လမ်းအိုလေး

Løøps of Resistance …

abstract-expressionism_chicquero

ဟော့ဒီသေနတ်ထဲ ခင်ဗျားကိုထည့်ပြီးရင် ကျုပ်တာဝန်ကျေပြီ ကိုဘသိန်း (ညီဇံလှ)

Leave a comment

နောက်ထပ်ဇာတ်ပို့ဇာတ်ရံ နည်းနည်းလောက် နယ်ဖတ်ပြီးရင် ခင်ဗျား ပြေးစရာ
မြစ်တစ်ခုအနေနဲ့ ဟောဒီမှာ မျဉ်းနှစ်ကြောင်းဆွဲထားတာ မြင်လား
နောက်ခံပန်းချီမှာ သစ်ပင်တော့ နည်းနည်းလိုမယ် ကားဟွန်းသံအဖြစ် ခင်ဗျားတစ်ယောက်တည်း
ရန်သူများမယ်ထင်နေတော့လဲ အဲ့ဒီမြစ်ထဲနှစ်ခါ ချိုးချင်ချိုးပေါ့ ထည့်စရာတော်တော်များများ
ဂုန်နီအိတ်လေးဆိုရင်ရော ဂုန်နီအိတ်ဘသိန်းပေါ့
ဆိုက်ကားလေးနဲ့ဆိုရင် ဆိုက်ကားဆရာဘသိန်းပေါ့
လေယာဉ်လေးနဲ့ဆိုရင် ပိုင်းလော့ဘသိန်းပေါ့
နေရောင်ခြည်ကြွပ်ကြွပ်ကြော်တွေရမယ်ဆို ကြွပ်ကြွပ်ကြော်ဘသိန်းပေါ့ တကယ်တော့ နာရီနောက်မှာ
ပုန်းနေတဲ့ ၁၂နာရီဘသိန်းကို ကျုပ်သေနတ်ထဲ ထည့်ထားပြီ
ကျန်းမာရေးတွေ ခွေးစားချကျွေးနေသလား တော်တော်ပိန်းတဲ့ ဘသိန်း
ဘက်ဒိုးအင်းတစ်ကောင်လို လျှောက်သွားနေတော့ နေစာရောင်နေရောပေါ့ ဒူဘိုင်းမောလ်ရှေ့ က တက္ကဆီ
ခင်ဗျားတားလိုက်တာ ကောင်းကင်တစ်ခုလုံး သဲတွေ မင်းရောအခု ဘယ်လိုလဲ
ငါ့ကျောပိုးအိတ်ထဲ လိုက်ခဲ့မလား ရာသီဥတုက မစားသာဘူး ဟိုမှာ ရေတွေကြီးနေတယ်ဆို
လာလေ ငါ့ကျောပိုးအိတ်ထဲ မြစ်ကမ်းပါးတွေကို ခိုင်ခံ့အောင် မွမ်းမံတဲ့အနေနဲ့ ဘသိန်းဟာ
အပေါ်အထပ်က နံရံကို တစ်ယောက်ယောက် ထုနေသလို တစ်နေ့လုံး ခေါင်းကို အုံခဲနေ
တာပဲ မျဉ်းနှစ်ကြောင်းကို ခဲတံနဲ့ ခပ်ထူထူရေးခြစ်လိုက်တယ် စီးကရက်ပြာတွေ ချွေလိုက်တယ်
မြစ်ဘေးနားက ခိုတွေ ပျံသွားအောင် ကားတစ်စီး မောင်းသွားတယ် နောက်ခံကားအနေနဲ့ 
အမွှေးအမျှင်ထူထဲလွန်းတဲ့ အတွေးအခေါ်နဲ့  သဘောင်္သီးတစ်လုံးကို ခြစ်ကာ သုပ်ဖို့ ကြိုးစားနေတာ
အာလာဒင်ရှေ့ မှာတွေ့ တုန်းက အကျီအတိုင်း ဗိုလ်အောင်ကျော်လမ်းလေး
လည်းလိုချင်သေးတဲ့ဘသိန်းကို မောင်းတင်လိုက်တယ် ၂၆ ၀၈ ၁၂ ကို မြင်အောင် ဘယ်လက်
အကျီလက်မောင်းဆွဲတင်လိုက်တော့ ထွက်လာတဲ့ တက်တူး ဘသိန်းဟာ ကျီးကြည့်တောင်ကြည့်နဲ့
စံပယ်ပန်းလေးတွေပွင့်လာတဲ့လမ်းက ၁၂ရာသီ သီးနေတဲ့ လူ့ပဒိုင်းသီးတွေ လက်ညိုးထိုးတယ်
အပေါက်ကကိုးပေါက် ကျည်ဆန်က ခြောက်တောင့်
ဇာတ်လမ်းအစမှာ သေနတ်ကိုပြထားပြီး ခင်ဗျား ဘာရပ်လုပ်နေတာလဲ ဆိုတဲ့
ဘသိန်းဟာ မက်ထရိုတစ်စင်းပေါ် တက်သွားတယ်

၂၆၀၈၁၂
၁၃၅၅
Source: Facebook
Image Source: Chicquero.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s