လမ်းအိုလေး

Løøps of Resistance …

ရိုက်ခဲ့တဲ့ သံတစ်ချောင်းကို ဆွဲနှုတ်နေရတယ် တစ်ယောက်တည်း (သည်မော်နိုင်)

အကြိုက်နှစ်သက်ဆုံး အကြောင်းရေ ၁၀၀ (၁၉၇၁ – ၂၀၀၃) (သည်မော်နိုင်)

Leave a comment

၁ ၊ တစ်နှစ်ကြာပြီးနောက် ခဲတံဟာ တုံးသွားတယ်
၂ ၊ လျှောက်ဝင်လာတာပဲ ထင်ကို မထင်ခဲ့
၃ ၊ သူ မကြည့်ချင်တဲ့ ဂြိုဟ်တုလိုင်းက သုညဒသမသုည၊
၎ ၊ သူငယ်ချင်းတစ်ယောက်ပြော၊ ရေဒီယိုဟာဒ်ကို မုန်းတယ်တဲ့ ဂီတကို ဖျက်ဆီးပစ်တဲ့ ကောင်တွေမို့လို့
ဘယ်လိုဖျက်ဆီးပစ်လိုက်တာလဲ ဆိုတော့ နီဗားနားတွေ ဖျက်ဆီးပစ်လိုက်သလို၊ ဘော့ဒိုင်လန်က ဂီတကို
ဖျက်ဆီးလိုက်သလို
၅ ၊ သည်မော်နိုင် ၁၉၇၁ – ၂၀၃၀
၆ ၊ သမ်းဝေနေသော နှင့် ပါးစပ်လေးပေါက်
၇ ၊ … … … ဒါပေမဲ့ ထုတ်လုပ်ခဲ့တာတွေက ကစဥ့်ကလျားဖြစ်နေတဲ့ အနာဂတ်
၈ ၊ … … … သောက်နှစ်ဆတိုးမြင့် … … …
၉ ၊ လက်သည်းခွံက အနက်ရောင်တွေ၊ လက်ခလယ်က ထောင်ထောင်မတ်လို့
၁၀ ၊ မျဉ်းကြောင်းအမည်းတွေ၊ အမည်းတွေကြားက၊ ထပ်မံကန့်သတ်ထားတဲ့ မျဉ်းကြောင်းတွေ … … …
၁၁ ၊ လက်မှာ ကိုင်ထားတာက၊ ခွေးချည်တဲ့ကြိုး၊ ရှေ့မှာခွေးက ရှိမရှိ မသိ၊
၁၂ ၊ ၅ ပေ၊ ၅ လက်မ၊ အညာသားတွေ ဒီအတိုင်း ရပ်နေ
၁၃ ၊ ကွင်းစ ကွင်းပိတ်ထဲက စကားလုံးတွေပဲ ရှာဖတ်ကြည့်ပါ
၁၄ ၊ ရက်တွေဟာ အဲဒီထဲက တဖြည်းဖြည်း လျှောက်လာနေတယ်လို့၊ အဲဒီရက်တွေက
၁၅ ၊ ဒါဟာ တစ်စိတ်နဲ့ တစ်ပိုင်းပဲ ရှိသေးတဲ့ အစပေါ့
၁၆ ၊ ပြီးခဲ့တဲ့ ဆယ်စုနှစ်က၊ ပြီးခဲ့တဲ့ ဆယ်စုနှစ်က၊ ပြီးခဲ့တဲ့ ဆယ်စုနှစ်က၊ ပြီးခဲ့တဲ့ ဆယ်စုနှစ်က၊ 
ပြီးခဲ့တဲ့ ဆယ်စုနှစ်က၊ ပြီးခဲ့တဲ့ ဆယ်စုနှစ်က၊ ပြီးခဲ့တဲ့ ဆယ်စုနှစ်က၊ ပြီးခဲ့တဲ့ ဆယ်စုနှစ်က၊
ပြီးခဲ့တဲ့ ဆယ်စုနှစ်က၊ ပြီးခဲ့တဲ့ ဆယ်စုနှစ်က၊ ပြီးခဲ့တဲ့ ဆယ်စုနှစ်က၊ ပြီးခဲ့တဲ့ ဆယ်စုနှစ်က၊
ပြီးခဲ့တဲ့ ဆယ်စုနှစ်က၊ ပြီးခဲ့တဲ့ ဆယ်စုနှစ်က၊ ပြီးခဲ့တဲ့ ဆယ်စုနှစ်က၊ ပြီးခဲ့တဲ့ ဆယ်စုနှစ်က၊
၁၇ ၊ ဘရိတ်က ပေါက်နေတာကြာပြီ၊ အဲဒီကားပေါ်မှာပဲ အားလုံးဟာ ဒီအတိုင်းလိုက်ပါ
၁၈ ၊ ကတိတွေ မပေးချင်ပါဘူး။ ခင်ဗျားတို့ကို 
ခင်ဗျားတို့ ကယ်တင်ရမှာ
၁၉ ၊ စာကြောင်းရေ ၈၀ မဖတ်ချင်ပါဘူး
၂၀ ၊ တစ်ခုခုကို မကောက်ယူနိုင်ဘဲ ဖြစ်နေတယ်၊ သင်ဟာ စိတ်ရူးေါက်နေသူ တစ်ဦး မဟုတ်ပါဘူးဆိုတာ ယုံကြည်ပါသလား
