လမ်းအိုလေး

Løøps of Resistance …

ပန်းရောင်နှင်းဆီပွင့် (သို့မဟုတ်) မာရီယာ - ငယ်ငယ် (ကျောက်ဆည်)

ပဋိဇီဝ – ငယ်ငယ် (ကျောက်ဆည်)

Leave a comment

ရှိုက်သံတွေ စိုရွှဲနေတဲ့ ရှုခင်းတစ်ခုလုံး
နောက်ခံတောင်တန်းတွေက ငြိမ်းငြိမ်းချမ်းချမ်း
အလင်းဖြောင့်တန်းစွာ သွားရိုးမှန်ရင်
တိမ်ကွဲအလင်းတစ်စ ဒါဟာ အမှန်တရားလား
လူတိုင်းလူတိုင်း ခြောက်ပြစ်ကင်းမဟုတ်ကြောင်း
ကိုယ့်အမှားနဲ့ ကိုယ်သက်သေပြစရာ လိုသလား
အလင်းတွေ အချိန်မှန် ဆော့ကစားသမျှ
၂၀၀၉ ဒိုင်ယာရီ ဆိုင်ပေါ်ရောက်နေပြီ
ငါ့စိတ်တွေ အဆင်သင့်မဖြစ်သေး
တစ်နေ့တစ်ခါ ဝတ်စုံပြောင်းတဲ့ ရက်စွဲတွေနဲ့
မနက်ခင်းတွေက ဝါယာတစ်ပင်တည်းက ကြိုးတွေလို
အနေနီးသလောက် စည်းခြားခဲ့
ဘဝကို သွေးသားသန့်စင်ဖို့ ကိုယ်တိုင်ကိုယ်ကျ ပုံမှန်လေ့ကျင့်ခန်း မလုပ်နိုင်တဲ့အခါ
အနုပညာဆိုတာ စိတ်ကူးသက်သက်နဲ့ မျှားလို့ရပါသလား
တစ်ဆောင်းတွင်းလုံး အနားရထားတဲ့ ပန်ကာတွေလို
တစ်နွေလုံး ခြေကုန်သုတ်ရမှာ ဝန်လေးမနေနဲ့
စကားလုံးတိုင်း ဓားသွားတွေနဲ့ အမေရယ်
နားတွေကသာ ခံစားတတ်ရင် ဘဝက မနေရက်စရာကြီး
အချစ်နဲ့ ပတ်သက်၍ဖြစ်စေ
အမုန်းနဲ့ ပတ်သက်၍ဖြစ်စေ
ကျွန်ုပ်ဘာမှမပြောလို
ကဗျာတစ်ပုဒ်လောက်မှ မဖတ်ရရင်
ညအိပ်လို့ မပျော်ဘူး။

(ပန်းရောင်နှင်းဆီပွင့် (သို့မဟုတ်) မာရီယာ – ငယ်ငယ် (ကျောက်ဆည်)။ ၂၀၁၂ – ပန်းသာနုစာပေ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s