လမ်းအိုလေး

Løøps of Resistance …

ကဗျာဆန်နေခြင်း (ဇေယျာလင်း)

ငါနဲ့ငါသာနိုင်စရာ/ အပြင်မှာ အရမ်းသည်းနေတယ် (ဇေယျာလင်း)

Leave a comment

ရှင့်ဟာကြီးက အလကားနေရင်း ကြီးနေပါလားတဲ့ ငါ့မာန ငါ့မာနကို ပြောတာ
အသိအရွယ်ကို အားတိုးဆေး ကျွေးကြည့်တယ် နောက်ဆက်တွဲ ဂယက်ကတော့
နေရင်းထိုင်ရင်း တစိမ့်စိမ့်ထွက်နေတဲ့ စိတ်ဓါတ်ကျမှုတွေ
ဘာကိုလည်းမသိဘူး အော်တော့ အော်ရယ်ပစ်လိုက်တယ် ထင်တာပဲ
မျက်မမြင် တိုက်ခေါင်မိုးပေါ်က လင်းတသုံးလေးကောင် ထပျံသွားတယ်
‘ရိုးရိုးရှင်းရှင်း’ ပြောနေရင်းက ဖွတ်ဖွတ် ဖွတ်ဖွတ်နဲ့ ဓာတ်ဆီကုန်သွားတယ်
‘ဟား’ဆိုပြီး အမှောင်ထုကြီးဟာ သူ့ကို ခုန်အုပ်ပစ်လိုက်တယ်
ကိုယ်ခန္ဓာကြီးတစ်ခုဟာ ဘယ် ငါနဲ့ ပျာပျာသလဲ ကောက်ဖာထေးရသလဲ
ငါချည့်သက်သက်နဲ့ ငါဟာ လုံလုံလောက်လောက်ငါ မဖြစ်ရတော့ဘူးလား
မဖြစ်နိုင်တော့ဘူးလား စားပွဲပေါ်က ရင့်မှည့် သီးမွှေးတစ်လုံးလို
အခုတော့၊ သပွတ်အူက တစ်ယောက် ဟောင်းလောင်းပေါက်က တစ်ယောက်
ဘ၀ရဲ့ ပျော်ရွှင်မှုဂိတ်ဝမှာ လက်မှတ်ကုန်သွားတဲ့ တစ်ယောက်
‘ဒီမှာ ၊ ငါ မင်းကို အမိန့်ပေးနေတယ် ၊ သက်သောင့်သက်သာ နေစမ်း’
ဂျိမ်းစ်ရှိုင်လာ (နယူးယောက်ကဗျာဂိုဏ်း)ပေါ့
သူဒီမှာ ရေးပြနေတာဟာ သူပြောပြသလောက်ပဲဖြစ်တယ် သူဟာ . .
‘ဒန်ဒန်ဒန့် ဒန်ဒန်ဒန့် ဒန်ဒန်ဒန်း မိအောင် ဖမ်းစမ်းကွာ’
လိင်ဘ၀မှာလည်း ဈေးမကောင်းပြန်ဘူး။ သင့်အလှစစ်ကို ပြနိုင်မယ့် ဆီးသီးနှစ်
သုံးတဲ့ဆေးကလည်း တစ်ကိုယ်လုံး လေးပြီး မူးနေတယ် ဘာမှလုပ်မရဘူး
မင်းကိုယ်မင်း ထင်နေတာကြီးကို လျှော်ဖွတ်နေလှန်း မီးပူတိုက်လိုက်စမ်း
လူသေ ဦးခွံရိုးကြီးလို မာလို့ လောကကို ဖတ်နေကျအတိုင်းပဲ ဖတ်လို့
သူများအတွင်းရေးတွေ ခင်ဗျား ဖတ်နေတာ မဟုတ်လား ချောင်းကြည့်ပေါက်
သိပ်အားနေရင်လည်း ကိုင်ထားလိုက် အဲဒီကမ္ဘာကြီးရဲ့ လက်တံ
ကဲ၊ အခု ဘာကောင်းသေးတော့လဲ အိမ်ထောင်ရေးသုခ ပြည့်ဝချင်လွန်းလို့
ကမ္ဘာ့မီဒီယာလောက တစ်ခုလုံးလည်း အနံ့ရသွားကြပြီ
ခန္ဓာရဲ့ သဒ္ဒါကို မှန်ကန်စွာ ဘာသာပြန်တတ်သူ များလွန်းနေခြင်း
ဒီထဲ ခင်ဗျားသွားရလာရတာ အဆင်ပြေလား
ခဏခဏရပ်ပြီး စာဖတ်လိုင်စင် ထုတ်ပြ/ ထုတ်ကြည့်ရသလား
ဘယ်လိုဟာကြီးမျိုးထဲမှာ ကိုယ့်ရာသီဥတုလေးကိုပဲ
ကြောင်သေတစ်ကောင်လို ခိုးပွတ်သပ်နေရတာလဲ
သတိထားဦးမှပေါ့ကွာ
စာသားတွေဟာ ကိုယ့်ကိုလည်း မှားဖတ်တတ်ကြတယ်။ ။

၂၉၊ မေ၊ ၂၀၀၉။

(ကဗျာဆန်နေခြင်း – ဇေယျာလင်း။ ဒီဇင်ဘာ၊ ၂၀၁၂ – နှစ်ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s