လမ်းအိုလေး

Løøps of Resistance …

မောင်ဒေး ကဗျာများ

လေယာဉ်ပျက်ကျခြင်း (မောင်ဒေး)

Leave a comment

ငါ့နောက်ကလိုက်ခဲ့၊
ငါဟာလွတ်လပ်သူတို့ရဲ့ကိုယ်စားလှယ်။
နယ်ထိန်းတစ်ယောက်အဖြစ်နဲ့ ပြန်လည်မွေးဖွားပြီး
မင်းရဲ့တံစက်မြိတ်အောက် ငါ အခုပဲရောက်လာမယ်။
အိမ်နောက်ဖေးက ရေမည်းမည်းထဲမှာ မာကျူရီအဖြစ် ဖွဲ့စည်းပြီး
မင်းရဲ့အကြေးခွံအောက် ငါ ဒီနေ့ပဲ အရောက်လာခဲ့မယ်။
လှေကားထစ်တွေပေါ်မှာ မြွေမင်းသမီးနဲ့ ငါ ထွေးပတ် ကခုန်ကြ၊
အကျိအချွဲပုံထဲမှာ တဗိုင်းဗိုင်း ချော်လဲကြနဲ့ပေါ့။
မင်း ဒါကိုဖတ်နေချိန်မှာ အမှတ် ခြောက် ရဲစခန်းက
မင်းကို ထောင့်ချိုးထားတဲ့ စာအုပ်တစ်အုပ်လို ဖတ်နေတယ်။
လေယာဉ်မှူးကြီးက အားလုံးကို ပျော်စေချင်တယ်။
လေယာဉ်အဆင်းကို တို့နှစ်ဦးသား ပျော်ပျော်ပဲ စခဲ့ကြသလို
လျင်မြန်တဲ့နှုန်းက ငါ့ရဲ့စိတ်ကို ထကြွစေတယ်။

တို့အားလုံးကို ကောင်းကင်ဘုံဆီ ခေါ်ဆောင်သွားဖို့အတွက်
ကုလားအုတ်တွေဟာ နှမ်းစေ့အရွယ် အပ်ပေါက်ထဲကို တိုးဝင်ပျံသန်း။
ဘဒ္ဒကမ္ဘာဟာ ဖိုထိုးရ တပြည် ဝနိုးနိုးပေါ့။
ငါဟာ လှိုင်းထန်တဲ့ပင်လယ်ပြင်ကို ဖြတ်၊ တောင်တွေကို တက်ပြီး
ဂန္ဒီရဲ့ နောက်ကနေ ခြေဗလာနဲ့ ချီတက်လမ်းလျှောက်ခဲ့ပါသော်လည်း
အချိန်တန်ရင် မြက်တွေသာ ဝါလာမယ်ဆိုတာကို သိခဲ့ရတယ်။
ငါနဲ့ နှာခေါင်းသွေးယိုနေတဲ့ ဂန္ဒီတို့ ကုက္ကိုပင်အောက်မှာ
မြက်ပင်တွေအကြောင်း ရက်ပေါင်းတစ်ရာ ကြာအောင် ဆွေးနွေးတယ်။

ခြောက်ခန်းနေတဲ့ ရေကန်ကို ဗေဒါက နာမည်ပေးခဲ့သလို
လူဝင်လူထွက်များတဲ့ ဖာတန်းကို ကဗျာဆရာက နာမည်ပေးခဲ့တာဖြစ်တယ်။
လူကြားသူကြား မကောင်းလောက်အောင် အော်ဟစ်ညည်းတွားနေတဲ့
လူယောက်ျားနဲ့ လူမိန်းမကို စောက်ပါးစပ် ပိတ်ခိုင်းလိုက်၊
ပြီးရင် သူတို့မိတ်လိုက်ဖို့ ကြာအပြည့်နဲ့ ရေကန်တစ်ကန် ပေးလိုက်ချေ။
အချိန်တန်ရင် ပေါ်တာအဆွဲခံရသူဟာ သူ့နေရပ်ကိုပြန်လာပြီး ‘အိမ်
ချိုမြိန်သော အိမ်’လို့ရေရွတ်မှာပဲ။ ထောက်ကြန့်နားက လယ်ကွင်းတစ်ခုမှာ
လေယာဉ်မှူးရဲ့အလောင်းကို လေယာဉ်အပျက်အစီးပုံထဲ ရှာဖွေနေဆဲ ဖြစ်ပါတယ်။

၁၃ ဂျူလိုင် ၂ဝ၁၃


(ကဗျာများ – မောင်ဒေး။ ဖေဖေါ်ဝါရီ၊ ၂၀၁၄ – နှစ်ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s