လမ်းအိုလေး

Løøps of Resistance …

သူစိမ်း - Art Work (စိုင်းဝင်းမြင့်)

အိပ်မက်သမား နှစ်ကာလများ (စိုင်းဝင်းမြင့်)

Leave a comment

သူက
ကျွန်တော့်လိုပဲ
အဘိုးအိုပေါက်စ
မြို့ခံလူတစ်ယောက်

လက်ပစ်ဗုံး တဆဆ
ဒီဘ၀ကို
ဟိုဘ၀ ရွေ့မရ

ဒါကို
ကျွန်တော် စကားစလိုပါတယ်
ဆယ်စုနှစ်တစ်ခုအတွင်း
ပထမဆုံးပြောခြင်းမှာ
မျက်နှာလွှဲခဲပစ်လို့
အံ့သြစရာပဲ
ဒါပေမယ့် တည့်တည့်မှန်တယ်
တစ်ယောက်တည်းနေနည်း
ကျွန်တော်တို့ ရထားတယ်
ငါတို့ကို ခွဲမယ်ဆိုလည်း
အသည်းပဲရှိတယ်
သူပြောခဲ့တယ်
မနေ့က ရတဲ့ပိုက်ဆံ
ထမင်းစားတဲ့အထဲ ပါသွားတယ်
သူပြောခဲ့တယ်
နေ့စဉ် နေ့စဉ်
လူ့သမိုင်း ဆင့်ကဲဖြစ်စဉ်
အပျက်ဘက်က တွေးတာကတော့
ခေတ်အဆက်ဆက်ပဲ
အခုပဲ ရေးခဲ့တယ်
ကောင်းကင်ထဲ တောင်ပံခတ်လို့
ရေထဲ ကူးခတ်လို့
အရက်ခွက်ထဲ လက်နှစ်လုံးလောက်ပဲ ကျန်တော့
ကျွန်တော့်မှာ ပျော်ရမလို
စိတ်ညစ်ရမလို
တစ်ရှိန်ထိုး မော့မချခင်
“ငါ့ကို သနားပါကွာ”တဲ့
နည်းနည်း နည်းနည်းနဲ့
လူ့ဘ၀ကို ဖဲ့နေတယ်
ဒီဘ၀ ဒီရာသီမှာပဲ ကမ္ဘာတည်တော့မလို
ဒီမိုး ဒီနွေ ဒီဆောင်း
စက်ဘီးလေးတစ်စီးနဲ့
ခင်ဗျားတို့ တွေ့တွေ့နေတဲ့ လူတစ်ယောက်ကတော့
သစ်တောလမ်းထဲ နေ၀င်လို့
နေ့စဉ် နေ့စဉ်
တိုးဝင်ပျောက်ကွယ်လို့
နှစ်ကာလများစွာ စွဲမြဲတည်ရှိနေဦးမယ့်ပုံ
အတွေ့အကြုံ စုံလို့ပါ
မကြာခင် ကုန်သွားမှာပါ
အချိုးအကွေ့ အကွေ့အကောက်များစွာ
မနက် ၉နာရီက စခဲ့တာပါ

သဲနာရီ
ရေနာရီ
တစက်စက်နဲ့
ရေစက်ချနေတာ
သစ်ရွက်တစ်ရွက်ချင်းစီမှာ
ပန်းတစ်ပွင့်ချင်းစီမှာ
ကဗျာနဲ့ ကျွန်တော်တို့ကြား
လူသန်းပေါင်းများစွာ
ခေတ်တစ်ခေတ်ထဲမှာ
ငလျင်ကြော တစ်ခုထဲမှာ
ဝမ်းနည်းခြင်း ကူးစက်သလို
ပျှော်ရွှင်ခြင်းလည်း ကူးစက်တတ်တယ်
လိမ္မော်သီးချိုတော့
မျိုချပြီးသား တစ်မြွှာကလွဲရင်
ကိုက်လက်စကမ္ဘာဟာ ခင်ဗျားတို့အတွက်ပဲ
ကျွန်တော်က ဂျွန်ကိ(သ) သေတဲ့အရွယ်
ဘယ်အရာမဆို ဖြစ်နိုင်တယ်
အခု ဂျင်းမော်ရစ်ဆင် မရှိတော့ဘူး
အခု ကာဒ်ကိုဘန်း မရှိတော့ဘူး
နောက် ငါးရက်ကြာရင်
ကျွန်တော့်အလောင်းကို ရေထဲက ဆယ်တော့မှာ
မင်းနဲ့ ဘာဆိုင်လို့လဲကွ
ဗိုလ်အောင်ကျော် လမ်းထိပ်မှာ
အော်ငေါက်ခံရတယ်

