လမ်းအိုလေး

Løøps of Resistance …

Black Dog Black Night

အိမ်ပြန်လာတဲ့လူ (မြင့်သန်း)

2 Comments

သူက အဲဒီကနေ အိမ်ကိုပြန်လာတာ
သူ့မိန်းမက တစ်ညလုံး ငိုတယ်။ သူ့ကလေးတွေကတော့ တစ်နေကုန် အူကြောင်ကြောင်နဲ့
အဲဒီကနေ အိမ်ပြန်လာတာ။
အိမ်ပြင်ကို သူထွက်လိုက်တော့၊ သူ့သူငယ်ချင်းတွေမျက်နှာမှာ သွေးမရှိတော့ဘူး။
အဲဒီကနေ အိမ်ပြန်လာတာ။
သူ့ခေါင်းနောက်ဖက်ဆီမှာ ယားသလိုဖြစ်သွားတယ်
လူတွေကြားထဲမှာ တစ်ယောက်ယောက်က သူ့ကို စောင့်ကြည့်နေသလို
တစ်နှစ်ကြာသွားတော့၊ စားသောက်နေရင်း ရုတ်တရက် သူ သီးသွားတယ်
နှစ်နှစ်ကြာသွားတော့၊ အိပ်မက်မက်လို့ သူ ချွေးတွေထွက်လာတယ်
သုံးနှစ်ကြာတော့၊ ပုတ်သင်ညိုတစ်ကောင်အတွက် သူ ဝမ်းနည်းလာတယ်
နှစ်တွေ အတော်ကြာသွားတော့ မှောင်ထဲမှာ တစ်ယောက်တည်း ထိုင်တဲ့အကျင့် သူရလာတယ်
တချို့နေ့တွေမှာ သူစိမ်းတစ်ယောက်ယောက်က စိုက်ကြည့်နေတယ်လို့ သူ ခံစားရလာမိတယ်
တချို့ညတွေမှာ ဘာရည်ရွယ်ချက်မှ မရှိတဲ့ အသံတွေက မေးခွန်းတွေ မေးလာကြတယ်
သူ့ပခုံးကို အသာတို့လိုက်တာနဲ့
ထ ခုန်ပါလေရော။

သူတို့ခံစားချက် ဆိုတာက ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ခံစားချက်မျိုးတွေ။ ပျောက်ပျက်သွားမှာကို စိုးနေတဲ့ ခံစားချက်မျိုးတွေ။ တလွဲဆံပင်ကောင်း၊ ဘာသာရေး အခြေခံတွေနဲ့ ဖယ်ဖျောက် မပစ်နိုင်တာမျိုးတွေ။ ဥပေက္ခာတရားနဲ့ မတော်မတရားကြံပြီး အဓမ္မကျင့် မေ့ပစ်ခိုင်းလို့ မရတာမျိုးတွေ။ ဒေါသကို ညင်ညင်သာသာလေးနဲ့ ရှိနေစေချင်တာမျိုး …

ဗီယက်နမ်တွေနဲ့ အတွေ့အဆုံ များလာတဲ့အခါ သူတို့တတွေ ဘယ်လောက်ပြုံးပြုံး၊ ဘယ်လောက်ရယ်ရယ်၊ အရယ်တွေ အပြုံးတွေဟာ မပြည့်ဝဘူးဆိုတာ သတိထားလာရမိတယ်။ တိုက်ရိုက်အနေနဲ့ တစ်စုံတစ်ရာ ဖော်ပြထားတာ မဟုတ်ပေတဲ့ သူတို့ ရင်ထဲဆီမှာ ဖြည့်လို့မရနိုင်သေးတဲ့ လစ်ဟာနေမှုတွေကို သိမြင်လာရတယ်။


ပျောက်ဆုံးသွားသူတို့၏ စွန့်ပစ်ခံများ – ကဗျာလောက (၃)။ ဇွန်၊ ၂၀၁၃၊ နှစ်ကာလများ။

The Man Who Came Back (Hoang Hung)

He came back from that far country
to find his wife in tears all night and his children bewildered all day

He came back from that far country
to see his friends turn pale at his apparition

He came back from that far country
and in the crowded street he has shivers at the back of his neck

