လမ်းအိုလေး

Løøps of Resistance …

တကယ်မရှိတဲ့အရာ (နေမျိုး)

သတ္တုဥကြီးတွေ အကောင်ပေါက်လာမယ့်နေ့မှာ (နေမျိုး)

Leave a comment

လေးလံသိပ်သည်း
မာကျောကျော
သက်တမ်းရင့် အိပ်မက်ပုံဆောင်ခဲကြီးကို
အရည်ကျိုကာ
လူသုံးကုန်ပစ္စည်း ထုတ်လုပ်လာကြလိမ့်မယ်
သတ္တုဥကြီးတွေ အကောင်ပေါက်လာမယ့်နေ့မှာ
အသားတုံး၊ အချိုရည်ဘူး
မလိုင်ခဲ၊ အချဉ်ဖတ်နဲ့ သစ်သီးတုတွေ
ဘဏ်တိုက်ထဲက
အချိန်မရွေး ထုတ်ယူစားသုံးနိုင်ကြောင်း
ကြေညာကြစို့
သတ္တုဥကြီးတွေ အကောင်ပေါက်လာမယ့်နေ့မှာ

လေထဲမှာတွဲလွဲ
ချိတ်ဆွဲထားတဲ့ ဧရာမသဲလွန်စကြီးများ
ပေါ့ပါးလွင့်ပါ
အသေးဆုံးလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိကြပေါ့
သတ္တုဥကြီးတွေ အကောင်ပေါက်လာမယ့်နေ့မှာ

သူ့သမိုင်းသူမသိတဲ့
ပင်လယ်အိုကြီး
ကုန်းကွ
တဂျွတ်ဂျွတ်မြည်အောင်ထရပ်
တောင်ကုန်းတွေဆီ အလည်အပတ်ထွက်မယ်တဲ့
သတ္တုဥကြီးတွေ အကောင်ပေါက်လာမယ့်နေ့မှာ

ပင်လယ်ဂဏန်းလို
ကိုလံဗတ်လက်ချောင်းများ
အကြောသေစန္ဒရားခလုတ်များပေါ်မှာရွေ့လျား
တဲလ်အဗီးမှာဆုံကြမယ်ဆိုတဲ့တေးသွား
မြို့ကြီးတွေကို ဖြတ်သန်းသွားပေါ့
သတ္တုဥကြီးတွေ အကောင်ပေါက်လာမယ့်နေ့မှာ

သိုလှောင်သိမ်းဆည်းထားတဲ့ တိမ်တိုက်တွေ
မြို့ကြီးပေါ်မှာ
ပေါလော
ဝဲလှည့်ကာမျောလို့
သတ္တုဥကြီးတွေ အကောင်ပေါက်လာမယ့်နေ့မှာ

အပျိုရည်ပျက်ခဲ့တဲ့ ဦးဏှောက်ကြီးထဲမှာ
အဝါကတ်အပြခံထားရတဲ့ အတွေးအခေါ်တွေ
(ကယ်တင်ရှင်ဖွားမြင်ပြီ … ဆိုတဲ့ ဓမ္မတေးလို)
သံပြိုင်တေးတစ်ပုဒ်ကို ဟစ်အော်သီဆိုကြလိမ့်
သတ္တုဥကြီးတွေ အကောင်ပေါက်လာမယ့်နေ့မှာ

သီအိုရီတွေ တစ်ခုပြီးတစ်ခု
တောက်လျှောက်
စက်ကုန်ဖွင့် ခုတ်မောင်းသွားတဲ့ မီးရထားကြီးဟာ
နံနက်ခင်း ငါ့အိမ်ရှေ့ဝင်းတံခါးမှာ
မီးခိုးတလူလူနဲ့ ဆိုက်ရောက်လာလိမ့်မယ်
သတ္တုဥကြီးတွေ အကောင်ပေါက်လာမယ့်နေ့မှာ

နေမျိုးမလာရ
အဲဒီစာတန်းကတ်ထားတဲ့ ခန်းမထဲမှာ
(တစ်ကိုယ်တည်း) ငါကထိုင်လို့
သတ္တုဥကြီးတွေ အကောင်ပေါက်လာမယ့်နေ့မှာ။

၁၉၉၆-၁၀-၁၅
(တကယ်မရှိတဲ့အရာ (ခေတ်ပေါ်ကဗျာ) – နေမျိုး။ ဇန်နဝါရီ – ၂၀၁၂၊ ထန်းရွက်ပုတီး စာအုပ်တိုက်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s