လမ်းအိုလေး

Løøps of Resistance …

ကဗျာလောက (၆)

သင်္ကေတတွေရှိရင် သီချင်းဖြစ်ပါတယ် (မောင်နီဦး)

Leave a comment

ကဗျာရဲ့ ပထမစာကြောင်းမှာတင် ဘုရားသခင်ကို စမ္ပာယ်တော်မူစေတယ်
တစ်ကြောင်းပြီးတစ်ကြောင်း ရောက်လာသမျှ
ဖူးမြော်မာန်လျှော့ ကန်တော့ကြတယ်

ကမ္ဘာကြီးဟာ ကျည်ကာအင်္ကျီဝတ်ပြီး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးတယ်
ငြိမ်းချမ်းရေးပန်းခြံထဲကို လမ်းလျှောက်ဝင်လာပြီး ရုပ်တုအဖြစ် ရပ်နေလိုက်တယ်

စာရွက်ပေါ်မှာ ခဲနဲ့ခြစ်ပြီး ပြတင်းပေါက်ဖောက် အမိုး မိုးပေးထားတယ်
လူသားချင်း စာနာတတ်တဲ့ ပေါ့ဆမီးဟာ ငါ့တစ်အိမ်လုံးကို ပြာကျသွားစေခဲ့တယ်

အလင်းရောင်ဟာ ထွန်တုံးနဲ့အတူ ကျွဲလို နွားလို ရုန်းရတယ်
အမှောင်ကတော့ တစ်စစနဲ့ ငါ့လယ်ယာမြေတွေကို လိုက်သိမ်းနေတယ်

ညဟာ ရိက္ခာပြတ်ပြီး ကသောင်းကနင်းနဲ့ ငါ့သံရုံးထဲကို ဝင်လာတယ်
မီးခိုးဗုံးနဲ့ အမှာစာပို့ပြီး ငါ့လက်ထဲက သေနတ်ကို ဆယ်ကျော်သက်တွေက လုယူတယ်

ကော့တေးတွေနဲ့ ငါ့အသားကို မည်းတူးသွားအောင် ကင်ကြတယ်
တုံ့ပြန်မှုတိုင်းဟာ အချိန်မှန်မှန် အိမ်ကိုပြန်ကြရတာပဲ

ဆင်ခြေဆက်လက်တွေနဲ့ ဆင်ခြေဖုံးမှာ အမျိုးသားလုံခြုံရေးဟာ လူမမာလို နေရတယ်
မှတ်မိတာလေးတွေ ငါပြန်စဉ်းစားတယ်
ဖျောက်ဖျက်ပစ်ရမယ့် အရာတွေကို ချက်ချင်း ဖျောက်ဖျက်ပစ်လိုက်ဖို့ပဲ

အဖွင့်တီးလုံးပြီးအောင် ငါထိုင်စောင့်နေတုန်း
ပြက်လုံးတွေထဲကို တင့်ကားတွေ လှိမ့်ဝင်လာနေတယ်

အသက်ရှူသံ တစ်ထောင်ကျော်တဲ့အထိ ငါ အမှန်ကို မမြင်နိုင်ဘူး
တေးသွားတွေထဲမှာ ကိုယ်ပိုင်ဇာတ်လမ်းတွေ ရှိတယ်

အခန်းဟာ ပိန်းပိတ်အောင် မှောင်နေပေမယ့်
ငါ့ဖလင်တွေကိုတော့ ဆွဲမထုတ်လိုက်နဲ့

ဘယ်သူပဲရောက်လာလာ ငါ့အိပ်မက်တွေနဲ့ အိပ်လို့ကို မပျော်ဘူး

ဖြစ်ပုံက ဒီလိုပါ

သွေးကြောထဲမှာ စောင်းသံဟာ တသွင်သွင် စီးနေတယ်
ငါ့ဇီဝနာရီဟာ အရုဏ်တက်ဖို့ ဆယ့်ငါးမိနစ်လိုသေးတယ်

နာရီ မိနစ် စက္ကန့်တွေကို တစ်ထပ်တည်းကျအောင် လှည့်ယူလိုက်တယ်
အချိန်ပို နောက်ထပ်ဆယ့်ငါးမိနစ်မှာ စကားလုံးတွေနဲ့ ငါ ဈာန်ပျံခဲ့တယ်။


(ကဗျာလောက စုစည်းမှု-၆။ အောက်တိုဘာ၊ ၂၀၁၄ – နှစ်ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s