လမ်းအိုလေး

Løøps of Resistance …

Hoàng Hung

အရူးမ (မြင့်သန်း)

Leave a comment

အုတ်ခဲကျိုးတွေ သူ့ခေါင်းပေါ်တင်
လမ်းလျှောက်ရင်း သီချင်းဆို
လမ်းရဲ့ အဆုံးဆီမှာတော့ ညနေခင်းက တဖြည်းဖြည်း ရောက်လာနေတယ်
လမ်းလျှောက်ရင်း သူက သီချင်းဆို
ငြိမ်းအေးလှတဲ့ သီချင်းတစ်ပုဒ်ရဲ့ အပိုင်းအစတွေ
ငါ့အသည်းနှလုံးဟာ ကြေကွဲခဲ့ရ
အလိုလေးလေး။ ရူးသွပ်ခြင်းရဲ့ ကျောက်ပြားနဲ့ အုတ်ခဲတွေ
ကျေးဇူးပြုပြီး သီဆိုပြီးရင်း သီဆိုစမ်းပါ့
ခင်ဗျားခေါင်းပေါ်မှာ ရွက်ထားတဲ့
အလုံးစုံသော အပျက်အစီး အစုအဝေး။

စာပေအပါအဝင် အနုသုခုမပညာတွေဟာ အတိုင်းအတာ တစ်ခုတည်းမှာပဲ တည်တယ်။ နက်လာလေ ပရိဝုဏ်က ကျဉ်းမြောင်း လာလေပဲ။ ပြည်သူအများစု လိုချင်တာက ‘ဖျော်ဖြေရေး’၊ ဥပမာ – မြန်မာနိုင်ငံမှာတော့ လူများများကြိုက်လို့၊ ဒါမှမဟုတ် စာပေဆုပေးဖို့ ရွေးချယ်ရေးအဖွဲ့ထဲမှာပါတဲ့ ခပ်တုံးတုံးလူတွေ(အများစု) သဘောကျတဲ့ ကဗျာတွေဟာ ဖျော်ဖြေရေးကဗျာတွေ၊ ဖျော်ဖြေရေးကဗျာဆိုတာက ကဗျာဖန်တီးသူဟာ သူ့ရဲ့ နေ့စဉ်ဘဝထဲ ဖန်တီးနိုင်တဲ့ စွမ်းအားကို ပိုးစိုးပက်စက် လျှော့ချလိုက်ပြီး ကဗျာဖတ်သူတွေ လွယ်လွယ်ဖတ်၊ လွယ်လွယ်ကြိုက် ဖြစ်လာအောင် ရည်ရွယ်ပြီးရေးတဲ့ ကဗျာမျိုး …


ဝေးဝေးက လှမ်းကြည့်နေလိုက်မိတဲ့ ငါ့တိုင်းပြည် – ကဗျာလောက (၄)။ နိုဝင်ဘာ၊ ၂၀၁၃၊ နှစ်ကာလများ။


Black Dog, Black Night by Hoàng Hung – New American Writing 23
(ဟွာဟန်းနဲ့ ဆုံရပြန်ခြင်း – မြင့်သန်း။ ကဗျာလောက (၅)။ မတ် – ၂၀၁၄၊ နှစ်ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s