လမ်းအိုလေး

Løøps of Resistance …

ဘယ်လောက်ဝေးဝေး ဆက်သွယ်ရေး (ဟံလင်း)

တကယ်တမ်းက ဒီလို (Please don’t try these at home. Not good for kids) (ဟံလင်း)

Leave a comment

ခွဲစိတ်ခန်းထဲက ထွက်လာပြီးပြီးချင်း
Coca Cola တစ်ဗူး ဖောက်သောက်လိုက်တာနဲ့
ကျီးကန်းဟာ ဒေါင်းစင်စစ်ဖြစ်သွားတော့တယ်။
ဖိနပ်က မိထွေးသမီးအကြီးမနဲ့ပဲ အတော်ပဲ။
iPad ကိုယ်စီနဲ့လင်းတတွေကတော့ ပျော်တာပေါ့။

နှံကောင်ဟာ ပုရွက်ဆိတ်ရဲ့
ခြေတွေလက်တွေကို ဖြတ်ပြီးစားပစ်တယ်။
Freddy ဆီက လွှစက်ကြီးငှားလာပြီး ဖြတ်ပစ်တာ တဇွီးဇွီး။
တောင်ကြီးနှစ်လုံးကို မူလနေရာမှာ ပြန်လာထားသွားကြတယ်။

ဆင်းရဲသားတွေကို သေနတ်ထောက် ဓားပြတိုက်ပြီး
သူဌေးတွေကို ပေးဝေနေကျပဲ။

Vodka နဲ့မတည့်လို့တဲ့
ဘဲတွေအကုန် ရုပ်ဆိုးကုန်တယ်။
ဗေဒါလည်း တစ်စစီစုတ်ပြတ်သတ်ပြီး လွတ်မြောက်သွားတယ်။

ဝှက်ယူလာတဲ့ပုဆိန်နဲ့
မြစ်စောင့်နတ်ကို ကောက်ပေါက်ပစ်တယ်။
ဘယ် password နဲ့ဖွင့်ဖွင့်
ကျောက်ဂူတံခါး မပွင့်။

မိုးတွေရွာချလာလည်း သူခိုးအေးဆေးပဲ
တဲအမိုးပေါ် အပြုံးမပျက် ပုန်းလျက်
ဘုန်းကြီးကျောင်းထွက်သူခိုးဟာ
ပါဠိစကား နားလည်။
သားမက်ဟာ ဖုတ်ဝင်ပြီး
ကျောင်းကို ဓါတ်ဆီလောင်း မီးရှို့ပစ်တယ်။

မြေမှုန်ကဖြစ်တဲ့မိန်းမကို မက်မုံသီးတွေနဲ့မပေါက်ကြပါနဲ့
ဝင်လျှာရှည်တဲ့ Captain America ကို ပေါင်ကျိုးအောင်ထိုးပစ်ပြီ၊ ဒချိဒချိ။

အမြီးပြတ်တဲ့မြေခွေးဟာ ကျန်တဲ့မြေခွေးအပေါင်းရဲ့
အမြီးတွေကို လိုက်ကိုက်ဖြတ်ပစ်တယ်။
စိတ်ကောက်သွားပြီးတဲ့နောက်ပိုင်းမှာ
ညှပ်ကြီးဟာ ဘာလာလာညှပ်ပစ်တယ်။
မျှော်စင်ကို ဆက်ဆောက်ဖို့ သက်ဆိုင်ရာက ခွင့်ပြုလိုက်တယ်။

ဗမာတွေ ဖွင့်လို့လားတော့မသိဘူး
သေတ္တာထဲမှာ ဘာဆိုဘာမှ မရှိဘူး။
သစ်ပင်ပေါ်က မျောက်အသည်းကို
ခင်ပုပ်တစ်လှည့် မြည်းတစ်လှည့် ပင့်ဆောင်သွားကြတယ်။

