လမ်းအိုလေး

Løøps of Resistance …

ကြည်လင်သော ရေတံခွန် (ကိုရွေး)

ဒီနေ့ ရတဲ့တရား (ကိုရွေး)

Leave a comment

သုဂတော
ကောင်းသောစကားကိုသာ ဆိုချင်ပါဘိ။

နံနက်ခင်းကို ခိုတွေနဲ့အတူ
အစာကျွေးပြီး ကြိုလိုက်တယ်
ကြဲပက်လိုက်တဲ့ စိတ်ကူးက အလင်းပွင့်
နံနက်ခင်းဟာ တဖျပ်ဖျပ်ထပျံ
ငါနဲ့တူတဲ့ နေ့လည်ခင်းတစ်ခု
ကြောင်တောင်ကျန်ရစ်ခဲ့။

ကျီးတွေက အာတယ်
သူများကို ဒုက္ခပေးဖို့ဆိုတာက
ကိုယ့်မှာ ဒုက္ခတွေ
လုံလုံလောက်လောက်ရှိမှတဲ့
အိတ်ကပ်ကို ယောင်ယမ်းစမ်းမိပေါ့။

သူငယ်ချင်းရေ
မင်းကိုလည်း ငါမကယ်နိုင်ဘူး
ငါ့ကိုယ်ငါလည်း မကယ်နိုင်ဘူး
ကမ္ဘာမြေပြိုတဲ့ ရုပ်ရှင်
မင်းလည်းဇာတ်လိုက်
ငါလည်းဇာတ်လိုက်

* မသေခင်ဘာလုပ်ကြမလဲ
စိတ်နဲ့မေးပြီး စိတ်နဲ့ဖြေမိ
အကြွေးတွေ ကျေခဲ့ချင်မိ။
ဒီနေ့
ရတဲ့တရားမှာ
ဖြစ်ချင်တိုင်းဖြစ်ခဲ့သမျှ
ပျက်ချင်တိုင်းပျက်နေကြချေပေါ့
လေညင်းလေးကို အားကျမိတယ်
ကိုယ့်ကိုထိုးတဲ့ လက်သီးကိုတောင်
အေးမြစေချင်သူပါ။

(* မသေခင်ဘာလုပ်ကြမလဲ – အရှင်ဆန္ဒာဓိက၏ တရားစာအုပ်)

(ကြည်လင်သောရေတံခွန် – ကိုရွေး။ မတ် – ၂၀၁၁။ Unity)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s