လမ်းအိုလေး

Løøps of Resistance …

kmy 1995

ငြိမ်းချမ်းရေးညစာဆိုရင် မနက်စာကိုမစားရသေးတဲ့လူတွေကြား သွားဆရာ (စိုင်းဝင်းမြင့်)

Leave a comment

နောက်ဆုံးဒြပ်စင်ထဲက ဇာတ်လိုက်ကိုသတိရ
နောက်ဆုံးတစ်ခွက်ကပဲ ပြန်စပေါ့
ပြန်စတဲ့အခါ စစချင်းပြန်ရမှာက ငြိမ်းချမ်းရေး
နံရံမှာ ဘာရေးထားသလဲဆိုတော့
ယခင် ၁၀၀၀၀
အခု ၈၀၀၀
ဘာငါးလဲဆိုတော့ ကြယ်ငါး ဆယ်လမွန်ငါး
ငါးနာမည်မပါတဲ့ငါး
ထိစမ်းကြည့်မလားဆိုတော့မှ
အနာဂတ် ငါးမှာ
ဒီမှာ ကြွယ်သူတွေချည်းပဲ
ဉာဏ်ရှိမှ အနားလာ
ဉာဏ်ရှိနေလို့သာရယ်ရ
စက်တွေနဲ့သာမယဉ်ပါးရင်နေရမယ်
ရယ်စရာကို ပိုက်ဆံနဲ့ကြည့်လာသူတွေ
မှာမိတာက အနာဂတ် ငါး
အနာဂတ် ငါး ဆိုတော့ အနာဂတ်ဈေးပေါ့
၆၀၀၀ နဲ့မရ
၆၀၀
တစ်ပေပတ်လည်မှာ
နာရေးကြော်ငြာ တစ်လက်မ နှစ်ကော်လံမှာ ကုဋေ ၆၀၀၀လည်း ဖြစ်နိုင်သေးတာပဲ
ငြိမ်းချမ်းရေးက ဈေးသာမပေးတာ
လိုချင်တာက ဝေလငါးလောက်
လူ ၁၀ ယောက်စာ စားပွဲနှစ်ဝိုင်းဆက်စာလောက်
ဝေလငါး သားပေါက်လောက်ဆို
ရောက်ပါပြီ ရပါပြီပေါ့
ကျေးဂျူး ကမ္ဘာ
ငါ့ညီကရင်ကို လက်ဆွဲနှုတ်ဆက်ပြီး
ငါ့ယောက်ဖ ကချင်ကို ပါးဖြတ်ရိုက်တာ ကျေးဂျူးကမ္ဘာ
တစ်ဖက်မှာ အပစ်အခက်ရပ်စဲရေးကို ရေပေါ်ရေးပြီး
တစ်ဖက်မှာ သွေးချင်းကိုထိုးစစ်ဆင်တာ
ကျေးဂျူးကမ္ဘာ
ဒီမှာ ပေါင်လို့ရတာ ရောင်းလို့ရတာ အကုန်စုပုံထားပါတယ်
မိန်းမနားရွက်ကိုဖြတ်ပြီး ငြိမ်းချမ်းရေးလုပ်လာသူလည်းပါပါတယ်
(ဖြုတ်စရာ နားကပ်က နာဂစ်တုန်းကပါသွား ဖြတ်ရောင်းစရာ နားရွက်ပဲရှိတော့လို့ပါ)
ရှေ့မှာ ကျွန်တော်ပြောခဲ့ပြီးသားပါ
ဒီနေ့ဒီရက်ကတော့ ရယ်စရာပဲဆိုတာ
ရယ်စရာကိုဈေးပေးဖို့ ဝန်မလေးဆိုတာ
ဒီနေ့ဒီရက်ထဲမှာမှ သွားဆရာလည်းပါ
နာကျင်ရယ်မောစရာများကြားကပဲပေါ့
တစ်ချောင်းစိုက်ရင် နောက်တစ်ချောင်း လက်ဆောင်စကားနဲ့
အမှောင်ကျနေတုန်း ရွှေသွားတစ်ချောင်းစိုက်လာ
ရယ်စရာဟာ အရှိန်ပိုရလာ
ကိုယ်တွေ့များပြောပါတယ်
ဟိုကောင်ငယ်ငယ်တုန်းက သွား သွားနှုတ်တာ
သွားဆရာဝန်က မနာတဲ့သွားမှားနှုတ်မိ
မှားသွားပြီလို့တော့ပြောတယ်
မှားသွားပြီ တစ်ခွန်းပြောပြီး မှန်တဲ့သွားအမြန်ပြန်နှုတ်ပေးတယ်
သွားနှုတ်ခဈေးတွက်တော့ တစ်ချောင်း ၁၀၀၀ မှာ
ဘယ်လိုယူလိုက်တယ်မသိဘူး နှစ်ချောင်း ၁၅၀၀
နာတဲ့သွားက ဘယ်လောက်
မှားတဲ့သွားကဘယ်လောက်
တကယ်နာတဲ့သွားနဲ့ မှားနှုတ်ခံရတဲ့သွား ဈေးအတူတူထား
အားနာလို့ လျှော့ပေးတာလည်းဖြစ်နိုင်ပါသေး
အခြားတွက်နည်းများလည်း ဖြစ်နိုင်ပါသေးတယ်။
နောက် နောက်ထပ်ရှိသေး
နာကျင်ရယ်မောစရာတွေ လူတိုင်းပြောပြတတ်သေး
သွားဆရာဝန်မှ မရယ်ရရင် လူရွှင်တော် ငိုရမယ်လေ
နာကျင်ပျော်ရွှင် သွားဆရာပုံပြင်တွေကို
လူတိုင်းရောင်းဖို့ရှိနေ
ကျွန်တော်ကလည်း ကဗျာမောင်ချောနွယ်ပြောခဲ့တဲ့
သွားကိုက်ခြင်းမှလွဲ၍ အခြားအကြောင်းဘာမှမရှိပုံပြင်နဲ့ ပေးချေဖို့ အသင့်ရှိနေ
စစ်တစ်ပွဲ စစ်တစ်ဝိုင်းနဲ့မှ
ငြိမ်းချမ်းရေး ပွဲသေးတစ်ပွဲ အပိုဆာဒါး ရမယ်ဆိုရင်
သွားဆရာဆီက ဘာမှမရချင်
နာကျင်ပျော်ရွှင်မူးလာရင် ဓာတ်တိုင်ရွှေ့ပါတယ်
တစ်တိုင်နှစ်တိုင်ရိုက်ရိုက်ရွှေ့ရွှေ့
ပလပ်မကျွတ်သေး မလွတ်သေးရင်
စစ်ကားနဲ့မှ ဇိမ်ခံကားနဲ့မှ ကုန်ကားနဲ့မှ မလွတ်သေးရင်
သယံဇာတ သဘာဝဓာတ်ငွေ့
သစ်တောကို ထပ်ရွှေ့ပေးဖို့ ဝန်မလေး
အခုသွေးကစကားပြောလာ
ကျွန်တော်တို့ လူယဉ်ကျေးများပါပဲ။

၁၀ ၁၀ ၂၀၁၃

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s