လမ်းအိုလေး

Løøps of Resistance …

ရိုက်ခဲ့တဲ့ သံတစ်ချောင်းကို ဆွဲနှုတ်နေရတယ် တစ်ယောက်တည်း (သည်မော်နိုင်)

ရိုက်ခဲ့တဲ့ သံတစ်ချောင်းကို ဆွဲနှုတ်နေရတယ် တစ်ယောက်တည်း … … … ရှိရင်ပေးပါ အဟ အဟ အဟ ဟာ (သည်မော်နိုင်)

Leave a comment

ရိုက်ခဲ့တဲ့ သံတစ်ချောင်းကို ဆွဲနှုတ်နေရတယ်
တစ်ယောက်တည်း … … … …
ရှိ ရင် ပေး ပါ အဟ အဟ အဟ ဟာ

IDEA၊ မေလ၊ ၂၀၀၆။

၂၀၀၅က ပြောတယ်
စိတ်တော့ ကြိုက်သလောက် ဆင်းရဲခံနိုင်၏
ကိုယ်ခန္ဓာ အဆင်းရဲတော့ မခံနိုင်၊
စကားလုံးလေး လေးငါးလုံးကြောင့်၊ သည်မော်နိုင် ထိုင်နေတဲ့ ထိုင်ခုံကနေ
ဖယ်ပေးရမှာ ကြောက်နေ အ ဟ အ ဟ အ ဟ အ ဟ ဟာ ဟား
အဖြစ်အပျက်လေးတစ်ခု သို့မဟုတ် တစ်ပိုင်းကြောင့်
သည်မော်နိုင် အတည်လေး ရွေ့သွားမှာ စိုးနေ၏
အ ဟ အ ဟ အ ဟ ဟ ဟာ ဟား
၁၂ ပေါင်း များစွာအတွက်၊ အတွက်
မြို့ကြီးပေါ်မှာ လေယာဉ်ပျံများနှင့်အတူ စစ်သည် ရောက်လာ၏
အ ဟ အ ဟ အ ဟ ဟ ဟာ ဟား
၁၉၆၀ များ အစောပိုင်းက ရိုက်ခဲ့တဲ့ သံတစ်ချောင်းကို ဆွဲနှုတ်နေရတယ်
တစ်ယောက်တည်း … … … … …
အ ဟ အ ဟ အ ဟ
လက်များရှိရင် ပေးပါ
ဒါဟာ ထုတ်လုပ်လိုက်တဲ့ ထုပ်လုပ်မှုတစ်ခုထဲက တူညီနေတဲ့ တူညီနေရမှုလား
ကျွန်တော့်မှာ အခွေဖွင့်တဲ့စက် မရှိတော့တာ ကြာပြီ၊ အ ဟ အ ဟ အ ဟ
အခန်းတစ်ခုရဲ့ ထောင့်မှာ ဝတ်ထားတဲ့ ကုတ်အင်္ကျီက
အဲဒီ အဆုတ်တွေထဲ ဒီအတိုင်းထိုင်နေတာ အတော်ကြာနေပြီ၊
ခန့်မှန်းခြေ အကြောင်းပြချက် ၈၀၀ ကျော်လောက် ရှိမယ် အ ဟ အ ဟ အ ဟ ဟာ ဟား
၁၉ မိနစ်လောက် တစ်ဖက်ကို လျှောက်သွားကြည့်ပြီးပြီ
တစ်စွန်းတစ်စ ပါဝင်ပတ်သက်နေလား
သိပ်ကို အန္တရာယ်ရှိနေတဲ့ ကွက်လပ်တစ်ခုထဲ ရာခိုင်နှုန်း အတော်ကြာကြာ ရောက်နေတယ်
အဆိုကလည်း၊ ရုတ်ခြည်းရလာတဲ့ သတင်းတစ်ခုအရ ပြောရတာပါ အ ဟ အ ဟ အ ဟ ဟာ ဟား
ဘာဖြစ်လို့ လုပ်တယ်/ သေတယ်/ စုတ်ဖြဲတယ်/ နှိုက်တယ် ဆိုတော့ … … …
အမြဲပဲ ကြည့်နေရတာ၊ ဟိုး ၁၁ နှစ် ၁၂ နှစ်ကတည်းက
… … … ရဲ့သမိုင်း အခုလက်ရှိ ဖတ်နေတဲ့ စာကြောင်းအထိ
အ ဟ အ ဟ အ ဟ ဟာ ဟား

၁၃၊ ၇၊ ၂၀၀၅

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s