၂၁ ၊ ၉ ဟာ လမ်းဆုံးကိုရောက်နေတဲ့ လမ်းဆုံး
၂၂ ၊ ခြေဖဝါးက မြှောက်ပြီးရင်၊ အလျားလိုက် ပြန်ချဖြစ်တယ်
စားပွဲပေါ် တင်ထားတဲ့ ခွက်ထဲမှာက ရေက ခွက်လို့
ခဲကို အပေါ်ပစ်တင်လိုက်တယ်၊ အောက်ကို ပြုတ်ကျလာတာပဲ၊
ပစ္စည်းက အောက်ကိုသာ ပြုတ်ကျသွား
နင်းသွားတဲ့ စက်ဘီးက ရေပြင်ညီတလျှောက်
ကုန်းတက်ကျ တဖြည်း     ဖြည်း     ဖြည်း သွား
ကုန်းဆင်းကျ  မြန်     မြန်      မြန်လာ
၂၃ ၊ ဒီစတုရန်း
ကွက်ကို
၂၄ ၊ အုတ်မြစ်တွေ ချနေဖို့ထက် ကွင်းပြင်ကျယ်ခုကနေ ပျံတက်သွားချင်တာပါပဲ
၂၅ ၊ သွေးမတိတ်တဲ့ အနာတစ်ခုလိုပဲ ၂၅ ဟာ
၂၆ ၊ ရပ်တန့်နေတဲ့ ကားဘီးဆိုတော့၊ သူ့ရဲ့ ပန်းတွေ တုံးမတုံး၊ ကားဘီးမှာ ဘာတွေ စူးနစ်ဝင်နေမနေ
ရွှံ့တွေ ပေပွနေမှု များလား နည်းလား၊ သံချေးတွေ စားနေလား၊ လေ အတော်လျော့နေလား လျော့မနေဘူးလား
၂၇ ၊ ဒါမှမဟုတ် အဖြစ်အပျက်တစ်ခု ဒါမှမဟုတ် ဘယ်နေရာပဲဖြစ်ဖြစ်
၂၈ ၊ လေးနှစ် ငါးနှစ်ထက်ပိုတဲ့ စကားတွေ အပြန်ပြန် အလှန်လှန် ပြောဆိုမှုမဲ့နေ၊
၂၉ ၊ မပြတ် ပြောင်းလဲနေတဲ့ ကွဲပြားစိတ် အသိတစ်ခုဟာလည်း ထင်ထင်ရှားရှား
၃၀ ၊ မူရင်း အရေးအသား တင်ပြပုံ ကောင်းလှ၏ …  …  …   ညံ့ဖျင်း
၃၁ ၊ အလုပ်တစ်ခု ရွေးပါ။ မိသားစုတစ်စု ရွေးပါ။ သောက်တီဗီကြီးကြီး ရွေးပါ။ အဝတ်လျှော်စက်တစ်ခု ရွေးပါ။ ကား၊ လျှပ်စစ်ဖြင့် အသုံးပြုရသော ဗူးဖွင့်စက် သက်သောင့်သက်သာ အဝတ်ပေါ့ပေါ့ပါးပါး ရွေးပါ။ (ကဘသကလ ကို ရွေးပါ (ကဘသကလ = ကိုယ့်ဘာသာကိုယ် လုပ်ပါ)၊ တနင်္ဂနွေမှာ နေထိုင်မှုတွေ ရွေးပါ၊ သားရေတု အပေါစား ဆိုဖာထူထူပေါ်မှာထိုင်ရင်း ပါးစပ်ထဲ သောက်တောင်စဉ်ရေမရများ ပလုပ်ပလောင်း ထည့်သွင်းနေမှုများ ရွေးပါ၊ အဆုံးသတ်မှာ အားလုံးဟာ ဘာမှမဟုတ် စသည်များရွေးပါ၊ ခြေတစ်လှမ်း လှမ်းရင်လည်း မလှမ်းရင်လည်း ထိတွေ့ရမည့် အနာဂတ်ကို ရွေးပါ။
ဘာဖြစ်လို့ အဲဒါတွေ လုပ်ပါမည်လဲ
၃၂ ၊ … … … ဆိုပြီး ပြောလိုက်မည့် စကားလုံးတွေတော့ ထွက်လာမှာပဲ
၃၃ ၊ ညစ်ပေနေတဲ့ လမ်းထဲကားကို မောင်းသွားနေမိတယ်
ဒါဟာ လျှို့ဝှက်ချက်တစ်ခု မဟုတ်ပါဘူး (အထက်ပါ စာကြောင်းဆိုတာ)
လမ်းဟာ ညစ်ပတ်နေတယ် ဆိုတာရယ်၊ မောင်းသွားနေတယ် ကားဆိုတာရယ်
လမ်းထဲ ညစ်ပေနေတဲ့ကားကို မောင်းသွားနေမိတယ် ဆိုတာရယ်
ညစ်ပေနေတဲ့ ဆိုတာရယ်
လမ်းထဲ မောင်းသွားနေမိတယ် ကားဆိုတာရယ်
