လမ်းအိုလေး

beyond chaOs

ဘယ်သူပြောပြော ကိုယ်ပြောတယ် (စိုင်းဝင်းမြင့်)

သုံးယောက်ပေါင်း မြောင်းကျော် (စိုင်းဝင်းမြင့်)

Leave a comment

အခုဘယ်ကလာတယ်ဆိုတာပဲ ဟိုးစောစောကတည်းက အဝေးကြီးက
အပေါက်ဖာဖို့တစ်ယောက် အပေါက်အပေါက်ဖောက်ဖို့တစ်ယောက်ယောက်
ပေါက်ပေါက်ဖောက် ရောက်ရုံသက်သက် ယုန်ရုပ်ရေးသူတစ်ယောက်
လူအပြောင်းအလဲဆိုတာ ခေါင်းမလဲခေါင်းတွဲ
ရှေးဟောင်းကျောက်မီးသွေးစက်ခေါင်းပဲ
ညက ငါ ဘယ်မှာ အိပ်တာ ဘယ်သူရှိရမှာလဲ ငါပေါ့ကွာ မောင်ရိုးသား
အေး ရိုးသားပေါ့ကွာ အေးရိုးသားလေး
မင်းရဲ့ လူဟောင်းတွေ မနက်တိုင်း မနက်တိုင်း လာ လာ စောင့်နေတာ
အခု ရပ်ကွက်ထဲမှာပဲ အလုပ်ရနေပြီ မင်းတို့ကတော့ ခေါင်းနဲ့နံရံနဲ့စောင့်သလို
နေ့တိုင်း နေ့တိုင်း လာ လာ စောင့်ပေါ့ကွာ တစ်ဖက်အသင်းကိုဖျက်နေတာ
ကိုလူအေးကြီးတစ်ယောက် ကိုဝင်းယောင်ကြီး တစ်ယောက် အခု
အယောင်ယောင်
အမှားမှား အခုမနက်ပဲ ပြောင်းထားတာ ကျွန်တော့်နာမည် မစ္စတာပလတ်စတစ်
ဆိပ်ကမ်းမြို့ဆိုတော့ သင်္ဘောတစ်စီးစီးပေါ်ကပဲ
ကျကျန်ခဲ့သလို လမ်းပေါ်ဝေ့ဝဲရောက်လာ
လက်ဖက်ရည်ဆိုင် လိုက်လာ/ရှာ ရင်တွေ့ရမှာပဲ
ဘယ်သူတွေလဲ မမေးနဲ့လေ ဆရာ အခုထွက်ခဲ့မှာလား (အခု)
ဆရာ့ ဆရာတွေပဲ မွှေနှောက်ချောက်ချားရမှာလား
ကျွန်တော်ရယ် ကျွန်တော့် ကျွန်တော်တွေရယ် အရင်အတိုင်းပဲ ဟို
သွားရင် ဟိုးရောက် အဝေးက တစ်ယောက်ယောက်ကိုလည်း လက်ရွယ်
လွယ်တော့မလွယ်ဘူးဝယ်တော့ဝယ် ဟေး အခုဘယ်ရောက်နေပြီလဲ
အရူးထိအောင်ရိုး အေး မောင်လူအေးလည်းရှိတယ် သူနဲ့ပြောလိုက်ဦး
ဟေး ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် စစ်အေး ဘာကိုဆက်တိုက်နေလဲ
နောက်တော့ အဝေးကသားလေး မောင်သုည
နောက်တော့ သမီးလေးမှာလိုက်တဲ့ မိုးကာ
မိုးကုန်တော့မှ အဖေအိမ်ပြန်ရောက်မှာလား
ပေါင်မုန့်လိုလို လက်ဖက်ရည်လိုလို နေ့လယ်စာပြီးသွားတဲ့ နေ့တစ်နေ့
အခုဘယ်လဲဆိုတော့
အခုမှ စရမှာလေကွာ အခုမှ အခုမှ အေး အခုမှ။ ။

၂၇-၇-၀၉
(ဘယ်သူပြောပြော ကိုယ်ပြောတယ် – စိုင်းဝင်းမြင့်။ ကျော်မွှေး – ဇူလိုင်၊ ၂၀၁၂။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s