လမ်းအိုလေး

Løøps of Resistance …

တကယ်မရှိတဲ့အရာ (နေမျိုး)

လက်ညှိုး၏အသုံးဝင်မှုများ (နေမျိုး)

Leave a comment

ဟိုမှာ
ရန်သူကို ညွှန်ပြဖို့
မိတ်ဆွေကို ခွဲခြားဖို့
မြို့ကြီးတွေ မျက်စိလည်နေစဉ်
ခရီးကိုညွှန်ပြဖို့
လက်ညှိုး၏အသုံးဝင်မှုများ
အပြစ်သားတွေ
သူတို့ယန္တရား
လူသားစားအမှန်တရား
တစ်စစီဖြုတ်သိမ်းထားစဉ်
အနားမှာ ငါရောက်ကြောင်း
အချက်ပေးခေါင်းလောင်းနှိပ်ဖို့

နေရောင်ခြည်တဖိတ်ဖိတ်
တောက်ပတဲ့ခွေးသွားစိတ်လို မွှတ်နေပုံ
ကတုန်ကယင်ကောင်းကင်ကြီး
သူ့ဝတ်စုံဟောင်းထဲက ချောင်းမြောင်းပြီး
ကြည့်နေပုံ
မြစ်များ
ကန္တာရဆီတွာသွားနေပုံ
တိကျပုံရိပ်
(ဖျပ်ခနဲ) ကင်မရာခလုတ်ကိုနှိပ်ဖို့
(ဟောဒီမှာ)
“ကောင်းသောနံနက်ခင်းပါ”
(တစ်ခုက)
“အလကားညာတာ”
(နောက်တစ်ခါ)
“ကြွချီတော်မူလာပြီ” တဲ့
(ဘယ့်နှယ်)
“ဘရာစီယာမပါတဲ့ တနင်္ဂနွေ”
(အလို)
“ကြမ်းပိုးကြီးတွေ” ဆိုပါလား
ကဖေးဆိုင်ထွက်ဘာသာစကား
နောင်လာနောက်သားတို့အတွက်
Black Box ခလုတ်ကိုနှိပ်ဖို့
လက်ညှိုး၏အသုံးဝင်မှုများ
သဘာဝတရားဆန်ဆန်
ရုပ်ဖျက်ထားတဲ့ အမှားနဲ့အမှန်ကို ထောက်ပြဖို့
ကိန်းဂဏန်းတွေ
တဖွားဖွား
အရူးအမူးမျိုးပွားနေတဲ့
ကဲကူလေတာခလုတ်ကို ပိတ်လိုက်ဖို့
မြို့ကြီးကို
သူ့သွေးကြောထဲ ထိုးသွင်းပေးဖို့
ခဏခဏ
တောင်းဆိုနေတဲ့ လက်တစ်ဖက်
(သူ့အတွက်)
ချွန်မြတဲ့သက္ကရာဇ်တစ်ခု
ရွေးပေးဖို့
ခပ်မှောင်မှောင်
ကြွက်ထောင်ချောက်ထဲမှာမိနေတဲ့
အနာဂတ်
(အဲဒီအငတ်)အတွက်
လတ်လတ်ဆတ်ဆတ်
လက်ညှိုးတစ်ဆစ်ကို ဖြတ်ကျွေးဖို့
(စွန့်စားရမှာပဲ)
လက်ညှိုး၏အသုံးဝင်မှုများ
သံနဲ့လုပ်ထားတဲ့ခေတ်ကြီး
အလျားလိုက်
သူ့ခန္ဓာကိုယ်ပေါ်ဖြတ်သန်းသွားခိုက်
ငိုက်မျဉ်းနေတဲ့ အဘိဓမ္မာ
လက်တို့ပြီးမကြာမကြာ
နှိုးပေးဖို့
လက်ညှိုး၏အသုံးဝင်မှုများ
နှစ်ဆယ့်ငါးနာရီမှာ
အရိုးတခြား အသားတခြား ဖြစ်သွားတဲ့
သဘာဝတရားကြီးအတွက်
ကမ္ဘာဦးကျမ်းစာမျက်နှာလှန်ပေးဖို့
ဒါတွင်မက
အာဂ … လက်ညှိုးတစ်ချောင်း
သူ့အစွမ်းကိုသူ ကောင်းကောင်းသဘောပေါက်ခဲ့
ခလုတ်တစ်ခုရဲ့ အပေါ်မှာ။ ။

၁၉၉၂-၁၁-၁၅
(တကယ်မရှိတဲ့အရာ (ခေတ်ပေါ်ကဗျာ) – နေမျိုး။ ဇန်နဝါရီ – ၂၀၁၂၊ ထန်းရွက်ပုတီး စာအုပ်တိုက်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s