လမ်းအိုလေး

Løøps of Resistance …

ခင်မောင်ရင်

၁၂လ ရာသီ ပန်းဖွဲ့ (လွန်းဆက်နိုးမြတ်)

Leave a comment

ဘဝမှာ မကြာခဏ ရေမီးမစုံလင်လို့
တစ်ကိုယ်တော်ဆန္ဒ ထထပြတတ်တဲ့ ကံ့ကော်
ညတရေးနိုး အင်အားသုံးဖြိုခွင်းခံရတဲ့အခါ
သပိတ်စခန်းကနေ
အရေးတကြီး ဖုန်းလှမ်းလှမ်းဆက်တတ်မြဲ အိမ်နီးနားချင်း ပိတောက်နဲ့
လမ်းမှာတွေ့တိုင်း နေကာမျက်မှန်ကြီးတပ်လို့
မီတာခတွေ ဈေးတက်သွားပြီ ပြောပြောနေ ရင်ခတ်တွေ။

တစ်ကြိမ်မဟုတ် နှစ်ကြိမ်မဟုတ်
စကားထဲက ဇာတိပြပြလာတာ
စံကားပန်းကတောင် အရှုံးပေးရတယ်
ပထမ မီးမရှိ ဖယောင်းတိုင်ထွန်း
ဒုတိယ နယ်လှည့်ပါးရိုက်
တတိယ သုံးသိန်းလာဘ်စား
စံပယ်ပွင့်လေး နဖူးပေါ်
လက်နဲ့အုပ်ပြီး အဖျားတိုင်းယူရတယ်
ခမျာမှာ တစ်နေကုန် တစ်နေခမ်း
ခရမ်းလွန်ရောင်ခြည်အောက် အုတ်သဲကျောက်ထမ်းရရှာ
မြတ်လေးအဖို့မှာတော့ ဒီမိုကရေစီဆိုတာဟာ
နားလည်ရ အခက်သား
အဲဒီညက မိကျောင်းပန်းတွေဆိုမှဖြင့်
ဖြိုဖျက်ခံကျူးကျော်တဲတွေလို ဖွေးဖွေးလှုပ်လှုပ်
ဆင်းရဲမွဲတေမှုမပျောက်ပျက် ငြိမ်းချမ်းရေးမရရှိလည်း
ပုန်းညက်ဟာ ပုန်းညက်ပဲ
ခေတ္တခဏ ဆိုင်းငံ့လိုက်ရုံနဲ့ ဧရာဝတီကို ခတ္တာမမေ့ဘူး။

ကြံကြီးစည်ရာဟယ် မျိုးစောင့်ဥပဒေက တကယ်လိုအပ်နေလို့လား
သို့ကလို ယင်းမာဟာ ရှုပ်ရှုပ်ယှက်ယှက် မတွေးတတ်သူလေးပါ
ကန်ထဲက ကြာတွေတောင်မှ ခြေဥကို မြန်မြန်ပြင်စေချင်
တစ်သက်နဲ့ တစ်ကိုယ်
သန့်ရှင်းပြီး ကောင်းမြတ်တဲ့ အစိုးရ
ခဝဲပွင့်တို့ မရရှိဖူးဘူး သဇင်
လော်ဘီခွာညိုက ဖေ့စ်ဘွတ်ပရိုဖိုင်းအစစ်အမှန်ပါတဲ့
လက်ပံပင်ပဲ ဇရပ်ကျကျ ကုလားသိုက်ပဲ ကျားဝင်ကိုက်ကိုက်
သရဖီကတော့ DKBA နောက် လိုက်သွားပြီ။

၎.၄.၁၄
မနက် ၀၂း ၃၀ နာရီ


(LunnSet NoeMyat @Facebook – Image: Kin Maung Yin)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s