After a year he will still choke in the midst of a party
After two years he still wakes in a sweat from nightmares
After three years a white lizard remains in his memory
After ten years he continues the habit of sitting alone in darkness

A day comes when he is tired of their staring
A night comes when a soft voice questions him

A tap on the shoulder
startles him

[Trans: Hoang Hung / Joseph Duemer]

Source: (Poetic) Cultural Capital – Sharpsand.net


Black Dog, Black Night by Hoàng Hung – New American Writing 23
(ဟွာဟန်းနဲ့ ဆုံရပြန်ခြင်း – မြင့်သန်း။ ကဗျာလောက (၅)။ မတ် – ၂၀၁၄၊ နှစ်ကာလများ။)

2 thoughts on “အိမ်ပြန်လာတဲ့လူ (မြင့်သန်း)

  1. သူအဲဒီအဝေးကြီးကနေ ပြန်လာတော့ သူ့မိန်းမက တစ်ညလုံး မျက်ရည်နဲ့ မျက်ခွက် /
    ကလေးတွေကတော့ တအံ့တသြတွေ ဖြစ်လို့ /
    သူ့ကိုတွေ့ရင်လည်း သူ့သူငယ်ချင်းတွေ လန့်တယ် /
    လူကြားထဲသွားရင်လည်း ကျောထဲက စိမ့်ကနဲ /

    တစ်နှစ်ကြာတာတောင် ထမင်းစားရင် သီးတုန်း /
    နှစ်နှစ်ကြာတာတောင် အိပ်မက်ဆိုးတွေ မက်ပြီး လန့်နိုး /
    သုံးနှစ်ကြာတာတောင် အိမ်မြောင်အဖြူတစ်ကောင်ကို မေ့လို့မရ /
    ဆယ်နှစ်ကြာတာတောင် အမှောင်ထဲ တစ်ယောက်ထဲထိုင်တတ်တဲ့ အကျင့် ဖျောက်မရ /

    နေ့ဆိုရင် အကြည့်ခံရတာ သူမုန်းလာတယ် /
    ညဆိုရင် အသံတိုးတိုးလေးနဲ့ အမေးခံရတယ် /

    ပုခုံးအတို့ခံရတိုင်း သူလန့်လန့်သွားတယ်။

  2. ပြန်လာသူတစ်ယောက်

    အဲဒီဟိုးအဝေးကြီးက သူပြန်လာတော့
    မိန်းမက တစ်ညလုံး မျက်ရည်စို့၊ ကလေးတွေဆို သူစိမ်းသွင်သွင်ကိုဖြစ်လို့
    အဲဒီဟိုးအဝေးကြီးက သူပြန်လာတော့
    တစ္ဆေလာခြောက်တဲ့ သူ့ကို သူငယ်ချင်းတွေ မျက်ပြူးဆန်ပြာ
    အဲဒီဟိုးအဝေးကြီးက သူပြန်လာတော့
    လူထူထူလမ်းပေါ်မှာဆို နားထင်နား ယားကျိကျိ
    တစ်နှစ်ကြာတဲ့တိုင် လူပုံအလယ် အိုးနင်းခွက်နင်းဖြစ်ဦးမယ်
    နှစ်နှစ်ကြာတဲ့တိုင် အိပ်မက်ဆိုးတွေကြောင့် ချွေးအရွှဲသားလန့်နိုးရတုန်း
    သုံးနှစ်ကြာတဲ့တိုင် အိမ်မြောင်ပက်လက်လေးတစ်ကောင် သူ့စိတ်မှာကြီးစိုးတုန်း
    ဆယ်နှစ်ကြာတဲ့တိုင် အမှောင်ထဲတစ်ကိုယ်တည်း ငုတ်တုတ်ထိုင်နေတတ်တဲ့ အကျင့်က ပါတုန်း

    နေ့ဘက်ဆို သင်းတို့ အကြည့်ရိုင်းတွေကို သူ စိတ်ပျက်တယ်
    ညဘက်ဆိုရင်တော့ မေးခွန်းသံတိုးတိုးလေးတစ်ခု ရှိတတ်တယ်

    ပုခုံးပေါ် ဖျပ်ခနဲပုတ်ခတ်တာကအစ
    သူ့လိပ်ပြာလေး လွင့်ပျံရ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s