၃၄ ၊ ပူစီ ပူစီ ပူစီ
အရင်လက ၊ သော့တစ်လုံးခတ်တယ်
ဒီလကုန်ခါနီးကျတော့၊ အဲဒီတံခါးကိုပဲ နောက်ထပ် သော့တစ်လုံး ထပ်ခတ်တယ်၊
၃၅ ၊ ဥပမာ … တစ်ခုလုံး ဖြစ်နေတာတွေက အခု လတ်တလောထက် ပိုအရေးကြီး၊
၃၆ ၊ တစ်ပြိုင်နက် ညီမျှခြင်းအကြောင်း ၂၀၊ မသိကိန်းက ၁၀၊
၃၇ ၊ တစ်နေ့တခြား ပြန့်ကားကျယ်ပြန့်နေသော ယနေ့များ
၃၈ ၊ ဆန့်ကျင်ဖက်လိင်ချင်း ထဲထဲဝင်ဝင် ထိစပ်နေ
သို့သော် တစ်နာရီ မိုင် ၃၀ ထက် မပိုရ
၃၉ ၊ ၁၉၆၀ အစောပိုင်းက ရိုက်ခဲ့တဲ့ သံတစ်ချောင်းကို ဆွဲနှုတ်နေတယ်
တစ်ယောက်တည်း … … … … …
၄၀ ၊ ၁၁ နာရီ ၊ တနင်္လာ၊ အဖြူပေါ် အနက်ခံ နံရံပေါ်မှာ
၄၁ ၊ မငိုပါနဲ့ အာဂျင်တီးနား
၁ – ကိုယ်အစားထိုးထည့်ချင်သော နိုင်ငံများ၏ အမည်များ အစားထိုးနိုင်
၄၂ ၊ ဘယ်သူတွေဟာ ပုရွက်ဆိတ် ကို လုပ်ကြံတာလဲ
၂ – ကိုယ်အစားထိုးထည့်ချင်သော အရာများ အစားထိုးနိုင်
၄၃ ၊ ၄၁ = ၄၂
၄၄ ၊ မျှော်နေတယ်၊ ကျွန်တော်တို့က မျှော်နေတယ်၊ ရာစုတွေနဲ့ ချီပြီး မျှော်နေတယ်
ခင်ဗျားတို့က အဲဒီမျှော်နေခြင်းတွေကို ဆုပ်ကိုင်ထားကြတယ် ပြီး
ခင်ဗျားတို့က ကျွန်တော်တို့နဲ့အတူ မျှော်နေတယ်၊
၄၅ ၊ အဖြစ် = အဖြစ် ၊
ပုံးတစ်လုံး ယူလာပြီး အဲဒီထဲ ပစ်ထည့်ထားလိုက်တယ်
အဖြစ် = အဖြစ် ဟာ
ပုံးထဲမှာ ကွေးကောက်လို့ ကျွမ်းတိကျွမ်းပြန်ဖြစ်လို့၊ စာလုံးပေါင်းတွေ မှားလို့
၄၆ ၊ ပဲ့တင်သံတွေဟာ နောက် အတော်ကျမှ ရောက်လာတယ်
၄၇ ၊ လူတွေဆိုတာ ညီနေအောင် စီထားဖို့မှ မဟုတ်ဘဲ
၄၈ ၊ ပြောတယ်၊ ဂျွန်လင်နွန်ကို ပစ်ခဲ့တာ ကျွန်တော်ပါလို့ သူပြောတယ်
ပြီး စိတ်မကောင်းပါဘူးလို့ ပြောပြန်တယ်၊
၄၉ ၊ ခြေလှမ်းတွေ အခန်းရဲ့ အတွင်းထဲမှာ လျှောက်နေတယ် တစ်ဖက်ပြီးတစ်ဖက် လျှောက်နေတယ် တစ်ဖက်ပြီးတစ်ဖက်
လျှောက်နေတယ် ခြေလှမ်းတွေ ခြေလှမ်းတွေဟာ လျှောက်နေတယ် လျှောက်နေတယ် လျှောက်နေတယ် လျှောက်ရင်း ကိုယ်ကို ယိမ်းပြီး လှုပ်လိုက်မိလား မသိဘူး၊ လျှောက်တော့ လျှောက်နေတယ် စက္ကန့်အချို့လောက်တော့ ခဏရပ်လိုက်နေမိတယ် ပြီး ဆက်လျှောက်နေမိတယ် လျှောက်နေတယ် လျှောက်နေတယ် လျှောက်နေတယ်
လျှောက်နေတယ် လျှောက်နေတယ် လျှောက်နေ
၅၀ ၊ ကွင်းစ ကွင်းပိတ်ထဲမှာ၊ ၅၀ အမြှောက် ၂ = အကြောင်းရေ ၁၀၀

၎-၉-၂၀၀၅

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s