှောက်ရဲ့
ဟစ်ပိုကမ်းပတ်စ်ထဲမှာ အန္ဓသီချင်းအတိုအစတွေ ထုတ်မရအောင် ညပ်လို့။
အချို့လည်း အဝတ်စိုရွှဲတွေနဲ့ နာရီပေါင်းများစွာ လမ်းသလားကြတယ်
ရဲလိုက်ရင်လည်း အနှေးဆုံးနှုန်းနဲ့ ပြေးလို့။
ဒါတွေဟာ ရုပ်သံပေါ်မလာသေးခင်ကပေါ့၊ လူတွေဟာ မီးပုံထဲပဲ ကြည့်ရတယ်
မီးပုံထဲတွေ့ရတာတွေကို ပြန်ပြောကြတာကိုပဲ ဖျော်ဖြေမှုလို့ ခေါ်ကြတယ်။
ငရဲကို လူပေါင်းများစွာ တွေ့ခဲ့ကြလေတယ်။
သူတို့ဘဝဟာ ငါတို့လက်ရှိဘဝထက် ပိုကောင်းခဲ့ကြသလား။
အဲဒီတုန်းက မိန်းမတစ်ယောက် ဆေးလိပ်သောက်တယ်ဆိုရင်ပဲ
လူပုံလယ်မှာ ကိုယ်တုံးလုံးချွတ်ချလိုက်သလိုပဲဆိုတော့ ပျော်စရာပေါ့။
လူတွေအများကြီး သတ်ခဲ့တော့လည်း သေခြင်းတရားနဲ့ ရင်းနှီးပေါ့။
သူတို့ရဲ့ ဆရာဝန်တွေ အချိန်ပြည့် စဉ်းစားကြတာ လူနာကို
သေစေနေတာ ဘာလဲပေါ့။ ပြီး အခြားတစ်ခုခုနဲ့ သေအောင်လုပ်လိုက်တာပါပဲ။
ဘာရှေ့နေမှ မလိုပါဘူး။
ကြွက်ကြီးဟာ ကြီးမှကြီး။
အပေါ်နှုတ်ခမ်းကွဲကြီးထဲ ဝင်ရောက်သွားတာ ဧရာမ။
ဂျုံမုန့်နယ်တဲ့ ကောင်ကလေးဟာ သူ့ရည်းစားကို လွမ်းတဲ့အခါ
မင်းရဲ့ ပူပူနွေးနွေး ဂျုံမုန့်လုံးလေးကို လွမ်းတယ်ကွာ
လို့ ရေးလို့မရဘူး။ စိစစ်ရေးတွေ ရှိလို့။ နတ်ဘုရားတွေထဲမှာ
ပူစီအများဆုံးစားရတဲ့ နတ်သားအပိုလိုကို လက်သင့်မခံကြဘူး။
ဘုရားသခင်ရဲ့ အမည်နာမတော်ကို ပေါ့ပေါ့တန်တန် မသုံးစွဲသင့်ပေမဲ့
သန့်ရှင်းစင်ကြယ်တဲ့ ဝိညာဉ်တော်ကြီးဟာ ပါးစပ်နဲ့ လိင်ဆက်ဆံရေး
နဲ့ ပတ်သက်လို့ ဘယ်ဘက်က ထောက်ခံတယ်ဆိုတာ အားလုံးသိကြတယ်။
တယ်လီဖုန်းကို ထွင်လိုက်တယ် ပြီးတော့၊ စက်သေနတ်၊ လက်နှိပ်စက်၊
ပလတ်စတစ် မပေါ်ခင်ကတည်းက ပလတ်စတစ်ဆာဂျရီဟာ ပေါ်ခဲ့ပြီ။
ထူးဆန်းတာတစ်ခု ပြောရမယ်ဆိုရင်
အရာခပ်သိမ်းနီးပါးကို ဖောက်ခွဲဖျက်ဆီးပစ်လိုက်ပြီးတောင်မှ
ဘာမှ ပြောင်းမလဲသွားခဲ့ဘူး။
အဲဒါနဲ့ နောင်နှစ် ၂၀ မှာ ပိုမိုကြီးမားတဲ့ ဗုံးတွေ သူတို့ လိုအပ်လာကြတယ်။

Lives of the Veterans by Dean Young

Lives of the Veterans (Dean Young)

Byzantium was once a city on the Bosporus
famous for talking fountains.
World War I made everything evaporate.
At the time, it was the saddest thing,
men limped around London and Berlin
with shards of it sticking out their movements.
Some came back with idiotic ditties
trapped in their hippocampus. Others
strolled around for hours in wet dresses,
fleeing at the lowest possible speeds.
This was before television so folks
just looked into the fire and said
what they saw there for entertainment.
Lots saw Hell.
Did they have it better than us?
When a woman smoked, it was like
she was naked so that must have been fun.
Certainly they were accustomed
to death having done so much of it.
Their doctors spent all their time
figuring out what was killing you
then killing you with something else.
No need for a lawyer.
The rat was huge.
Into the breach stiff upper lip was huge.
When a doughboy missed his sweetheart,
he couldn’t just write,
I miss your muffin,
because of the censors. Apollo,
who ate the most pussy of all the ancient gods,
was out. The Holy Ghost was in.
Everyone knew where the Holy Ghost stood on cunnilingus
even though he was ineffable.
The invention of the telephone, machine gun, typewriter,
great strides in plastic surgery
before there was any plastic.
Funny thing is,
while just about everything was blown up,
nothing much changed,
so in 20 years they’d need bigger bombs.

– From Dean Young: Three poems
Jacket 19 — October 2002


(ဒီးန်ယန်းဂ် – ဘာသာပြန် ဇေယျာလင်း။ သြဂုတ်၊ ၂၀၁၄ – နှစ်ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s