လမ်းအိုလေး

Løøps of Resistance …

First Course in Turbulance (Dean Young)

ပန်းချီဆရာတွေရဲ့ ဘဝတွေ (ဇေယျာလင်း)

Leave a comment

ကိုယ့်ဥမည်းကြီးထဲက ကိုယ်ပေါက်လာတော့
ကိုယ့်ညီအစ်ကို မောင်နှမတွေကို ကိုယ်တတ်နိုင်သလောက်
စားသောက်ပစ်လိုက်တယ်။ သူတို့လည်း ကိုယ့်လိုပဲ
လုပ်ကြမှာပါပဲ။ အဲသလိုမှ မလုပ်ရင် ဘယ်လိုကြီးထွားရမှာလဲ။
ဒါပေမဲ့ ကိုယ်ဆိုတာ ဘယ်သူလဲ။
ကိုယ့်အမေကို ကိုယ် ဘယ်တော့မှ မတွေ့ချင်တော့ဘူး။
ကိုယ်ဟာ တစ်ခုခု လိုအပ်နေပြီဆိုရင် ကိုယ့်မှာ ဒဏ်ရာတစ်ခုခု
ရှိနေလို့ပဲ။ ကိုယ်ဘယ်တော့မှ မတွေ့ချင်တော့တဲ့ ကိုယ့်အဖေဟာ
ကိုယ်တွားသွားနေတာ နည်းသေးတယ်ဆိုပြီး ကိုယ့်ရွှေရောင်ဖင်စီခံကို
ဆုတ်ဖြဲပစ်လိုက်တယ်၊ ပြီးတော့မှ နောင်တရပြီး ကိုယ့်ကို
မျက်နှာပြင်ကြမ်းတဲ့ လက်အိတ်ဆယ့်ငါးစုံ ပေးခဲ့တယ်။
ကိုယ်အခု လေးလေးလံလံ ပစ်လဲကျရတာကို ကြိုက်နေမိပြီ။
မင်းဟာ ကိုယ့်အတွက် ရည်စူးထားသူ ဖြစ်ကောင်းဖြစ်လိမ့်မယ်။
နွေရာသီမှာ ဝမ်းအနည်းဆုံးပဲ အခုဆို ပိုပိုဆိုးလာနေပြီပေါ့။
တစ်ခါက ကိုယ့်အပေါ် နားလည်မှုရှိတယ်လို့ ထင်ထားမိသူတစ်ယောက်ကို
အံ့သွားအောင် ပျိုနီပန်းပင် စိုက်ဖူးတယ်။ အခု ဖြတ်သွားတဲ့
လမ်းကြားတွေထဲ မှားမှားယွင်းယွင်း ဝင်မိတဲ့အခါ ကိုယ့်ခေါင်းကို
ဘယ်ဘက် ရုတ်တရက် မလှည့်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ မှားမှားယွင်းယွင်း
ဆိုတာ သိပ်တင်းကြပ်လွန်းရင် ဖြစ်တတ်တဲ့ စွမ်းအင်ရဲ့တုံ့ပြန်မှုပဲ။
ကိုယ့်ချိတ်ဆက်မှု ဇီဝကလာပ်စည်းအစုမှာ ပြဿနာတစ်ခုခု ဖြစ်နေတယ်။
ကိုယ့် T ဆဲလ်တွေဟာ ဒေါသအရမ်းထွက်နေကြတယ်။
ကုသမှုဟာလည်း ပြီးဆုံးတယ်လို့ မရှိဘူး၊ ကိုယ်ခန္ဓာဟာလည်း
စက္ကူတစ်မျိုးပဲလေ၊ အချစ်ရေ မင်းကို မင်စုပ်စက္ကူနဲ့ စုပ်ယူ
လိုက်ရရင် ဘယ်လောက်ကောင်းမလဲ၊ ပြီး ကြီးကျယ်မြင့်မြတ်တဲ့
ပုံဖမ်းနေတဲ့ မင်းရဲ့ရုပ်ပုံကို ကိုယ် ရောင်စုံဖယောင်းခဲတံနဲ့ ဖမ်းလိုက်မယ်။
ဒဏ်ရာပတ်ပတ်လည်မှာ အနီရောင်သစ်ရွက်တွေ
ပေါက်နေကြတယ်။ အဲသလိုဆိုရင် ဟိုကောင် ကာရာဗာဂျီယိုကို
ကိုယ် ကိုင်လို့ရသွားမှာ ဖြစ်တယ်။ အဲဒီကောင်က သူတစ်ယောက်တည်း
ပီတိဖြာမှုကို စူးစိုက်ကြည့်ပြီး အဲဒီမှာ သူတောင်းစားတစ်ယောက်၊
သူခိုးတစ်ယောက်နဲ့ မီးလောင်နေတဲ့ ဘုရားရှိခိုးကျောင်းကို သူပဲ
မြင်တယ်လို့ ထင်နေတာ။ ပြီး ကွန်ကရိဟောခန်းဆီ တွားသွားပြီး
ချေထားတဲ့ အာလူးပြုတ်သွားစားတယ်၊ ဘယ်အချိန်ပဲစားစား၊
စားစရာဟာ ချေထားတဲ့ အာလူးပြုတ်ပဲ။ ပြန်၊ ပြန်လာခဲ့၊
အစအဆုံး ယခင်အတိုင်းပဲ ပြန်လုပ်၊ ရီနေဆန့်စ်ခေတ်ကနေ
ဘာရို့က်ခေတ် ပြောင်းသွားတဲ့အခါ လူပုံသဏ္ဌာန်ရဲ့ ထုထည်အရ
သရုပ်ဖော်မှုဟာ ပို၍ပို၍တောင် အချိုးပျက်လာတဲ့အထိ၊
ညနေခင်းဟာ နေ့လည်ခင်းကို လမ်းဖယ်​ပေးလိုက်သလိုမျိုးပေါ့
မဖြစ်နိုင်တဲ့ တံတောင်ရိုးတွေ၊ ဘဲငန်းသုက်ရည်နဲ့ လှပတဲ့
အလွန်လှပတဲ့ စက်ဘီးတွေ။

Lives of the Painters by Dean Young


(ဒီးန်ယန်းဂ် – ဘာသာပြန် ဇေယျာလင်း။ သြဂုတ်၊ ၂၀၁၄ – နှစ်ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s