လမ်းအိုလေး

Løøps of Resistance …

ဘီလူးတို့ရဲ့ မြေနုလွင်ပြင် (မောင်ဒေး)

ရုပ်ပြဇာတ်လမ်း (၂) (မောင်ဒေး)

Leave a comment

ရုပ်ပြဇာတ်လမ်း (၂) (မောင်ဒေး)

မြို့ထဲကို သူတို့ရောက်လာတာနဲ့ မြို့သားတွေက သူတို့ရဲ့ အိမ်တံခါးတွေကို ပိတ်လိုက်ကြတယ်။ မြို့လည်နာရီစင်က ဒေါင်ဒေါင်ဒေါင်ဆိုပြီး ငါးချက်မြည်တယ်။ မိုးတစ်ချက် ချုန်းလိုက်ပြီး နာရီစင်ထိပ်က လေညွှန်တံကို မိုးကြိုးပစ်ချလိုက်တယ်။ မြို့လည်စာသင်ကျောင်းက ကျောင်းသားတွေရဲ့ စာအံသံလည်း တိတ်သွားတယ်။ ကျောင်းအုပ်ကြီးက လမ်းပေါ်ထွက်လာပြီး ‘ဟေ့ … မင်းတို့ ဘယ်သူတွေလဲကွ၊ တို့မြို့ကို ဘာလာလုပ်တာတုန်း’လို့ အော်တယ်။

တစ်ချိန်တည်းမှာပဲ ဝမ်းဗိုက်တစ်ခုထဲမှာ တဒုတ်ဒုတ်နဲ့ အသက်ဇီဝကို ကန်းကန်းရမ်းရမ်း ညှစ်ထုတ်ပေးနေတဲ့ နှလုံးနဲ့ သူ့အောက်ဆီဂျင်မှာ နေ့စဉ် ကြီးထွားနေတဲ့အရာ။ တစ်ခုတည်း မဟုတ်၊ နှစ်ခု။ ရမ်းရမ်းကားကား ဆာလောင်နေတဲ့ မိစ္ဆာအစ်ကိုနဲ့ ရှင်သန်ဖို့အရေးအတွက် ခက်ခက်ခဲခဲ ကြိုးပမ်းနေရတဲ့ ညီငယ်။ တစ်ယောက်တည်းမဟုတ်၊ နှစ်ယောက်ဖြစ်တယ်။ မိစ္ဆာအစ်ကိုက ဗိုက်ထဲက အာဟာရကို မွတ်မွတ်သိပ်သိပ် စုပ်ယူနေပြီး ‘ဒီ အထဲမှာ ငါရှိနေလျက်နဲ့ အခြားတစ်ယောက်က ဘာကြောင့် ရှိနေရတာလဲ။ ငါသာ ရှိရမယ်။ ငါ … ငါ … ငါ … ငါ … ငါသာ’ဆိုပြီး တွေးတယ်။ သူ့မှာ ကိုက်ဖြဲစရာ၊ ဝါးစားစရာ၊ မျိုချစရာ သွားတွေ မရှိသေးပေမယ့် ညီငယ်ရဲ့ ခန္ဓာကိုယ်ကို သူ့ရင်ဘတ်နဲ့ အုပ်ထားရင်း ညီငယ်ရဲ့ အသက်ဓာတ်ကို စုပ်ယူတယ်။ မိစ္ဆာအစ်ကိုဟာ ပိုလို့သာ ကြီးထွား၊ ပိုလို့သာ သန်စွမ်းလာပြီး ဗိုက်သားနံရံကို တစ်ချက်တစ်ချက် ကန်ကျောက်တာကြောင့် မိခင်ကို နာကျင်စေတယ်။ ညီငယ်ရဲ့ အသက်ဓာတ်ကိုလည်း ခါတိုင်းထက် ပိုပြီးသာ စုပ်ယူနေတာ နောက်ဆုံး သူ့ရဲ့ မိစ္ဆာဝမ်းဗိုက်ထဲကို ညီငယ်ရဲ့ ခန္ဓာကိုယ် ဝင်ရောက်ပျောက်ကွယ်သွားတဲ့ အထိပဲ။ အချိန်တန်လို့ မွေးဖွားလာတဲ့အခါ အောက်စီဂျင်ကို အငမ်းမရ ရှူသွင်းနေတဲ့ ကလေးတစ်ယောက် တည်းသာ မိခင်ဝမ်းဗိုက်ထဲက ထွက်လာတယ်။ နှစ်ယောက်မဟုတ်၊ တစ်ယောက်တည်း။

သြဂုတ် ၁၊ ၂၀၁၁။


(ဘီလူးတို့ရဲ့ မြေနုလွင်ပြင် – မောင်ဒေး။ သြဂုတ်၊ ၂၀၁၂။ နှစ်ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s