လမ်းအိုလေး

Løøps of Resistance …

ဘီလူးတို့ရဲ့ မြေနုလွင်ပြင် (မောင်ဒေး)

ရုပ်ပြဇာတ်လမ်း (၁) (မောင်ဒေး)

Leave a comment

ရုပ်ပြဇာတ်လမ်း (၁) (မောင်ဒေး)

တစ်မနက်ခင်းမှာ ငါတို့အားလုံး အိပ်ရာကနိုးလာတော့ အံ့မခန်း စွမ်းအင်တွေကို ငါတို့ရနေတယ်။ အဲဒါက ပင့်ကူုကျွန်းရဲ့ ကောင်းကင်လျှောက်လမ်းပေါ်မှာ လျှောက်လှမ်းနိုင်စွမ်း။ တစ်နေ့တည်းမှာပဲ ငါတို့ဟာ ကတိပေးသူ၊ ရှေ့ဖြစ်ဟောသူ၊ လက်စားချေသူနဲ့ တရားစီးရင်သူတွေ ဖြစ်လို့ ရလာတယ်။ ငါတို့ဟာ လူသတ်ကွင်းကို ရေခဲလွှာပါးပါးနဲ့ ဖုံးထားပြီး ညရဲ့လုံခြုံမှုကို သံဆူးကြိုးနဲ့ ဝိုင်းကာထားတယ်။ တိတ်ဆိတ်မှုထဲမှာကိုပဲ တီးတိုးသာ ပြောကြတယ်။ ငါတို့ဟာ အမည်မရှိသေးတဲ့ အဆိပ်တွေအတွက် နာမည်တွေ စဉ်းစားကြတယ်။ ဘုရားသခင် အကြီးအမှူးပြုတဲ့ တိုက်ခန်းလှေကားထစ်တွေမှာ ကြွေအံကစားပြီး လမ်းထောင့် အမှောင်ရိပ်ထဲမှာ ဒေသခံ လူရိုင်းတွေ အလာကို စောင့်ကြတယ်။ အစက်ကလေးတွေကို တစ်ခုချင်းစီချပြီး စည်းမျဉ်းစည်းကမ်းတွေကို ဖော်ထုတ်နိုင်မယ့် အချိန်က သိပ်မလိုတော့ဘူး။ သယံဇာတက ကျိန်စာဖြစ်တယ်။ ဒီနေ့ကို ပြုလုပ်တဲ့ အရာက ဒီမြို့ကို ပြုလုပ်တယ်။ အနက်ရောင်သုတ်ပြီး ပိတ်လို့ရသလို အဖြူသုတ်ပြီးလည်း ပိတ်လို့ရတဲ့အခါ တို့ ဘာကိုရွေးမလဲ။

မနေ့ညက အိပ်မက်ထဲမှာတော့ ငါက အစကို ပြန်ရောက်နေတယ်။ ပြောင်းပြန်လှန်ပြီး လှမ်းထားတဲ့ အိပ်ရာခင်းလို ငါ့ကိုငါ ပြန်ဝှက်နေမိတယ်။ သက်သေခံ ပစ္စည်းကို ထိလို့မရတဲ့အတွက် ကိန်းဂဏန်းနဲ့ အသေးစိတ်မှတ်တမ်းတွေကို လိမ်လည်ပြုစုနေမိတယ်။ ပြီးတော့ ခင်ဗျားတို့လိုပဲ ရွှေဥ အုပေးတဲ့ ငန်းကို ဗိုက်ခွဲနေမိတယ်။

ဇူလိုင် ၂၇၊ ၂၀၁၁။။


(ဘီလူးတို့ရဲ့ မြေနုလွင်ပြင် – မောင်ဒေး။ သြဂုတ်၊ ၂၀၁၂။ နှစ်ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s