လမ်းအိုလေး

Løøps of Resistance …

Black Dog Black Night

ခွေး အမည်း၊ ည အမည်း (မြင့်သန်း)

Leave a comment


ခွေးတစ်ကောင်
ခွေးမည်း
ခွေးမည်းက ညအထဲဆီ ပြေးဝင်သွားပြီး
သွားဖြဲပြီးဟောင်လိုက်ရင် ညကို နွေးထွေးစေတယ်


ခွေးမည်းက သွေးရောင်ထနေတဲ့ စံပယ်ပန်းကို ဟောင်တယ်


ခွေးမည်းက မော့လို့ လကို ကြည့်တယ်


ခွေးမည်းဆီက ဘာမှန်းမသိရတဲ့ စီခနဲ အသံထွက်လာတယ်
ညရဲ့နက်မှောင်နေခြင်း အတွင်းမှာ ဘယ်သူ့ဝိညာဉ်က လှုပ်ရှားနေတာလဲ


အိုး၊ ငါ့ခွေးရယ်။ ငါဝမ်းနည်းလှတယ်။
အားလုံးက ငါ့ကို စွန့်ပစ်သွားကြပြီ
အသာရှူလိုက်ပြီး ငါ့နှုတ်ခမ်းကို သူ့ပါးစပ်နဲ့ လာထိတယ်။


တစ်ညလုံး ခွေးမည်းက တောင့်တောင့်တတနဲ့ လိုက်ရှာနေတာ
အရင်ဘဝတုန်းက အရေပြားထဲ ယားနေခဲ့တဲ့ ဟာကို
ဘယ်လိုနည်းနဲ့မှ ဖော်ထုတ်ပြလို့ မရနိုင်တာမို့ ဒေါထ။

ဟွာဟန်က ဘာသာစကား ဖောင်းပွမှု မပါပဲ ကဗျာကို တည်ဆောက်ပေးထားရုံ မကဘူး။ သူ့ထုံးစံအတိုင်း သူရေးလေ့ရှိတဲ့ အတိုင်း ကြေကွဲမှုကို ပျောက်ဆုံးနေခြင်းအဖြစ် ညရဲ့နက်မှောင်မှုထဲမှာ ထည့်လိုက်တယ်။ နက်မှောင်နေခြင်း အတွင်း မှာ ဖော်ထုတ်ပြနိုင်စွမ်း မရှိတဲ့ ကြေကွဲမှုကို ထင်းထင်းကြီး ကြားလာရတယ်။ ခွေးရဲ့ အရေပြားထဲက မခံချိမခံသာ ဖြစ်နေတာနဲ့ အရင်ဘဝနဲ့ ဆက်စပ်ပြထားတာ …


Black Dog, Black Night by Hoàng Hung – New American Writing 23
(ဟွာဟန်းနဲ့ ဆုံရပြန်ခြင်း – မြင့်သန်း။ ကဗျာလောက (၅)။ မတ် – ၂၀၁၄၊ နှစ်ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s