လမ်းအိုလေး

beyond chaOs

ပန်းရောင်နှင်းဆီပွင့် (သို့မဟုတ်) မာရီယာ - ငယ်ငယ် (ကျောက်ဆည်)

စိတ်ကူးတွေ မျက်နှာဖုံးလုပ်ထားတဲ့ ကောင်မလေး – ငယ်ငယ် (ကျောက်ဆည်)

Leave a comment

အသွားထိကြည့်မှ ချွန်မြမှန်း သိလိုက်ရတာမျိုး
အပျင်းနေလိုက်၊ ထင်းခွေလိုက်နဲ့ အလေအလွင့်များတဲ့ ဇာတ်လမ်းတွဲအတိုအရှည်များ
အထအနကောက်တဲ့ အတွေးနဲ့ ထေ့လုံး သောလုံးတွေသာ မညှိုးပန်းဖြစ်လို့
မျက်နှာဖုံးဆိုတာ စိတ်ကူးမရွေး တပ်လို့ရတယ်
ဟာသ၊ ကစားစရာ၊ ပျော်ပွဲရွှင်ပွဲ၊ အလှအပ၊ ရုပ်ဖျက်၊ ခြောက်လှန့်၊ ဓားပြ
အသားစားချင်သူလား၊ အရွတ်ကိုက်ချင်သူလား
ဘဝမှာ ဘာမှ မနိုင်ခဲ့ရင်တောင် အနည်းဆုံး ဂိမ်းတော့ ကစားတတ်ရမယ်
တစ်လမ်းမောင်းဝါဒဟာ နေသာထိုင်သာရှိရုံ မရည်ရွယ်ဘူး
လွယ်အိတ်စလွယ်သိုင်း ကဆုန်စိုင်းလာတဲ့ ကလေး
ရင်ခွင်ပိုက်တေးတချို့နဲ့ အရိပ်တွေဆီ အာသီသပြင်းပြင်း
မှုန်တေတင်းမာမှုဟာ မျက်ရည်စီးကြောင်း ပြောင်းလဲမှုအတုတွေ ဖြစ်တယ်
စည်းဝိုင်းထဲမှာ သက်လုံကောင်းဖို့ ခြံစည်းရိုးမဖျက်ချင်ဘူး
အပေါ်ယံဖြတ်ပြေးလာတဲ့ မုန်တိုင်းထက် လှိုက်စားတတ်တဲ့ လေပြည်က အထိနာစေခဲ့
ကန့်လန့်ကာအကွယ်က မျက်ဝန်း ရင်ဘတ်ကို ဘာနဲ့ ကွယ်ဝှက်နိုင်တာ မှတ်လို့
စိမ်းပြာရောင် ခြေသည်းများအောက်
ကိုယ်ယောင်ဖျောက်လာတဲ့ ကလေးကစားပွဲမျိုး
စိတ်ဝင်တစား စောင့်ကြည့်ခဲ့ရ
အချောမသတ်ရသေးတဲ့ စိတ်ကူးတွေ၊ မပြီးပြတ်သေးတဲ့ အိပ်မက်တချို့ရယ်
ကြိုးတွေ မစုံသေးတဲ့ အပျော်တမ်းဘဝတူရိယာတချို့
ဥယျာဉ်ဆိုပေမယ့် ပွင့်ဖတ်တွေလည်း ကြွေခဲ့တာပါပဲ
ဇောက်ထိုးပဲဆင်းဆင်း မတ်တပ်ပဲ တက်တက်
အခြေအနေမပျက်တဲ့ မြေပုရွက်တစ်ကောင်လို
ငါ့စိတ်တွေက လှည်းကျင်းလိုက် ပြန်ပွလိုက်နဲ့
ချောင်ထဲမှာ ကုပ်နေတဲ့ မျက်နှာထားက အသေ။

(ပန်းရောင်နှင်းဆီပွင့် (သို့မဟုတ်) မာရီယာ – ငယ်ငယ် (ကျောက်ဆည်)။ ၂၀၁၂ – ပန်းသာနုစာပေ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s