လမ်းအိုလေး

Løøps of Resistance …

တကယ်မရှိတဲ့အရာ (နေမျိုး)

၁/၂ မှတ်တမ်း (နေမျိုး)

Leave a comment

သတ္တုရေပိုက်ခေါင်းက
တစ်စက်ချင်း ရေတွေယိုကျလို့
နှစ်ပရိစ္ဆေဒတွေ
ကန်ထဲမှာ အရည်ပျော်နေကြ
(ငါတွေ့နေရတာကတော့)
ငါးတစ်ကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဟာ
တဖျပ်ဖျပ်ကူးခတ်နေတာပါပဲ။ကြေကွဲမှုတွေနဲ့ တောင့်တင်းနေတဲ့သစ်ပင်က
ရယ်သံတွေ တဖြုတ်ဖြုတ်ကြွေကျလို့
လေထဲမှာ
ဧရာမနားရွက်ကြီး
ထပြီးခုန်ပေါ့။

သော့တစ်ချောင်းနဲ့
သံချေးတက်ကောင်းကင်ကြီးကို ဖွင့်လိုက်တဲ့အခါ
နောက်ထပ်ကောင်းကင်တစ်ချပ်ကို တွေ့ရတယ်
နောက်ထပ်သော့တစ်ချောင်းနဲ့
ကောင်းကင်ကြီးကို ဖွင့်လိုက်တဲ့အခါ
ငါတို့ … ဘာတွေကိုတွေ့ရမှာလဲ။

တောကျီးကန်းတွေက ပျံဝဲလို့အော်မြည်
တအားအား
နာရီတစ်လုံးက ယောင်ကိုင်းပုပ်ပွလို့
ပိုးလောက်တဖွားဖွား
ဒုက္ခတရားဟာ
စားပွဲမှာ
တစ်ကိုယ်တည်း ညစာစားလို့။

လမ်းများ
မြို့ထဲမှာ တွားသွားနေစဉ်
တုန်ယင်နေတဲ့ အော်သံကြား
နာဖျားနေတဲ့ မီးရထားတစ်စင်းဟာ
ညည်းညူခုတ်မောင်းသွားပါပေါ့။ ။

၁၉၉၆-၅-၆
(တကယ်မရှိတဲ့အရာ (ခေတ်ပေါ်ကဗျာ) – နေမျိုး။ ဇန်နဝါရီ – ၂၀၁၂၊ ထန်းရွက်ပုတီး စာအုပ်တိုက်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s