လမ်းအိုလေး

Løøps of Resistance …

တကယ်မရှိတဲ့အရာ (နေမျိုး)

သန်းခေါင်ယံကလပ် (နေမျိုး)

Leave a comment

ငါက ငွေစက္ကူတွေရေတွက်ရင်း သေတာ၊ အားလုံး ၃၉၈၂၇၆ရွက်တိတိ။ ငါက မြေကြီးကို ပေါက်တူးနဲ့ပေါက်ရင်း သေတာ၊ နေကြဦး၊ ငါမြေကြီးတွေ နေရာရွှေ့ပစ်ရဦးမယ်။ ကျုပ်က အိပ်ပျော်ရင်းသေတာ၊ အိပ်မက်ထဲမှာ ကျုပ်က လမ်းလျှောက်နေတာဗျ။ ခုလဲ အဲသလို လမ်းလျှောက်နေတုန်းပဲ။ ကျွန်တော်က သူ့လက်ကို ကိုင်ရင်းနဲ့သေတာ၊ သူ့လက်က ရေခဲလိုအေးစက်စက်နဲ့၊ ၁၉၈၂ခုနှစ်က အတိုင်းပဲ။ သူ့လက်ကလေး နွေးလာအောင် ကျွန်တော်လုပ်ရဦးမယ်။ ကျုပ်က စာအုပ်တစ်အုပ် ဖတ်ရင်းနဲ့သေတာ၊ ဒီမှာ ဂိုဒေါ့ရောက်လာပြီလား၊ ကျုပ်ကိုပြောပြပါ။ စာမျက်နှာ၈၂အထိတော့ ဂိုဒေါ့ ရောက်မလာသေးဘူး။ ကျုပ်က အရက်သောက်ရင်း အသက်ထွက်သွားတာ၊ ဒါပေမဲ့ ကျုပ်တကယ်မမူးသေးဘူး၊ နောက်တစ်ခွက်လောက် ထပ်သောက်ရမယ်၊ ဒီတစ်ခွက်ဆို မူးပါပြီ။ ငါက ဆေးပြားတွေ သောက်ရင်း သေတာ၊ ငါနေ့တိုင်းနေ့တိုင်း ဆေးပြားတွေ အများကြီး သောက်ရတယ်၊ မင်းတို့ရော ဆေးပြားတွေ သောက်ကြရသလား။ ဒါဆို မင်းတို့သောက်တဲ့ဆေးနဲ့ ငါသောက်တဲ့ဆေး လဲသောက်ကြရအောင်။ ငါက ရေနစ်လို့သေတာ၊ ငါဘယ်တော့မှ ရေမငတ်တော့ဘူး၊ ငါ့ဗိုက်ထဲမှာ ရေတွေအများကြီးပဲ။ မီးဖို တစ်ဖိုလောက် ဖိုကြပါဟ။ ငါချမ်းလွန်းလို့ပါ။ ငါက ဘာမှမဖြစ်ဘူး၊ အိုပြီး သေတာပါကွာ။ မင်းတို့အားလုံး ငါ့ကို အဘိုးလို့ခေါ်ကြ ကြားလား။ ဘာပဲဖြစ်ဖြစ် ငါတို့ဒီမှာ အကြာကြီး နေရအောင်။ ကဲ … ငါတို့အားလုံး လက်တွေ တွဲလောင်းချထားကြမယ်ဟေ့ … ခြေထောက်တွေကို မိုးပေါ် ထောင်ထားကြမယ်ဟေ့။

၂၀၁၀-၁၂-၃၀
ည ၈း၅၂ နာရီ
(တကယ်မရှိတဲ့အရာ (ခေတ်ပေါ်ကဗျာ) – နေမျိုး။ ဇန်နဝါရီ – ၂၀၁၂၊ ထန်းရွက်ပုတီး စာအုပ်တိုက်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s