လမ်းအိုလေး

Løøps of Resistance …

ခေတ်ပြိုင်ကဗျာများ ၆၀း၁၅း၀၃ (စိတ်ကူးချိုချို)

အမြဲတစ္ဆေ (အောင်နှင်းသစ်)

Leave a comment

ညထဲ၊ လမ်းလျှောက်နေတဲ့ တေးသံများ
ပြိုနေတဲ့ အမှောင်ထဲမှာ ညမီးများတလက်လက်
အလင်းရောင်နဲ့ သွားသွားထိနေတဲ့ သစ်ရွက်လှုပ်လှုပ်
အခု ဒီမှာ ငါသတိရနေလို့
တမ်းတနေရခြင်း အမြဲတစ္ဆေဟာ ငါ့ကို အမြဲတစေခြောက်လှန့်နေလို့
သူပြောနေပုံက တကယ့်အတည်ပေါက်ကြီးဆိုတော့
ငါလည်း ခပ်တည်တည်ကြီး နားထောင်ပေးရတာပေါ့
ဟား ဟား ဟား လို့ ငါ မရယ်ပါဘူး
သူ့စိတ်ထဲ ဘယ်လိုတွေးတောချက်တွေ ရှိနေသလဲ
ကျွန်တော် လုံးဝမသိပါ
ပြောလိုက်တယ်နော် ကျွန်တော် ဘာမှမသိပါဘူးလို့
ကျွန်တော် အမြဲတမ်း စိတ်ရှုပ်နေပါတယ် ခင်ဗျာ
ခြောက်လှန့်မနေပါနဲ့ တစ္ဆေ
ကိုယ့်ဘာသာ အေးအေးနေစမ်းပါ
ငါတို့ဘဝတွေဟာလေ လွဲမှားတဲ့ ခံစားချက်တွေနဲ့ပါ
သိမှုအလွဲတွေနဲ့ ကြီးပြင်းဆဲပါ
‘လက်ဖက်ရည်တစ်ခွက်ဖြစ်လာဖို့
အဆင့်ဆင့်ဖျော်စပ် ဖြတ်သန်းခဲ့ရတယ်’
အဲသလိုလေးတော့ သိထား သတိထားသင့်တာပေါ့
ပိတ်ထားတဲ့ အရေးအသားထဲကိုလည်း
စိတ်နဲ့ပဲ ဝင်ရောက်ရမှာဆိုတော့
မစွဲလမ်းသင့်တာကို မစွဲလမ်းဖို့လည်း လိုတာပေါ့
ဒီလောက်ဆို ရမလား
အမြဲတစေကြီးတော့လည်း တစ္ဆေမခြောက်ပါနဲ့ဗျာ
ခြောက်ကပ်ကပ် လမ်းလေးပေါ် ရောက်တဲ့အခါတိုင်း
ကျွန်တော် သူ့ကို လွမ်းနေသလို
သူလည်း ကျွန်တော့်ကို လွမ်းနေမှာ။
ဒါ သေချာတဲ့စကားပါ။

၁၃-၁၂-၂၀၁၁

(ခေတ်ပြိုင်ကဗျာများ ၆၀း၁၅း၀၃။ သြဂုတ်၊ ၂၀၁၄ – စိတ်ကူးချိုချို အနုပညာ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s