လမ်းအိုလေး

Løøps of Resistance …

မြွေကြီးပါခင်ဗျာ (နေမျိုး)

တစ္ဆေသင်္ဘော (နေမျိုး)

Leave a comment

သြသံကြားရတဲ့အခါ ငါဘယ်လိုမှ မနေနိုင်ဘူး
သင်္ဘောပေါက်ပေါ် တက်လိုက်ခဲ့မိတယ်
သင်္ဘောပေါက်ဟာ အမှောင်ထဲခုတ်မောင်းတယ်
တစ်ယောက်ကိုတစ်ယောက် မမြင်ရတဲ့အမှောင်ထဲမှာပေါ့
သင်္ဘောပေါက်ဟာ ပို၍ နက်ရှိုင်းတဲ့ ရေပြင်ဆီ ခုတ်မောင်းတယ်
ဝေးလံပါစေ၊ နက်ရှိုင်းပါစေ၊ မှောင်မိုက်ပါစေ၊ ငါဟာ သင်္ဘောပေါက်ပေါ်မှာ တက်လိုက်ခဲ့မိပြီပဲ။
အလင်းရောင်ကို ဘယ်တော့မှ မြင်ရမှာလဲ
မှောင်ထဲမှာ တွေးမိရဲ့၊ အကြိမ်ကြိမ် ငါတွေးမိရဲ့
သင်္ဘောကတော့ ရွေ့မြဲရွေ့လျက်ပါပဲ။
အလင်းရောင်ကို ငါမေ့သွားတဲ့အခါ အရာရာကို မြင်လာရတယ်။
သင်္ဘောပေါက်ပေါ်မှာ ခရီးသည်တွေ ဟိုမှာတစ်ယောက်
ဒီနားမှာတစ်ယောက်၊ ဟောဟိုမှာတစ်ယောက်

မှောင်ထဲမှာ တစ်ယောက်ကိုတစ်ယောက် မြင်လာရတဲ့အခါ
ပျော်ရွှင်လာသလိုလို၊ ထိတ်လန့်လာသလိုလို
ဒီအချိန်မှာ သင်္ဘောဟာ ဥသြသံရှည်ကို ဆွဲလိုက်တယ်
ငါဘယ်လိုမှ နေလို့မရအောင် ဆွဲငင်လိုက်တဲ့အသံပေါ့
ဒီအသံက သူဟာ ရေအောက်ကြမ်းပြင်ဆီ ခုတ်မောင်းနေပြီ ဖြစ်ကြောင်း
ကြေညာလိုက်တဲ့ သင်္ဘောရဲ့ သတင်းစကားလည်း ဖြစ်ရဲ့။
ရေအောက်ကြမ်းပြင်မှာ မြို့ပြနိုင်ငံတစ်ခု ရှိနေသလား
သင်္ဘောပေါက်ဟာ ခုတ်မောင်းတယ်၊ နစ်ဝင်ရင်း တအိအိ နစ်မြုပ်ရင်း
အမှောင်ထဲမှာ၊ ပိန်းပိတ်မည်းမှောင်ထဲ အမှောင်ထုထဲမှာ တရွေ့ရွေ့။

(မြွေကြီးပါခင်ဗျာ (ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံနှင့် ရယ်ရွှင်ဖွယ်ရာများ) – နေမျိုး။ ဇန်နဝါရီ – ၂၀၁၂၊ ဟစ်တိုင်စာပေ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s