လမ်းအိုလေး

Løøps of Resistance …

မောင်ဒေး ကဗျာများ

ကြွေပြားစီ (မောင်ဒေး)

Leave a comment

မင်းရဲ့ဂုဏ်တော်ကို ငါကျူးရင့်။ ပင့်ကူတွေအကြောင်း
ငါ့ကို မင်း သတိမပေးခဲ့ဘူး။ မင်းကတိပေးထားတဲ့ လင်းပိုင်လည်း
ငါ မရသေးဘူး။ မင်းရဲ့ တွင်းထဲက နဂါးဟာ
ချောကလက်ရေခဲမုန့် စားတယ်၊ မာယာကော့ဗ်စကီး ဖတ်တယ်။
ပျက်စီးစရာရှိလာရင် မတ်တပ်ရပ်နေရင်းလည်း ပျက်စီးရတာမို့
အနီရောင် တပ်မတော်ဟာ အိပ်ရာက စောစောထလာတယ်။
လင်းယုန်တွေကို လည်ပင်းလှီးပြီး မင်းအသက် မွေးမယ်ဆိုရင်
နတ်သမီးတွေ ပျာယာခတ်ကုန်မယ်။ ငါ့ရဲ့အဆို့ရှင်ဟာ
ငါပြန်လာမယ့်ရက်ကို စောင့်နေလေရဲ့။ တကယ်ပါ။
ဒီစကားကို ငါ လွယ်လွယ်ပြောခဲ့တာ မဟုတ်ပါဘူး။

ငါတို့ရဲ့ဗိသျှနူး ဖော်ဝေးက
ကုန်းပေါ်တက်လာတဲ့ ပင့်ကူကြီးတွေကို လက်ဝါးစောင်းနဲ့ ရိုက်ချတယ်။
ငါနဲ့ ငါ့ရဲ့ပါးခြုပ်ဟာ လင်နဲ့မယား လျှာနဲ့သွား ဆိုတာမျိုးပါပဲ။
တစ်နေ့မှာတော့ လယ်ထဲက ပြန်လာတဲ့အဖေ့ကို
ငါတို့နှစ်ယောက် နေ့ဖို့ညစာ မချန်ဘဲ စားလိုက်ကြတယ်။
ငါတို့ကို ဘယ်အရာက ညီညွတ်စေသလဲဆိုတာ ငါ တကယ်မမှတ်မိဘူး။

ငါးလိပ်ကျောက်ဟာ ငါ့ကို ပြုစားထားတယ်။ သူ့ရဲ့အမြီးက
တစ်ချိန်မှာ မြို့တော်ဝန်ဖြစ်လာတယ်။ ငါးလိပ်ကျောက်နဲ့ ငါ့ကို နှိုင်းတာကို
ငါ ငြီးငွေ့လှပြီ။ ငါ့ရဲ့ကြမ္မာကို ငါမပိုင်ဘူး။ ငါ့တိုင်းပြည်ရဲ့ကြမ္မာကို
ငါးလိပ်ကျောက်ရဲ့အမြီးက ပိုင်သတော်မူတယ်။
ဘာပဲဖြစ်ဖြစ် အိမ်သာနံရံကြွေပြားပေါ်က နီမိုငါးကလေးဟာ
ဘဝကို လွယ်ကူသယောင် ထင်မှတ်စေတာတော့ အမှန်ပဲ။

၇ မတ်လ ၂ဝ၁၃


(ကဗျာများ – မောင်ဒေး။ ဖေဖေါ်ဝါရီ၊ ၂၀၁၄ – နှစ်ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s