လမ်းအိုလေး

Løøps of Resistance …

အစွန်းထွက် ဇီဝဗေဒ (မောင်ဒေး)

ဘီးတဲလ်စ်၏ ရေဘဝဲဥယျာဉ်နှင့် အခြားတေးသီချင်းများ (မောင်ဒေး)

Leave a comment

ဘီးတဲလ်စ်၏ ရေဘဝဲဥယျာဉ်နှင့် အခြားတေးသီချင်းများ (မောင်ဒေး)

လူမရှိတဲ့ လမ်းတွေမှာ နာမည်လဲ မရှိဘူး။ အဝတ်ဗလာနဲ့ သွားလာကြတဲ့အခါ တစ်ယောက်ကိုတစ်ယောက် ပိုမှတ်မိသလိုလို ရှိတယ်။ ဖိုလိင်အင်္ဂါပုံ တည်ဆောက်ထားတဲ့ မျှော်စင်တွေက မြင်ကွင်းတနံတလျားမှာ ကောင်းကင်ကို ကိုက်ဆွဲချနေတဲ့ သစ်ကုလားအုတ်တွေလို။ မိန်းမတွေက ရင်သွေးတွေကိုပွေ့ပြီး ဒရွတ်သွားနေကြတယ်။ ဒီတစ်ကြိမ် သည်းခံလိုက်ရင် နောက်ထပ် အလှည့်ကျသူက နောက်မျိုးဆက်။
ဟောဒီကြယ်တွေမှာလည်း နာမည်မရှိဘူး။

ဒီရေအောက်ဥယျာဉ်မှာ လူအစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ ရှိသလား။ ငါးကြီးကြီးတွေက ငါးသေးသေးတွေကို စားတယ်။ ငါးသေးသေးတွေက ငါးပိစိကွေးတွေကို စားတယ်။ ငါးပိစိကွေးတွေက သဲကိုစားတယ်။ မျက်လုံးထဲ စိုက်ကြည့်တဲ့အခါ မြင်ရသမျှ အကြောက်တရား ရေညှိပျစ်ခဲခဲတွေ။ သံချေးက ဘယ်တော့မှ မအိပ်စက်ဘူး။ ဆဲလ်သေတွေက ရေအောက်ကြမ်းပြင်ပေါ် ကွာကျနေတယ်။ ဒီလှည့်စားမှုထဲမှာ နံရံတွေပြောတာကို မကြားရဘူး။ ငါးတွေက သူတို့ရဲ့ ဆူးတောင်ကို ဝှက်လိုက်တယ်။ နောက်ထပ် ရှည်ထွက်လာတဲ့ အမွှေးအမျှင်တွေ ပြီးတော့ နောက်ထပ် ရှည်ထွက်လာတဲ့ အမွှေးအမျှင်တွေ။ တစ်ခါတစ်ရံ ခွေး။ ငါက နယ်နိမိတ်ကို အခြေပြုတယ်။ မင်း ငါ့ကိုဟောင်ရင် ငါက မင်းကိုကိုက်မှာပဲ။ ရေနဲ့ငါးနဲ့ ရေလိုက်ငါးလိုက် ရေအောက်ဥယျာဉ်ကြီးထဲမှာ။ ငါးသေတွေအတွက် လက်ခုပ်တီးပေးပါ။ ငါးသတ်တရားခံတွေအတွက် လက်ခုပ်တီးပေးပါ။ ပင်လယ်ဆီက ခိုးယူထားတဲ့ပုလဲ။ မျက်လုံးတွေက ညာတယ်။

၂၀၁၀၊ ဧပြီလ၊ ၂၆။

(ဒီကဗျာကို သူငယ်ချင်း (သို့မဟုတ်) ညီအစ်ကို (သို့မဟုတ်) ညီအစ်မ တော်စပ်သူ မြတ်လင်းထွန်း (မရတ်)အတွက် ရေးပါတယ်။)


(အစွန်းထွက် ဇီဝဗေဒ – မောင်ဒေး။ ဇူလိုင်၊ ၂၀၁၁။ နှစ်ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s