လမ်းအိုလေး

Løøps of Resistance …

မြို့တွေ၊ ရွာတွေ၊ ကဗျာတွေ (ဇာတိရနံ့ ကဗျာများ)

ရန်ကုန် (ကြည်ဇော်အေး)

Leave a comment

အလိုတော်အရ
မိုးက လမ်းမတွေပေါ်တဖွဲဖွဲ
အလိုတော်အရ
မြို့ရဲ့တစ်နံတစ်လျား ရွှဲရွှဲစိုလို့။
တိုက်ခေါင်မိုးတွေပေါ်က လျှောကျလာတဲ့လေရူးဟာ
နောက်ဖေးလမ်းကြားထဲမှာ နေတယ်။
သေမထူး နေမထူး
ချောင်းဆိုးသွေးအန်နေ့တစ်နေ့မှာ
အလိုဆန္ဒတွေ ယာဉ်ကြောပိတ်ဆို့မှုဖြစ်တယ်။
သစ်ရွက်ခြောက်ကလေးတွေတောင်
ခ စရာ မြေမရှိတဲ့ အရပ်ပါကွယ်။
ခေါင်းတိုင်ထဲက ထွက်လာတဲ့ချွေးတွေ
ဖွဲမီးလိုသက်ပြင်းတွေ
အဟောင်းထည်တွေ
ထင်ရှားတဲ့အမှတ်အသားမရှိသော ကုသိုလ်ကံဟာ
ဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူနေတယ်။


(မြို့တွေ၊ ရွာတွေ၊ ကဗျာတွေ – ကလောင်စုံ။ သြဂုတ်၊ ၂၀၁၁ – စိတ်ကူးချိုချို အနုပညာ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s