လမ်းအိုလေး

Løøps of Resistance …

ဒီးန်ယန်းဂ် (ဇေယျာလင်း)

စိမ်းမြကို ဘယ်လိုဆုပ်ကိုင် (ဇေယျာလင်း)

Leave a comment

ကိုယ်စိုက်ခဲ့တဲ့အပင်တွေ ရှိခဲ့တယ်၊ ပထမဆုံးအပင်ဟာ
အက်ရှ်မာသစ်ပင်၊ ဘလူမင်ဂ်တင်န်မှာနေတုန်း ကိုယ့်ကြောင်သေကို
မြှုပ်ပြီး သူ့အပေါ် စိုက်ခဲ့တာ၊ ၆ နှစ်အကြာမှာ အပင်ကြီးဟာ
တကယ့်ကို ကြီးမားပြီး ကိုင်းညွှတ်လို့၊ မြေလူးငှက်တွေ အုံနဲ့ကျင်းနဲ့
နားလို့။ ကိုယ်တို့ သေဆုံးပြီးသွားရင် စိတ်အသေင်္ချေအနန္တနဲ့ ဘာလို့
ကိုယ်တို့ ပြန်မလာနိုင်ကြတာလဲ။ ဟောသောန်လမ်းမှာ နေတုန်းက
သစ်တော်ပင်နှစ်ပင်၊ အဲဒီအိမ်ကို အရှူံးခံရောင်းလိုက်ပြီးမှ
သူတို့မှာ ပွင့်လိုက်ကြတာ ခဲလို့။ သံစဉ်စုံလင်တဲ့ ဆူညံသံတွေ –
ဘာကြောင့်လဲ၊ ဘာအတွက်လဲ၊ ဝိဘတ်တွေအားလုံးဟာ မျှော်လင့်ချက်
ထားရှိနေကြသေးပေမဲ့ နောက်ဘဝဆိုတာ လျှို့ဝှက်နိုင်လွန်းစွ။
ဘုဇပတ်ပင်ပုပုလေး စိုက်ဖူးတယ်၊ တစ်နှစ်တောင် မခံခဲ့ပါဘူး။
မျက်လုံးဟာ ကောင်းကင်ကိုပဲ တကြည့်ကြည့်၊ အဲသလိုနဲ့ပဲ ကိုယ်တို့ဟာ
စည်းထားတဲ့ အလင်းတွေထဲ ပူးချည်ခံရ၊ စိမ်းစိုတဲ့ မြေပြင်မှာပဲ
မြှုပ်နှံခြင်း ခံကြရပါစေလို့။ ဈေးကြီးလွန်းလို့ ဂရုတစိုက်နဲ့
စိုက်ပျိုးခဲ့ရတဲ့ ဂျပန်ချယ်ရီပင် ရှိတယ်။ နွေဦးရာသီရောက်ရင်
မနက်ခင်းတိုင်းမှာ ကတ်ကြေးသေးသေးလေးနဲ့ တွယ်ငြိနေတဲ့ အခက်လေး
တွေကို ညှပ်ခဲ့ရတာ အဲဒီရှည်လျားတဲ့ အိုင်အိုးဝါး ဆောင်းရာသီတုန်းက
ငတ်မွတ်နေကြတဲ့ ယုန်တွေ ဝိုင်းရံ၊ သုသာန်ကို အရဲစွန့် ကျော်ဖြတ်လာကြတဲ့
ငတ်မွတ်နေကြတဲ့ ဒရယ်တွေ လာကိုက်ဖြတ်လို့။ ဒီကမ္ဘာလောကကြီးမှာ
ရက်စက်ကြမ်းကြုတ်မှု မရှိဘူးလို့ ဘယ်သူငြင်းမလဲ။ ဂရင်းဘက်ပင်၊
မိုးမခပင်နဲ့ ထင်းရှူးပင် ၄ ပင်တို့ရဲ့ သက်ရှိစည်းရိုးအဖြစ်
မေတ္တာနဲ့ ဖြစ်လာကြတာ ဘယ်သူ ဆန့်ကျင်မလဲ။ အဲသလိုနဲ့ပဲ
ကိုယ့်ကိုယ်ကိုယ် သတိပြုလိုက်မိတာ ကိုယ်ဟာ
ဝတ်ပြုကျောင်းတစ်ကျောင်းထဲ လှည့်လည်သွားလာနေပါပေါ့လား။

How Grasp Green by Dean Young

How Grasp Green (Dean Young)

Trees I have planted: an ash,
the first, over my dead cat in Bloomington
6 years later bent and huge and full
of mocking birds. Why not when we die,
we come back as myriad-minded? 2 blossoming
pears that didn’t blossom until I sold
the house on Hawthorne for less than I paid.
Melodious racket: What for? What for? All
prepositions are hopeful but opaque is
the afterlife. A tiny birch that didn’t make
one March. The eye is always skyward, thus
we are bound in sheaves of light and may we
be buried in greeny earth. An expensive,
doted-on Japanese cherry—every spring
morning with miniscule clippers, I’d snip
tiny cross-branches then that long Iowa
winter girdled by starving rabbits, ripped
apart by starving deer braving the crossing
from the cemetery. Who can doubt this world’s
brutality. Who questions the mercy of hidden
green back, a weeping pussy willow, 4 furs
that will grow into a living fence? And this
is how I find myself wandering a temple.

– From ‘Bender: New And Selected Poems’ by Dean Young


(ဒီးန်ယန်းဂ် – ဘာသာပြန် ဇေယျာလင်း။ သြဂုတ်၊ ၂၀၁၄ – နှစ်ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s