သတ်သေတာ အဖြေမဟုတ်ဘူး
ပေါ့ပါးခြင်းနဲ့ အတူတစ်ပြိုင်တည်းလေးနက်
သွေးပျက်ဖွယ်
နေ့စဉ်နေ့တိုင်း
ဆက်လက် ဖော်ပြရမှာပဲ
ကဗျာနဲ့ပေါ့
ကဗျာမရေးခြင်းနဲ့ပေါ့။

ဇာတ်လမ်းဟာ
တစ်ခန်းလျော့လို့
အဖြောင့်အတိုင်း သွားနေရတာ
ကမ္ဘာ့လမ်းကြောင်းအတိုင်း
တစ်သွားတည်းသွားလို့
ဆတ်သွားကို ဖြတ်တော့
‘ကိုချောရေ’ လို့အော်ခဲ့တယ်။

သတိရခြင်းမှာ ပွင့်တဲ့ပန်း
စိတ်ကူးစိတ်သန်း ခမ်းနားရုံသက်သက် မဟုတ်ဘူး
တစ်နေရာမှ တစ်နေရာ
ရေမြေတောတောင်တစ်ခုမှ
ရေမြေတောတောင်တစ်ခု
ပန်းသီးဟာ အလျင်အမြန် ပုပ်သိုးနေလေရဲ့
ဒီတစ်ရက်က နောက်တစ်ရက် မရတော့ဘူး။

သူက အရှေ့ခြမ်း
ကိုယ်က အနောက်ခြမ်း
ဒီလို ဆက်သွယ်မိတာပါ
သူက နေ့
ကိုယ်က ည။

ဟိုဘက်က စဉ်းစား
ဒီဘက်က အကုန်ရှင်းတယ်
ခုဆို ခုပဲ
နေ့ရွှေ့ ညရွှေ့တွေ မကြိုက်ဘူး
အိပ်မပျော်တာ
နေရာအနှံ့ ပျံ့နှံ့နေတာ
ပျော်ကျနေတဲ့ လမင်းပဲ
တစ်ခုခုမှာ စွဲစွဲမြဲ မတည်ရှိခြင်းဟာ ကိုယ်ပဲ
ရေစီးထဲ တစ်ညလုံး ပိုက်ချလို့
ဝန်ချီစက်တစ်လုံးနဲ့
သစ်လုံးတွေ တ၀ုန်းဝုန်း မ,ရွှေ့လို့
ဆွေးဆွေးမြည့်မြည့်ပဲ
ကြမ်းခင်းကို ဖွဖွနင်းရတယ်
အမှောင်ထဲ တရွေ့ရွေ့
ညမွှေးပန်း တစ်လမ်းလုံးပွင့်လို့
အမှားရေးမှာ စဉ်းစားနေရသေးလား
ကောက်ကာငင်ကာ တစ်ကြောင်းနဲ့
အဆက်အသွယ်ရှိလား
နှစ်စတုန်းက
မျက်စိပိတ် နားပိတ် ပါးစပ်ပိတ်
မျောက်ကလေးသုံးယောက် လက်ဆောင်ရတယ်
အဲဒါနဲ့ရော
ရောစပ်လို့ရလား။

မီးခြစ်ထထစမ်းနေရတာ
ဓာတ်မီးနဲ့ လှမ်းလှမ်းထိုးနေရတာ
တဖြတ်ဖြတ် ဖြတ်ကူးနေတဲံ
ဖြတ်ကူးမှုသည်/ ဆီ တဖျပ်ဖျပ်
ဖြိုဖျက်
ဖျက်ဆီး
ဖျက်သင်္ဘော
အဖျက်စွမ်းအားကြီးလက်နက်။

အမှားပြင်ဆင်ချက်
ဖြည့်စွက်ချက်
ဟိုဟာတွေက ဒီလိုမဟုတ်ဘူး
ဒီဟာတွေက ဟိုလိုမဟုတ်ဘူး
ဟိုလိုလို ဒီလိုလို
ဒီကို မဟုတ်ဘူး
ရှင်းလင်းချက် ကဗျာ
လူရှုပ်ဆီက ကဗျာ
လူရှုပ်ဆီက…ဗျာ။

မြို့တော်သူ မြို့တော်သားများအတွက်
အသံပတ်လည်ပြေး
ဆေးရောင်စုံ
အထူးပြုလုပ်ချက်ဖြင့်
သရုပ်ဆောင်ပေါင်းများစွာဖြင့်
ရေခြားမြေခြားတွင် ရိုက်ကူးသည်
ဟာသဇာတ်မြူး
မြို့တွင်းပြော အဝေးပြော
ကွန်ပျူတာစာစီ
မိတ္တူအမြန်ကူးသည်
ပလပ်စတစ် အမြန်လောင်းသည်
လိုင်စင်ဓာတ်ပုံ အ၅ မိနစ်အမြန်
အသစ်နဲ့ အစစ်ကို ရောင်းပေးတာ။

