လမ်းအိုလေး

Løøps of Resistance …

ရိုက်ခဲ့တဲ့ သံတစ်ချောင်းကို ဆွဲနှုတ်နေရတယ် တစ်ယောက်တည်း (သည်မော်နိုင်)

ပြီးသွားပြီ။ အိမ်မှာ ဘယ်သူမှ မရှိတာနဲ့ (သည်မော်နိုင်)

1 Comment

… … ဖန်ပုလင်းထဲက ယင်ကောင်တွေလိုပါပဲ
အခုတော့
နှစ်တစ်ထောင် ကြာအောင် စောင့်ခဲ့ရတဲ့ အိပ်မက်ဟာ သေသွားပြီ၊
၁၉၃၄ – ၁၉၄၅
သက်တမ်းတော့ ဆက်လက် တိုးထားပါတယ် … …တဲ့
ကိုယ်ပေါ်က အမည်းရောင်တစ်ခုကို ချွတ်ချတယ်
စစ်မှာ ဆွေမျိုး မရှိဘူး၊
လက်ချောင်းတွေက နှစ်ဆုပ်နဲ့ တစ်အုပ် အသာအယာ ညှစ်နေမိတယ်၊
လက်ခလယ်က ဒီအတိုင်း မြက်တောတွေကို ဖယ်ရှားပြီး
တွန်းဝင်သွား၊
ခုံပေါ်တွင်ရှိနေသော အရောင်ပါသော အမည်များနှင့်
လွတ်နေသော ခုံလွတ်များအား ရိုက်ပြမည်၊
(အကြပ် တစ်ကဒ်)
ညာက ဝင်လာရင် ညာကပြန်ထွက်သွားမယ်၊
အငွေ့ထွက်တဲ့ အပေါ်ဝတ် တစ်ထည်ပါ၊ ပြီး အဲဒီ အငွေ့တွေထဲမှာပဲ
ပျောက်သွားနေတယ်၊ သင့်ကိုယ်ကိုယ် သင် သိပါသလား ကိုယ်ဟာ ဘယ်နေရာ
ရောက်နေတယ်ဆိုတာ
လျှာက ပထမ နှုတ်ခမ်းသားတင် ရပ်နေတာ မဟုတ်ဘူး
အဲဒီ မည်းမှောင်နေတဲ့ အတွင်းလိုဏ်ထဲ တိုးဝင်သွားတာ
ဂျီအမှတ် ဂျီအမှတ်ထိ၊
ဘောလုံးတစ်လုံးရဲ့ အတွင်းသားကို လေလျှော့လိုက်သလို
အညှီအဟောက် ကင်းခဲ့၊
ဖျာတစ်ချပ်၊ ဒါမှမဟုတ် ပက်လက်ကလေး ဖြစ်နေတဲ့၊
တုံးလုံးကြီး လှဲချလိုက်တဲ့ အသားဆိုင်တွေ၊
ပြီး နောက်ထပ် အသားဆိုင်တွေ၊ ဖိကပ်တိုးညင်းသွား၊
ပါးစပ်ဟောင်းလောင်းနဲ့၊ မျက်လုံးများ မှေးစင်းလာ
လက်ဖဝါးတွေ တဖြည်းဖြည်း ဆုပ်ကိုင်၊
ပိတ်ကားစတွေပေါ် အစုအရုံးလိုက် ရောက်လာတဲ့ သက်ပြင်းနဲ့
နှုတ်ခမ်းသား၊ နူးညံ့ခြင်း ၃ အောင်စ၊
စိုစွတ်သွားတဲ့ အချိန်တို တစ်ခုနဲ့၊
ရင်မောရတဲ့ အကြည့်
ဖက်လှဲတကင်း။

၁၅- ၂ -၂ဝဝ၆၊

 

One thought on “ပြီးသွားပြီ။ အိမ်မှာ ဘယ်သူမှ မရှိတာနဲ့ (သည်မော်နိုင်)

  1. worw poem plete cometh they do exist

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s