လမ်းအိုလေး

Løøps of Resistance …

ဘယ်သူပြောပြော ကိုယ်ပြောတယ် (စိုင်းဝင်းမြင့်)

ရှေ့ရေး နောက်ရေး အလယ်ရေး ဘေးရေး ၂ (စိုင်းဝင်းမြင့်)

Leave a comment

အခုရေးနေတာ ထူးတာပေါ့
ဖြောင့်ချက်ရေးမိလို့ ကြိုးပေးခံရတာ ပြန်ကြည့်ပါလား
အရေးအကြောင်း အရေးထဲ အသားပါ အရေးအသားမှာ
အရိုးရေကျသွားမယ်
ကဗျာဆရာနဲ့ နှစ်ပေါင်းများစွာ
တစ်ကြောင်းသယ်လာတိုင်း ကျွန်တော့်မှာ အံ့သြထိတ်လန့်ရစမြဲ
ကြိုက်လို့သာ သယ်သယ်လာရတာ
ဆူးတွေမှာ ဒူးရင်းသီးတွေနဲ့ နှင်းဆီတွေနဲ့
မှတ်သားဖွယ်ရာ မိုးရေချိန်ပဲ/ထဲ
ကောက်ရိုးမလောက် မြက်မလောက်
မေးခွန်းသတ်လို့ သေတယ်ဆိုတဲ့ တို့ထဲကတစ်ယောက်
ဒီနှစ်ချောင်တယ်လို့ ဆိုသူကဆို
သူငိုသေးလား သူ ခုန်ချသေးသလား
ဆွဲမယ့်လူရှိနေလို့ပါ။ တကယ် … (တကယ်)
တစ်နေ့လုံးနေလှန်းခံရပြီး တစ်ညလုံး ရေခဲရိုက်ခံရ
ငရုတ်သီးကိုက်မိတာလဲ ပျော်စရာတစ်ခုပါပဲလို့ ဆိုသူကဆို (ဆို)
ဘာမှမရတာ ကောင်းတယ်ဆိုတဲ့ အမြင်/မြင့်
မိုးယိုပေါက်ကို နေရာရွှေ့ထိုင် သွယ်တန်းထားတဲ့ ပျင်းရိပုံသဏ္ဌာန်
ပျံသန်းသွားပါပြီလေ အဲဒီငှက်
မိုးလေးလ အစမ်းနေထိုင်ခြင်း။

၂၅-၅-၀၈
(ဘယ်သူပြောပြော ကိုယ်ပြောတယ် – စိုင်းဝင်းမြင့်။ ကျော်မွှေး – ဇူလိုင်၊ ၂၀၁၂။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s