လမ်းအိုလေး

Løøps of Resistance …

မောင်ဒေး ကဗျာများ

ရှေးရှေးတုန်းက ရွာတစ်ရွာမှာ (မောင်ဒေး)

Leave a comment

ဟိုးရှေးရှေးတုန်းက လွမ်းသူ့ပန်းခွေတွေအကြောင်း မသိတဲ့ ရွာတစ်ရွာ ရှိတယ်။
အဲဒီရွာမှာ သစ်တောဦးစီးနဲ့ ဖောက်ပြန်နေတဲ့ သာလိကာတစ်ကောင် နေတယ်။

သံပုံးထဲက နွားနို့ရဲ့ နွေးထွေးတဲ့အနံ့၊ ဖြူလွတဲ့အရောင်တို့ဟာ နှစ်ခြိုက်စရာ
ကောင်းသလို တောင်တစ်လုံးကို ဒိုင်းနမိုက်နဲ့ခွဲလိုက်တဲ့ အသံဟာလည်း ဂီတပါပဲ။

တို့များအတွက်ကတော့ ယူသော်ရ၏ပေါ့။ မနေ့ညက ရှင် အချစ်ကြမ်းလိုက်ပုံများ
မုန်တိုင်းထဲက စပါးကျီတံခါးလိုပဲလို့ ချစ်ဇနီးသာလိကာက ပြောတယ်။

ငါတို့ရဲ့ အိမ်ထောင်သက်ဟာလည်း အူရောင်ငန်းဖျား သင်္ကြန်များစွာ၊ ကင်ဆာ
သီတင်းကျွတ်များစွာနဲ့ အသည်းခြောက် ခရစ္စမတ်များစွာတိုင်ခဲ့ပြီ ဖြစ်သလို

အခုဆို ငါတို့မှာ ခွေးတစ်ပိုင်း ဇာမဏီတစ်ပိုင်း၊ သရက်သီးတစ်ပိုင်း ဂါမဏိတစ်ပိုင်း၊
လူတစ်ပိုင်း လောက်တစ်ပိုင်း ရင်သွေးတွေလည်း ထွန်းကားခဲ့ကြပြီ။

ရုပ်ဝတ္ထုတိုးတက်မှုကို ဘယ်သူမှ ဖျက်လိုဖျက်ဆီး မလုပ်သင့်ဘူးလို့ ဆိုလေတော့
အောင်ဆန်းသူရိယဒေးဆိုတဲ့ ငါဟာလည်း နေမင်းကို ဖင်လှန်ပြရုံကလွဲပြီး

ဘာမှ မတတ်နိုင်ခဲ့။ ငါဟာ ငါ့အစ်မတွေလိုပဲ ကမ်းခြေမှန်သော်လည်း သဲမရှိ၊
ငါ့အစ်ကိုတွေလိုပဲ အမြဲတမ်း သတို့သမီးအရံသာဖြစ်ပြီး ကိုယ်တိုင်သတို့သမီးမဖြစ်၊

ပြီးတော့ ငါ့ရဲ့ဇနီးလိုပဲ ရောင့်ရဲတင်းတိမ်မှု မရှိဘူး။ အချိန်ကာလဟာ ဓာတ်ပုံ
အရိုက်ခံတဲ့အခါ လက်ကို ဘယ်မှာထားလို့ ထားရမှန်း မသိတဲ့လူနဲ့ တူပါတယ်။

မိတဆိုးဖြစ်ရတယ် ဆိုတာကလည်း စင်ဒရဲလားတစ်ယောက်တည်းတော့ မဟုတ်
ပါဘူး။ ကလေးတို့ရေ၊ ဒီပုံပြင်ဟာလည်း ကျောက်စာတစ်ချပ်၊ ပေတစ်ရွက်

တည်းနဲ့တော့ မလုံလောက်ပေဘူး။


(ကဗျာများ – မောင်ဒေး။ ဖေဖေါ်ဝါရီ၊ ၂၀၁၄ – နှစ်ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s