လမ်းအိုလေး

Løøps of Resistance …

ကြည်လင်သော ရေတံခွန် (ကိုရွေး)

တယ်လီဖုန်း (ငါတို့သူငယ်ချင်းတွေ-၂) (ကိုရွေး)

1 Comment

ဟဲလို … AM 095186951 ကလား
ကြားလား
ဟုတ်လား
အောင်မင်းလား
ဟာ … ဝမ်းသာတယ်ကွာ
ငါ မင်းကိုရှာနေတာ
နယူးယော့ခ်ကို ရောက်ခဲ့တယ်
လန်ဒန်ကို ရောက်ခဲ့တယ်
အာဖရိက၊ ဥရောပ အနှံ့ပဲ
ပြင်သစ်နဲ့ ဂျာမနီမှာ အတော်ကြာတယ်
ဘော့စ်နီးယားမြို့ကလေး
အလှပျက်သွားတာ ငါ ငေးခဲ့သေးတယ်
စစ်အေးတိုက်ပွဲက ကြောက်စရာကြီးပဲ
အေး ငါလည်း မင်းသိပြီးသားတွေချည်း
ပြောနေမိတာပဲ
မင်း ဘာမှမပြောနဲ့ဦး
ဒီတစ်ဘဝစာတော့ မင်း နားထောင်ပေးပါ
အေးကွာ ပြောရင်းပြောရင်းနဲ့
လွန်ခဲ့တဲ့ ဘဝတွေကို သတိရမိပါရဲ့
အဲဒီတစ်ညခင်းကို မင်းမှတ်မိသေးလား
မင်းရယ် ငါရယ် အေးကျော်ရယ်လေ
ငါတို့ သာဝတ္ထိပြည်သားတွေလေ
မီးကုန်ယမ်းကုန်ကျဲခဲ့ကြတာလေ
ဗုဒ္ဓရှိရာ ဇေတဝန်ကျောင်းတော်ကို
ခြေဦးမလှည့်ခဲ့ကြတာလေ
သံသရာ ရထားကို မီးထိုးခဲ့ကြတာလေ
ငါကွာ ငရဲမှာ အကြာကြီးပဲ
ပြောရင်းတောင် ညှော်နံ့ရတယ်
သိုး၊ ဆိတ်၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ငါး
ငါ မဖြစ်ခဲ့ဖူးတာ ဘာမှမရှိခဲ့ဘူး
ခုတောင် ဒီဖုန်းနံပါတ်ကို
မဉ္ဇရီနတ်သားဖြစ်နေတဲ့
အေးကျော်ပေးလို့ ဆက်လိုက်တာ
ဒီကောင်ကြီးကွာ အေးချမ်းနေလိုက်တာ
ကိုယ်ရောင်ကိုယ်ဝါတွေလဲ တောက်ပလို့
နတ်ပြည်ရဲ့ ဆဌမအထပ်မှာလို့ပြောတယ်
သူ့အသံက အေးချမ်းလို့
ငါ့အတွက် စိတ်မကောင်းပါဘူးလို့တော့
ပြောတာပဲ
မင်းနဲ့စကားပြောခွင့်ရတာ
ဝမ်းသာလိုက်တာကွာ
မင်း အခု ဘာတွေလုပ်နေလဲ
သူပြောတော့
မင်းက ကဗျာဆရာဆိုလား
ဆရာဝန်ဆိုလား
အေးကွာ ကောင်းပါတယ်
ကောင်းမယ်လို့ထင်တာပဲ
ကောင်းတယ်မဟုတ်လား
ကောင်းပါစေကွာ
ဘဝကို မိတ္တူစက်ထဲထည့်ပြီး
ချဲ့လို့ချုံ့လို့ရရင်ကောင်းမယ်
ဒါမှမဟုတ် VCD စက်ထဲထည့်ပြီး
ရစ်လို့ကျော်လို့ရရင်ကောင်းမယ်
ငါတို့ ကန်းခဲ့ကြတယ်
ငါတို့ ကျောချင်းကပ်ပြီး ဝေးကြတယ်
ငါတို့ ရင်ချင်းအပ်ပြီး မမြင်ကြဘူး
ငါတော့ သံသရာကို ရိုလာကိုစတာလို
စီးနေဆဲပဲ သူငယ်ချင်း
ထားလိုက်ပါတော့မယ်ကွာ
မင်းအားရင် သတိရရင် ဖုန်းပြန်ဆက်ပါဦး
လာတော့မလည်ပါနဲ့
ငါ့ဖုန်းနံပါတ် မဉ္ဇရီဆီမှာရှိတယ်
အခု
ငါ ခွေးဘဝကဆက်နေတာသူငယ်ချင်း။

(ကြည်လင်သောရေတံခွန် – ကိုရွေး။ မတ် – ၂၀၁၁။ Unity)

One thought on “တယ်လီဖုန်း (ငါတို့သူငယ်ချင်းတွေ-၂) (ကိုရွေး)

  1. makes ya hand sweat hell of a poem!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s