လမ်းအိုလေး

Løøps of Resistance …

တာ့လျန်က လာတဲ့ဖုန်း (ဟန်တောင်)

အေ နဲ့ ဘီ (ဇေယျာလင်း)

Leave a comment

ခုတင် တစ်ဘက်တစ်ချက်မှာ လူနှစ်ယောက် အေနဲ့ဘီ ထိုင်နေကြတယ်
နှစ်ယောက်စလုံးဟာ ကျောခိုင်းပြီး ဖိနပ်တွေ ကောက်စီးနေကြတယ်
အေရဲ့ရှေ့မှာ ပြတင်းရှိလို့ လမ်းကို သူလှမ်းကြည့်တယ်
လမ်းနဲ့ မြေပြင်ညီသစ်တစ်ပင်။ ပင်စည်ကို နံရံက ကွယ်ထားတယ်
အဲဒါကြောင့် သူဟာ တဖြည်းဖြည်းလှီသွားတဲ့ သစ်ကိုင်းတစ်လျှောက်
အဆုံးစွန်အထိ သူကြည့်ရတယ်။ နောက်ထပ်နံရံမတွေ့ခင်
လေဟာပြင်၊ ဘာမှမရှိ၊ သစ်ကိုင်းမရှိ လမ်းမရှိ
ကောင်းကင်လည်း ဟာလာဟင်းလင်းပဲ ဖြစ်နေမှာပါပဲ။ အေဟာ
ဒုတိယအကြိမ် ပြန်ကြည့်လိုက်တယ်
ဦးခေါင်းကို ဘယ်ဘက် ၅ စင်တီမီတာ၊ ဒါမှမဟုတ် အရှေ့ဘက်ကို
တစ်ချိန်တည်းမှာ ၅ စင်တီမီတာထက်ပိုပြီး ကြည့်လိုက်တယ်
နောက်ထပ်သစ်ကိုင်း၊ ဗလာနယ်လျော့သွားတယ်။
ဘယ်ဘက်မျက်စိဟာ ညာဘက်မျက်စိထက် ပိုမြင်ရတယ်။
တစ်ဘက်နဲ့တစ်ဘက်အကွာအဝေးကတော့ ၃ စင်တီမီတာပါပဲ။
ဒါပေမဲ့ သူကြည့်လိုက်တဲ့ သစ်ကိုင်းပိုလေးဟာ
၃ စင်တီမီတာထက် ပိုနေတယ်၊ ဒီကွာဟချက်ကိုသုံးပြီး
အေဟာ လမ်းမတန်းကို ပြန်ကြည့်လိုက်တယ်
ဘယ်ဘက်မျက်လုံးကို ပိတ်လိုက်တယ် ပြီး ညာဘက်မျက်လုံး
ဘယ်ဘက်မျက်လုံးကို ဖွင့်ပြီး ပြန်ပိတ်လိုက်ပြန်တယ်။
ဒီအချိန်မှာ မျက်စိနှစ်ဘက်စလုံးမှိတ်လို့။ အေဟာ
ဘာကိုမှ မကြည့်ဘူး။ အေဟာ ဖိနပ်ကြိုးချည်တဲ့အခါ
ဘာကိုမှ ကြည့်စရာမလိုဘူး၊ ခြေထောက်လည်း ကြည့်ဖို့မလိုဘူး။
ဘယ်ဘက်ပြီးရင် ညာဘက်။ အခု နှစ်ဘက်စလုံးချည်ပြီးပြီ။
လေးနှစ်အရွယ်မှာ ချည်တတ်နေပြီ၊ ငါးနှစ်အရွယ်မှာ
ချီးကျူးခံရတယ်။ ခြောက်နှစ်အရွယ်မှာ ကျွမ်းကျင်အဆင့်။
ဒါဟာ အသက်ခုနစ်နှစ်အကျော်မှာ အေရဲ့ ဘဝနေ့တစ်နေ့၊
အသက် ၃၀ ကျော်စ အရွယ်မှာ နေ့တစ်နေ့၊ အသက် ၆၀
ကျော်စအရွယ်မှာ နေ့တစ်နေ့၊ ခါးကုန်းပြီး ဖိနပ်ကြိုး
သူချည်နိုင်သေးတယ်။ ဖြစ်ပုံက သူဟာ
ဘီကိုလျစ်လျူရှုခဲ့တာ တော်တော်ကြာပြီ။ ဒါဟာ ငါတို့
(စာရေးသူပထမ၊ ပြီးရင် အေ)ရဲ့ နှစ်ယောက်အမှား
သူမ(ဘီ)ဟာ အေကို ကျောခိုင်းပြီး
ခုတင်ပေါ်မှာ မတ်မတ်ထိုင်နေတယ်
သူမရှေ့မှောက်မှာ ဘီဒိုတစ်လုံး
မှန်ချပ်ကနေ အေမမြင်တဲ့ ပန်းကန်ပြားတွေကို သူမ မြင်တယ်
ဒီဇာတ်လမ်းကို အဆုံးမသတ်ခင် တစ်ခုတော့ သတိပြုပါ
ဘီဟာ ဖိနပ်စီးပြီး မတ်တပ်ထလိုက်တဲ့အချိန်မှာ
တစ်ခုတုန်းက အေရဲ့ သုက်ရည် သူမပေါင်မှာ စီးကျလာတယ်။

A and B (Han Dong)
(၁၉၉၁)


A Phone Call From Dalian by Han Dong – Edited by Nicky Harman 2012
(တာ့လျန်ကလာတဲ့ဖုန်း (ဟန်တောင်) – ဘာသာပြန် ဇေယျာလင်း။ ၂၁ မတ် ၂၀၁၄ – နှစ်ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s