ခြင်္သေ့ဟာ ယုန်ရဲ့နှာခေါင်းကို ပလာယာနဲ့ဆွဲဖြုတ်ပစ်တယ်။
ပြီးမှတစ်ကောင်လုံး မီးကင်စားပစ်တယ်။
မြေခွေးကို ကြိုးတုပ်ပြီး
စပျစ်သီးတွေနဲ့ ၀ိုင်းပေါက်ကြတယ်။

ကြောင်ဟာ နတ်သမီးတွေရဲ့အ၀တ်တွေကို ဖွက်ပြီး
ပြန်မပေးတော့ဘူး အစဖျောက်ပစ်တယ်။
ပြိတ္တာက ကားသော့ကို ဘောင်းဘီအိတ်ထဲ မထည့်ဘဲ
လူမြင်အောင်ကိုင်လာတယ် တချွင်ချွင်။

မိကျောင်းဟာ ဘာဂျာဆရာကိုအမှတ်တမဲ့ မျိုချမိတယ်
ဘာဂျာဆရာ မိကျောင်းရေချိုးဂိမ်း ကစားလိုက်တာ
အရှင်လတ်လတ်ကြီး ပြန်ထွက်လာနိုင်တယ်။
ဘာဂျာဆရာကို ပျဉ်းတော်သိမ်ရွက်တွေ ပြုတ်တိုက်ကြတယ်။

စာကလေးလို လျှာအဖြတ်ခံရလည်း
ခြေဟန်လက်ဟန်နဲ့ ဆက်ပြောပြနေတုန်းပဲ ညစဉ်။
ဝံပုလွေဟာ သိုးကျောင်းသားကိုပါကိုက်စားပစ်ပြီ။
ခြေစုန်းဟာ Medusa ကို အနိုင်ယူဖို့ ကြံစည်နေတယ်။
ကုန်းချောတဲ့ကြောင်မ နေ၀င်မှ လတ်ခမောင်းထခတ်တယ်။

ပါဝါရိန်းဂျားအနီကောင်ကတော့ နောက်ဆုံးမှရောက်လာ၊ ရဲတွေနဲ့အတူ။
သူနမ်းလိုက်မှပဲ တစ်ခါတည်း အသက်ပါထွက်သွားတော့တယ်။
Adam Smith ဟာ သူ့ Samsung ဖုန်းကို ဘက္ထရီဆွဲဖြုတ်ဖို့ ကြိုးစားနေတုန်းပဲ။

ဗုဒံ္ဓသရဏံသီးတွေကို ပုတီးလုပ်ပြီး လည်မှာဆွဲထားတဲ့ကြောင်ဟာ
ဘော်ဒီဂတ်တွေနဲ့အတူ ဓာတ်လှေကားစီးပြီး ဘုရားပေါ်တက်သွားတယ်။
ကြောင်ရဲ့ဘွတ်ဖိနပ်တွေဟာ ဂေါပကလူကြီးလက်ထဲမှာ။

၂၇ကြိမ်မြောက်ဆီးဂိမ်းရဲ့ ပုံမလာဇီးကွက်တွေဟာ မျက်မှောင်တွေကြုတ်ပြီး
ဓမ္မစေတီခေါင်းလောင်းကိုဆယ်ဖို့ ကြံစည်ကြတယ်။
ခြူးတွေကတော့ ပျော်တာပေါ့။
ဒူးတွေ ဘာတွေ နှန့်ပြီး ဂေါက်ရိုက်ကြတာပေါ့။
တစ်ချက်တည်းကျင်းဝင်တဲ့အကြောင်းတောင်
နေ့စဉ်ထုတ်သတင်းစာတွေမှာ ဖတ်လိုက်ကြရတယ်၊ ကောင်းထှာ။

၁၇ ၊ ၁၂ ၊ ၁၃


(ဘယ်လောက်ဝေးဝေး ဆက်သွယ်ရေး – ဟံလင်း။ ဇူလိုင်၊ ၂၀၁၄ – ကျော်မွှေးစာပေ။)

ဟံလင်း @Facebook

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s