လမ်းအိုလေး

Løøps of Resistance …

ခေတ်ပြိုင်ကဗျာများ ၆၀း၁၅း၀၃ (စိတ်ကူးချိုချို)

အထီးကျန်နိုင်ငံသား (အောင်နှင်းသစ်)

Leave a comment

အဆင်ပြေတယ်မို့လား။ ဒီလိုပဲ ရယ်ကျဲကျဲနဲ့ နှုတ်ဆက်မေးမိ
ဒီလူ့ဘဝ ဒီသံသရာ၊ ဒီလူတွေနဲ့ ကိုယ့်လူတွေနဲ့ လှည့်ပတ်
ကဗျာတော့ မရေးချင်တော့ပါဘူးဗျာဆိုပြီး ဘာတွေမှန်းမသိ ရေးရေးမိ
ကိုယ်လဲ ဒုက္ခပဲရောက်ရောက်နေတဲ့ ဒုက္ခစက်ဝိုင်းထဲမှာ
သဘောင်္ကလဲ မှောက်မှောက်နေတယ်။ ဒီလိုပါပဲ ရယ်ကျဲကျဲနဲ့
ဒီလိုပါပဲ ဒေါသတများများနဲ့ ဒီလိုပါပဲ မိတ်ဆွေကြီးတွေနဲ့
ဒီလိုပါပဲ ငွေမြင်ရင် အိနြေ္ဒမဆည်နိုင်တဲ့ လူ့သဘာဝကြီးတွေနဲ့
အဆင်ပြေလားဆိုတော့ ဟုတ်ကဲ့ အဆင်ပြေပါတယ်လို့ ရယ်ကျဲကျဲ
ပြန်ဖြေရင်း ဒီလိုပဲပေါ့ဗျာလို့ နောက်ဆက်တွဲဖြည့်စွက်စကားလေးနဲ့
ဟန်လုပ်ရတယ်။ ဖြစ်ချင်တော့ ကိုယ်က အလုပ်လက်မဲ့ဝင်ငွေမရှိ
ဖြစ်ချင်တော့ ငွေနဲ့တည်ဆောက်မှ ‘ဘဝနေထိုင်မှုဟန်ပန်’ ဆိုလေတဲ့
စာလုံးလေးက အသက်ဝင် ချိုမြိန်တာ။ ဒီလိုပါပဲ ဖြစ်ချင်တော့
ချစ်သူနှုတ်ခမ်းကို နမ်းရတဲ့အရသာက စိတ်မှာမပြယ်နိုင်။ ဒီလိုပါပဲ
ဖြစ်ချင်တော့ မဖြစ်ချင်တာတွေက ငွေမလိုက်နိုင်တော့ ဖြစ်တယ်နဲ့
ဖြစ်ဖို့ အဆင်သင့်။ ဒီလိုပါပဲ အဆင်ပြေပါတယ်ဆိုပြီး စိတ်မကောင်းစရာ
စိတ်မသက်သာဖွယ်တွေပဲ ပြောနေ ရေးနေမိတယ်။ ဒီလိုပါပဲ
အဆင်မပြေဘူး အဆင်မပြေဘူးဆိုပြီး ညစဉ် ဘီယာဆိုင်ထိုင်ပြီး
ညည်းရတဲ့ အရသာနဲ့ ပုဂ္ဂိုလ်တွေကလည်း အပုံကြီး။
ငါ အထီးကျန်နေတာ ကြာပါပြီ။ ဒါကတော့ ဒီလိုပါပဲ မဟုတ်တော့ပါဘူး။
ဒါ အသေအချာပါ။ သမ္မတကြီးကတောင် ဖွင့်ဟထုတ်ပြောလာရပြီ။
‘အထီးကျန်နေတဲ့ နိုင်ငံ’ တဲ့။ အထီးကျန်နေတဲ့ နိုင်ငံက အထီးကျန်နေတဲ့
နိုင်ငံသားတစ်ယောက်ဟာ ငါပါလားလို့ ငါဂုဏ်ယူလိုက်ပြီ။
ဒီလိုပါပဲ၊ ရယ်ကျဲကျဲနဲ့၊ အဆင်ပြေတယ်မို့လား
အထီးကျန်နိုင်ငံသား။


(ခေတ်ပြိုင်ကဗျာများ ၆၀း၁၅း၀၃။ သြဂုတ်၊ ၂၀၁၄ – စိတ်ကူးချိုချို အနုပညာ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s