လမ်းအိုလေး

Løøps of Resistance …

ကိုးဆယ့်တစ် - Pemskool Pdf Poetry

မောင်လူအေးသို့ (မိုးဝေး)

Leave a comment

နှစ်တွေပြောင်းနေတယ် ထင်ရင်း ထင်ရင်း
လမ်းတလျှောက် တိုးတိုး တိုးတိုး ရွတ်ဆိုနေမိ
တွေးရင်း ငေးရင် ငေးရင်း တွေးရင်း
ငှက်ကလေး ဒီနေ့ နေကောင်းထိုင်သာရှိနေတယ်
အားကြီးတဲ့သူတွေ ရှင်သန်နေတာမဟုတ်ဘူး
ရှင်သန်နေသူတွေသာ အသက်ရှင်တာ
ဒီလိုနဲ့ရောက်လာတယ်
ငှက်ကလေး အရင်လို မပျံသန်းနိုင်ဘူး
ငှက်ကလေး တစ်မြို့လုံးပတ် လျှောက်ခဲ့တယ်
ဖိနပ်တွေ မီးခိုးထွက်လာတယ်
မောင်လူအေးကို သတိရမိတယ်
မောင်လူအေးကို ပြောပြရဦးမယ်
လာဖြစ်တာ လွယ်တယ် မလာဖြစ်တာ ခက်တယ်
ငှက်ကလေးကို ယုံကြည်ပါလို့ ခေါ်ကြတယ်
ငှက်ကလေး နာမည်က မယုံကြည်လည်း ကိစ္စမရှိပါဘူး
ငှက်ကလေးမှာ အကြောင်းအရာ မရှိဘူးလေ
ဒါနဲ့ ငှက်ကလေးအကြောင်း သိသလိုလိုနဲ့
ငါ့အကြောင်းပြောပြလိုက်တယ်
ကံကောင်းချင်တော့ သူကြားချင်တဲ့အတိုင်း ဖြစ်သွားတယ်
မုန်တိုင်းရှိတဲ့အကြောင်းကို ငှက်ကလေး နောက်ကျတာနဲ့ အစားထိုးခဲ့တယ်
တို့တစ်တွေ တွေ့ကြတဲ့အခါ ကမ္ဘာကြီးရှိပါဦးမလား
ကမ္ဘာကြီး ဘယ်ကမ္ဘာရောက်သွားပြီလဲ
ပွဲဈေးရှိတယ်လေ၊ ငှက်ကလေးတို့ ကျောင်းရှေ့ကို တစ်နေ့
ငှက်လေးရောက်သွားတော့ အရာရာဟာ အရင်အတိုင်းပါပဲလားလို့
ငှက်ကလေးတွေးလည်းတွေးချင်တယ်
သို့သော်လည်း ဘယ်သူမှမရှိကြတော့ဘူး
ရှိခဲ့ဖူးတယ်ဆိုတာပဲ သိတော့တယ်
သိတော့တယ်ဆိုသော်လည်း
ငှက်ကလေးကိုတော့ ဘယ်သူမှမသိကြဘူး
ဒါပေမယ့် ငှက်ကလေးက ရှိနေတုန်းပါပဲ
ရှိနေဆဲပါပဲ မောင်လူအေးရေ … ။
(ကိုးဆယ့်တစ် – Pemskool Pdf Poetry။ စက်တင်ဘာ – ၂၀၁၀)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s