နေ့တစ်နေ့ရဲ့အစ
စွန့်စားခန်းစတင်ရန်
တစ်ထပ်ပြီးတစ်ထပ်
အပျော်ဖတ်တွေ
ဆောက်လုပ်နေတာ
အခန်းဖွဲနေတာ
ကိုယ့်ကို ဖြတ်မောင်းသွားတာ
စက်ကတောင် တားယူရတယ်
စက်ယန္တရား စက်ခလုပ်တွေနဲ့
ဂဏန်းတွက်စက်၊ မီးစက်၊ အပ်ချုပ်စက်
စက်ပေါ်က လူသားတွေဟာ
ကမ္ဘာကိုစပ်ဆက် စက်ချုပ်နေတာပေါ့
စီးမှာလည်း ဆင်းမှာလား
အသားမကောင်းပေမယ့်
အဆင်ဆန်းနေတော့
မျက်စိလည်ပေမယ့် နားမရှင်း
အချက်အလက်များစါာ ရေးမှတ်ထားသောစာအုပ်
၁၂/အလန (နိုင်) ၀၄၄၃၇၀ ပျောက်ဆုံးခြင်း
၀၉၅၀၀ ၁၉၈၃ သို့ ဆက်သွယ်ပါရန်
ရန်ကုန်မြို့မှာ သစ်ကိုင်းခြောက်လေး တစ်ခုပဲရှိတာ
အဲဒီသစ်ကိုင်းခြောက်လေးကိုပဲ တက်နင်းမိတယ်
ငါတွေးနေတဲ့အကြောင်းလောက် ငါမှောက်သွားတဲ့ကားက
မဖွဲ့လောက်ဘူးဆိုလား
(မလွမ်းလောက်ဘူးလို့လည်း ပြောတယ်)
ကောင်းကင်မှာ အစင်းကြောင်းကြီး ထင်နေတာ
မောင်ချောနွယ် ဖြတ်သွားတဲ့လမ်းပေါ့ကွာ
နောက်ကြည့်မှန်ထဲ
ထိုးထွက်လာတဲ့ နေ/နေ့ကို မြင်ရတယ်
တဖြည်းဖြည်းနဲ့ မြင့်တက်
တိမ်အသင့်အတင့်ဖြစ်ထွန်း
ပွင့်တဲ့ပန်းက နေကြာ
ရှင်သန်တဲ့အပင်က
ရှားစောင်းထနောင်းကြောင်ခြစ်
ဖုန်မှုန့်တွေအကြောင်း ပြောတဲ့အရာရာ
ဓားတိုနေလို့ ရှေ့တစ်လှမ်းတိုး ခုတ်တာပါ
ဒါပေမယ့် ကမ္ဘာက
ဓားမတိုးတော့တဲ့ သစ်မြစ်
မေတ္တာတရားကလည်း
အနှောင့်အသွားမလွတ်
ချစ်ခြင်းကို အရှိန်အဟုန်မြှင့်
ကျွန်တော်တို့ အတူနေဖြစ်သွားပြီ
မင်းက မီးရှို့ပြီးမှ
ပြာစကိုယူ ရေထဲထည့်
အေးစေ။

သေခြင်းက တစ်ခန်းဝင် တစ်လမ်းထွက်
ကိုယ့်ဘေးက ခုတင်မှာတောင်
ဝင်ရောက် လဲလျောင်းသွားသေးတယ်
အခုပဲ တွေ့လိုက်တယ်တဲံ
တမံသလင်းကို လက်တွန်းလှည်းနဲ့ တကျွိကျွိ ပွတ်ဆွဲလို့
ကဗျာဖတ်သူနဲ့ အနီးဆုံးနေရာမှာ
ဘ၀ကို တွေ့ရတယ်
ကဗျာနဲ့ ကမ္ဘာ ဝေးသွားပြီ
တဖြည်းဖြည်း ဝေးသွားပြီ
ကဗျာဖတ်သူနဲ့ ကဗျာ
တဖြည်းဖြည်း ဝေးသွားပြီလို့ ပြောကြတာပဲ။ ။

(ကြယ်ကမ္ဘာရောင်းဝယ်ရေး – စိုင်းဝင်းမြင့်။ ၂၀၀၄/၇-၃-၂၀၀၅)

Mirrored: Anonymousez

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s